Wednesday, December 8, 2010

ဆရာမ ဒေါက်တာစိန်စိန်သိန်း သို့ အိတ်ဖွင့်ပေးစာ

၂၀၁၀ ခု၊ ဒီဇင်ဘာလ ၃ ရက်
ဆရာမ ခင်ဗျား -

၂၇ - ၁၀ - ၂၀၁၀ နေ့ထုတ် စောင့်ကြည့်သတင်းဂျာနယ် (News Watch)အတွဲ(၆)၊ အမှတ်(၁၅) စာမျက်နှာ ၃၀ မှာ ဒေါက်တာစိန်စိန်သိန်း အမည်နဲ့ရေးထားတဲ့ ''ပေးဆပ်ခဲ့သူသာ အလေးမြတ်ပြုခံရ'' ဆိုတဲ့ ဆရာမရဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။
ဆရာမ ရေးသားတဲ့ အဲဒီဆောင်းပါးရဲ့ ခေါင်းစဉ်က ထိမိလှပါတယ်။ ဆရာမတင်ပြချင်တဲ့ သဘောတရား အချို့ကိုလည်း နားလည်လိုက်ပါတယ်။ မဟတ္တမဂန္ဓီကြီးဟာ
''ဟိန္ဒူ၊ မွတ်စလင် လူမျိုးရေးအဓိကရုဏ်းတွေကို မလိုလားကြောင်း၊ မတူညီတဲ့ ဘာသာရေးကို အကြောင်းပြုပြီး နိုင်ငံသားအချင်းချင်း သတ်ဖြတ်နေကြတာကို အလုပ်မဟုတ်ဘူးလို့ ခံယူထားသူဖြစ်ကြောင်း
- တောင်အာဖရိကနိုင်ငံမှာ အိန္ဒိယလူမျိုးတွေအတွက် တရားမျှတမှုရဖို့ တိုက်ပွဲဝင်ခဲ့ရကြောင်း။
- အိန္ဒိယ လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရကို တိုက်ပွဲဝင်တဲ့အခါ တားဆီးမှု ကြိမ်ဖန်များစွာ ခံခဲ့ရပြီး၊ ထောင်ထဲကို ၀င်လိုက်ထွက်လိုက်နဲ့ ဘ၀တစ်ခုလုံးအနစ်နာခံခဲ့ရကြောင်းတွေ ရေးထားတာ ဖတ်ရပါတယ်။
ကောင်းပါတယ်။ ခေါင်းစဉ်နဲ့လည်း ကိုက်ပါတယ်။ မဟတ္တမဂန္ဓီကြီးကိုလည်း ပိုပြီး ကရုဏာသက် ကြပါတယ်။ တစ်ချို့ ခေါင်းဆောင်တွေဆိုရင် မဟတ္တမဂန္ဓီကြီးကို စံနမူနာယူနေတာကိုလည်း တွေ့နေရပါတယ်။
မကောင်းတာတစ်ခုလည်း ဆရာမရေးထားတဲ့စာထဲမှာ ဖတ်လိုက်ရပါတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို ဖြစ်သွားပါတယ်။ မကောင်းတာဆိုတာထက် သမိုင်းအမှားကြီးတစ်ခုလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒါကတော့ ကော်လံ(၃) ပထမပိုဒ် စာကြောင်းရေ(၄)နဲ့ ကော်လံ(၅) နောက်ဆုံးအပိုဒ်အစမှာ ရေးထားတဲ့ မဟတ္တမဂန္ဓီကြီးကို လုပ်ကြံသတ်ဖြတ်သူဟာ ''အလွန်အယူသည်းသော မွတ်စလင်လူငယ်တစ်ဦး''ဆိုပြီး ရေးထားတဲ့ အချက်ပါပဲ။ တကယ်တော့ အဲဒီအချက်ဟာ တက်တက်စင်အောင် လွဲသွားတာပါပဲ။
ဆရာမဟာ ဒေါက်တာဆိုတော့ ဆေးပညာဒေါက်တာပဲဖြစ်ဖြစ်၊ ပညာရေး Ph.D ဒေါက်တာပဲဖြစ်ဖြစ် အဲဒီပါရဂူမြောက်ဘွဲ့တွေရဖို့ သုတေသနကျမ်းအလီလီပြု၊ စာတမ်းအစောင်စောင် တင်ပြီးမှ ရခဲ့တာပါ။ အဲဒီလို ဒေါက်တာဘွဲ့ရဆရာမတစ်ဦးက စာရေးဆရာလည်းဖြစ်တော့ ပိုပြီး နှံ့စပ်သေချာဖို့လိုပါတယ်။ မရေမရာနဲ့ မစူးစမ်း မဆင်ခြင်မလေ့လာဘဲ စာတစ်ပုဒ်ဖြစ်ရင်ပြီးရောဆိုပြီး ရေးလိုက်တာကတော့ ဆရာမရဲ့ ဂုဏ်ပုဒ်သိက္ခာ ဒေါက်တာ ဆိုတာနဲ့ အလှမ်း အရမ်းကြီးကွာဝေးနေပါတယ်။ ဗရမ်းဗတာရေးတတ်တဲ့ သူတွေထဲမှာ ဆရာမဒေါက်တာစိန်စိန် သိန်း တစ်ယောက် မပါစေချင်ပါဘူး။
တကယ်တော့ ဆရာမရေးထားတဲ့အတိုင်း မဟတ္တမဂန္ဓီကြီးဟာ လူမျိုးရေးမုန်းတီးမှု၊ လူများစုက လူနည်းစု အပေါ် တစ်ဖက်သတ်ဖိနှိပ်မှု၊ ဘာသာရေးစော်ကားမှုတွေကို လိုလားသူမဟုတ်ပါ။ ဟိန္ဒူမွတ်စလင်တို့ အဓိကရုဏ်း တွေ အကြီးအကျယ်ဖြစ်တဲ့ ၁၉၄၇ ခုနှစ် ဇန်န၀ါရီမှာ အဓိကရုဏ်းတွေ ပပျောက်ဖို့နယ်လှည့်တရားဟော ခဲ့တယ်။ ဟိန္ဒူနဲ့ မွတ်စလင်တို့ သင့်တင့်လာစေရန် အစာငတ်ခံခဲ့တယ်။ နှစ်ဘက် ခေါင်းဆောင်တွေဆီက သင့်မြတ် ပါ့မယ်ဆိုတဲ့ ကတိရရင် အစာပြန်စားတယ်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလမှာ တစ်ကြိမ်၊ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ တစ်ကြိမ် အစာငတ်ခံပြန်တယ်။ အဲဒီလို အစာငတ်ခံပြီး နာရီပေါင်း ၁၇၁ နာရီနဲ့ ၄၅ မိနစ်စေ့တဲ့အခါ ဟိန္ဒူနဲ့မွတ်စလင်ခေါင်းဆောင်တွေက နှစ်ဖက် သင့်မြတ်ညီညွတ်ပါ့မယ်လို့ ဂတိပေးတဲ့အတွက် အစာကို ပြန်စား ပါတယ်။
နောက်ပိုင်း ဘာဖြစ်သွားသလဲ၊ ဂန္ဓီကို ဘယ်သူသတ်သလဲဆိုတဲ့ သမိုင်းအထောက်အထားတွေကို ကျွန်တော်အမြောက်အများ တင်ပြနိုင်ပါတယ်။ ဒါပေမယ့် အခိုင်လုံဆုံးအထောက်အထားတစ်ခုနဲ့တင် လုံလောက် လို့ အဲဒီတစ်ခုကိုပဲ ကျွန်တော်တင်ပြပါရစေ။
ဂန္ဓီကြီး ကျဆုံးပြီး (၈)နှစ်ပဲကြာသေးတဲ့ ၁၉၅၆ ခုနှစ်မှာ ရန်ကုန်မြို့ မြန်မာနိုင်ငံဘာသာပြန်စာပေ အသင်း၊ စာပေဗိမာန်ရဲ့ ရုပ်ပြဗဟုသုတဘဏ်အဖြစ်ထုတ်ဝေတဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)၊ စာမျက်နှာ (၉၁-၉၄)မှာ ဖော်ပြထားတဲ့ မဟတ္တမဂန္ဓီကြီးအကြောင်းကို ဖတ်ကြည့်ဖို့ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
(၁၉၄၈ ခုနှစ်) ''ဇန္န၀ါရီ ၂၁ ရက်နေ့တွင် ဟိန္ဒူလူငယ်တစ်ဦးသည် ဟိန္ဒူမွတ်စလင် ငြိမ်းချမ်းရေးကို မလိုလားသော ဆန္ဒကိုပြသည်အနေနှင့် ဂန္ဓီ၏ နေအိမ်အနီး၌ ဗုံးဖောက်ခွဲသည်။ ဂန္ဓီသည် ထိုလူငယ်အား အပြစ်မှ ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံလေသည်။
ဇန္န၀ါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဂန္ဓီသည် ဒေလီမြို့ရှိ သူ၏နေအိမ် ဗီယာလာ နေအိမ်၌ ဘုရားဝတ်ပြုရန်အလာတွင် ဟိန္ဒူလူငယ်တစ်ဦးဖြစ်သော ဂတ်ဆေးဆိုသူသည် ဂန္ဓီကို ခြောက်လုံးပူး နှင့် သုံးချက်ပစ်သည်။ ဂန္ဓီသည် နာရီဝက်ခန့်ကြာသောအခါ အနိစ္စရောက်လေသည်။''
ဒါကြောင့် ဆရာမ စွပ်စွဲရေးသားထားသလို ဂန္ဓီကြီးကို သတ်တာ မွတ်စလင်လူငယ်မဟုတ်ပါဘူး။ ဟိန္ဒူ လူငယ်သာဖြစ်တယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ စာပေဗဟုသုတများကို ဆက်လက်လေ့လာပြီး အများအကျိုးပြု စာပေများ ရေးသားနိုင်ပါစေလို့ ဆန္ဒပြုလျက် -

ရွှင်လန်းချမ်းမြေ့ပါစေ

မောင်သဲနီ

ကုရ်အာန်ကျမ်းမြတ်ဆိုတာဘာလဲ

ကုရ်အာန်ဘာလဲ
ချီးမွမ်းခြင်းအပေါင်းတို့သည် စကြာဝဠာ လောကခပ်သိမ်းအား ပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်အတွက်သာ ဖြစ်တော်မူပါ၏။ ထိုအရှင်မြတ် စေလွှတ်တော်မူသော လူသားအလင်းပြနဗီတမန်တော်အပေါင်းနှင့် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်(صلى اله عليه وسلم) အပေါ်သို့ ငြိမ်းချမ်းသာယာမှု အဖြာဖြာသက်ရောက်ပါစေ။

ညီနောင်ညီအစ်မအပေါင်းတို့ခင်ဗျားအတ်စ္စလာမုအလိုင်းကွန်းမ် ၀ရဟ်မသုလ်လါးဟိ ၀ဗရကါးသုဟ်လမြတ်ရမဒွါန်ရဲ့ (၂၇)နေ့ညကို ကုရ်အာန်ကျမ်းမြတ် စတင်ကျရောက်တဲ့ညဥ့်မြတ် (လိုင်လသုလ်-ကဒရ်) အဖြစ်ကမ္ဘာနဲ့အ၀ှမ်း အထိမ်းအမှတ် အခမ်းအနား ကျင်းပကြပါတယ်။ နှစ်စဉ် ရမဒွန်လရဲ့ ညဥ့်ဦးယံအေရှာ ဆွလားသ်အပြီးသရာဝီဟ်ဆွလါသ်နဲ့ ကုရ်အာန်တစ်အုပ်လုံး ရွတ်ဖတ်ဝတ်ပြုမှုအစီအစဉ်ကို ဒီညမှာအဆုံးသတ် လေ့လည်းရှိကြပါတယ်။

ကမ္ဘာ့ဒေသအသီးသီးမှာလည်း မွတ်စလင်မ်အချို့ဟာ လမြတ်ရမဒွါန်ရဲ့နောက်ဆုံး (၁၀) ရက်မှာဗလီဝတ်ကျောင်းတော်အသီးသီးမှာ အိအ်သိကါဖ် လို့ခေါ်တဲ့ ကျင့်စဉ်စခန်းဝင်ရောက်ရင်း လောကီနဲ့ယာယီအဆက်ဖြတ်ပြီး အနှိုင်းမဲ့ကိုးကွယ်ရာကိုတသခြင်း၊ ကုရ်အာန်ကိုဖတ်ရွတ်ခြင်း၊ အဓိပ္ပါယ်လေ့လာနှလုံးသွင်းခြင်းတို့ကို ဆောင်ရွက်ရင်းနဲ့ ကဒရ်ညဥ့်ရဲ့ သင်္ကေတကို ရှာဖွေလေ့ရှိကြပါတယ်။တမန်တော်မြတ် صلى اله عليه وسلم ကလည်း ရမဒွါန်လဟာ ကုရ်အာန်ရဲ့လဆိုပြီး ဂုဏ်ပြုဖေါ်ညွှန်းခဲ့ပါတယ်။ဒါကြောင့်ဒီအပတ်မှာ ကျွန်တော့် အနေနဲ့“ကုရ်အာန်ဘာလဲ”ဆိုတဲ့ခေါင်းစဉ်ကိုတင်ပြမှာဖြစ်ပါတယ်။


ကုရ်အာန်ကျမ်းမြတ်ဆိုတာဘာလဲကုရ်အာန်ဆိုတာ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ထံက ကမ္ဘာဂြိုဟ်မှာရှိတဲ့ လူခပ်သိမ်းအတွက် နောက်ဆုံးနဲ့ပြီးပြည့်စုံတဲ့ လမ်းညွှန်တစ်ရပ် ဖြစ်ပါတယ်။ နောက်ဆုံးလူသား နဗီတမန်တော်ချုပ်မုဟမ္မဒ်( صلى اله عليه وسلم)ထံမလာအိကဟ်ကောင်းကင်တမန်စွမ်းအားရှင် ဂျိဗရာအီလ် ကတစ်ဆင့် ထုတ်ပြန်ပို့ချခဲ့တာ ဖြစ်ပါတယ်။ ဒီခေတ်ဟာ ICTလို့ခေါ်တဲ့ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာ အလွန်ထွန်းကားတဲ့ခေတ်ဖြစ်ပေမယ့် အဲဒီဂျီဗရာအီလ်ဆိုတဲ့ အလ္လာဟ့်ရဲ့ဝဟီလမ်းညွှန် ဆက်သွယ်မှုနည်းစနစ်ကိုတော့ သက်ဆိုင်ရာနဗီတမန်တော်တွေ ကလွဲလို့ အခြားဘယ်လူသားမှဥာဏ်မမီနိုင်ကြပါဘူး။ အနှိုင်းမဲ့ကိုးကွယ်ရာနဲ့ နှိုင်းရတရားထဲမှာရှိတဲ့ လူသားအကြား အလွန်အဆင့်မြင့်ပြီးပြည့်စုံတဲ့ဆက်သွယ်ရေးနည်းတစ်ရပ် ဖြစ်ပါတယ်။ ဘယ်သူမှ ဟန့်တားနှောင့်ယှက် ခိုးယူလို့မရနိုင်တဲ့ နည်းစနစ်လည်းဖြစ်ပါတယ်။ဒီနေ့ဆက်သွယ်ရေး

နည်းပညာဟာ တစက္ကန့်ကို(၁၈၆၀၀၀) မိုင်နှုန်း ပြေးတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကိုအသုံးပြုပို့ရတဲ့အတွက် ဂလက်ဆီလို့ခေါ်တဲ့ ကြယ်မြို့တော်တစ်ခုကိုဖြတ်ဖို့တောင် နှစ်ပေါင်းသန်းနဲ့ချီပြီးကြာမှာဖြစ်ပါတယ်။ဒါပေမဲ့ အလ္လာဟ့်ရဲ့ ဂျီဗရာအီလ်နည်းကတော့ အလ္လာဟ်ပို့လို့ ရတဲ့သတင်းလမ်းညွှန်ချက်တွေကို သက်ဆိုင်ရာလက်ခံရရှိမယ့် လူသားနဗီတမန်တော် အလင်းပြပုဂ္ဂိုလ်ရဲ့ စိတ်နှလုံးသားထဲကို သူနားလည်ပြောဆိုနေတဲ့ ဘာသာစကားနဲ့ဘာသာပြန်ပြီးသား အဖြစ်ချက်ချင်းရောက်ရှိ သွားခြင်းပဲဖြစ်ပါတယ်။
ဥပမာ-တမန်တော်မူစာ (Moses) ထံကို ဟီဗရူးဘာသာစကားနဲ့ရောက်လာတယ်။ တမန်တော်အီစာ(ယေရှုခရစ်တော်) ထံကို အရမစ် (Aramic)ဘာသာစကားနဲ့ရောက်ရှိလာတယ်။ အခုလည်း နောက်ဆုံး လူသားနဗီတမန်တော်ချုပ် မုဟမ္မဒ်(صلى اله عليه وسلم) သခင်ဟာအာရဗ်လူမျိုးဖြစ်တဲ့အတွက် နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့ ကုရ်အာန်ဟာ အရဗီဘာသာစကားနဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမယ့် ကုရ်အာန်ကျမ်းဟာ အစအဆုံး တစ်ပြိုင်တည်း ကျရောက်လာတာမဟုတ်ဘဲတမန်တော်မြတ် ကြုံတွေ့ရတဲ့ အခြေအနေတွေအလိုက် မက္ကဟ်မြို့မှာ(၁၃)နှစ်၊ မဒီနဟ်မြို့မှာ (၁၀)နှစ် စုစုပေါင်း(၂၃)နှစ်အတွင်းမှာ အလီလီကျရောက်ပြီးမှ ပြီးပြည့်စုံ ခဲ့ခြင်းဖြစ်ပါတယ်။ (ကုရ်အာန် ၂၆း၁၉၂ ၊ ၄၇း၂ ၊ ၂း၁၈၅ ၊ ၉၇း၁ ၊ ၄၄း၅၈၊ ၄၃း၃)အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကိုကုရ်အာန်ကို ရှင်ပြန်ထမြောက်ရမယ့်နေ့တိုင် လူခပ်သိမ်း အတွက် နောက်ဆုံးလမ်းညွှန်အဖြစ်ထုတ်ပြန်လိုက်ပေမယ့် မျက်စီမှိတ်ပြီး ယုံကြည်ရမယ်လို့ အဓ္ဓမ မကျင့်သုံးထားပါဘူး။
ကုရ်အာန်ထဲ ပါတာတွေကို စာတွေ့၊ သက်သေလက္ခဏာနဲ့ အလ္လာဟ်ရဲ့ ဖန်ဆင်းမှုသဘာဝတရားကြီးကို လက်တွေ့သက်သေလက္ခဏာတွေအဖြစ် သိပ္ပံ၊ ၀ိဇ္ဖာ၊ နည်းပညာပေါင်းစုံနဲ့ ဆန်းစစ်လေ့လာပြီးမှကျမ်းရှင်နဲ့ဖန်ဆင်းရှင်ဟာ အနှိုင်းမဲ့`တစ်´ဖြစ်ကြောင်း ၀န်ခံ ထောက်ခံစေပါတယ်။ တစ်နည်းပြောရရင် ဥာဏ်ကို စာတွေ့ လက်တွေ့ စေစား ပွားများစေတာဖြစ်ပါတယ်။အဲဒီလိုဆန်းစစ်လေ့လာပြီး ယုံကြည်လက်ခံတယ်ဆိုရင် ကုရ်အာန်ကျမ်းစာဟာ အဲဒီယုံကြည်လက်ခံလာသူ (မွတ်စလင်မ်) အတွက်အမှားနဲ့ အမှန်ခွဲခြားတဲ့ မှတ်ကျောက် (ဖုရ်ကာန်အဖြစ် ခံယူကျင့်သုံးရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အဲဒီကုရ်အာန်နဲ့ ဆန့်ကျင်တာမှန်သမျှ ယုံကြည်ခြင်း၊ ခံယူကျင့်သုံးခြင်း လုံးဝ ပြုပိုင်ခွင့် မရှိတော့ပါဘူး။
ဒါကြောင့် ကုရ်အာန်ဆိုတာ အစ္စလာမ့်ဘ၀ တည်ဆောက်မှုလည်းစဉ်အတွက် အစ္စလာမ့် တရားဥပဒေရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ (ကုရ်အာန် ၂း၁၈၅ ၊ ၅း၄၄ ၊ ၁၃း၃၇)ကုရ်အာန်ဆိုတဲ့ကျမ်းစကုရ်အာန်ဆိုတဲ့ကျမ်းစာအမည် ကမ္ဘာ့ဘာသာရေး ကျမ်းစာအချို့ရဲ့ အမည်တွေဟာ သက်ဆိုင်ရာကျမ်းစာထမှဲာ မပါဘဲ လူတွေကအမည်ပေးမှည့်ခေါ်တာကို တွေ့ရပါလိမ့်မယ်။ ဥပမာ-သမ္မာကျမ်း (Bible) ဆိုတဲ့အမည်ဟာ သမ္မာကျမ်းထဲမှာ မပါပါဘူး။လူတွေက အမည်ပေး ခေါ်ဝေါ်နေခြင်းသာဖြစ်ပါတယ်။

`ကုရ်အာန်´ ဆိုတဲ့ကျမ်းရဲ့အမည်ဟာ ကုရ်အာန် ကျမ်းစာထဲမှာအတိအလင်း ဖေါ်ပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဥပမာ-(ကုရ်အာန် ၂း၁၈၅ ၊ ၁၂း၂ ၊ ၅၄း၁၇) တွေမှာ ဖေါ်ပြထားပါတယ်။`ကုရ်အာန´် ဆိုတဲ့ အရဗီဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ `ရေွး ချယ်စုစည်းခြင်း၊ အဖန်တလဲလရွဲတ်ဖတ် ခြင်း´ဆိုပြီးရပါတယ်။ ဆိုလိုတာကတော့ ကုရ်အာန်ကျမ်းစာထဲမှာ ကမ္ဘာ့ရှေးကျမ်းအသီးသီးရဲ့ အနှစ်သာရတွေ ကိုရွေးချယ်စုစည်း ဖော်ပြထားတဲ့အပြင် ရှင်ပြန်ထမြောက်ရမယ့် နေ့တိုင် ကြုံတွေ့ရမယ့် ရေးရာကိစ္စတွေ အတွက်ပြီးပြည့်စုံတဲ့ လမ်းညွှန်တွေကို စုစည်းထားတဲ့ နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့အတွက် လူသားတွေအနေနဲ့ ဘ၀လမ်းညွှန်အဖြစ် အဖန်တလဲလဲ ဖတ်ရွတ်လေ့လာနေရမယ့် ကျမ်းဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

ကုရ်အာန်ကျမ်းစာတစ်အုပ်တည်းသာ မူရင်းအတိုင်းသန့်စင်စွာရှိနေခြင်း၏အံ့ဖွယ်ကုရ်အာန်ကျမ်းစာ မတိုင်မီကရရှိခဲ့တဲ့ ကမ္ဘာ့ဘာသာရေးကျမ်းစာအသီးသီးဟာ ဒီနေ့ဆိုရင်ကမ္ဘာပေါ်မှာ မူရင်းအတိုင်း မရှိကြတော့ပါဘူး။ တစ်ချို့ဆိုရင် မူရင်းဘာသာစကားနဲ့တောင် မရှိကြတော့ဘဲ တစ်ချို့ဆိုရင် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်တဲ့အတွက် အဲဒီမူရင်းအတိုင်း မဟုတ်တော့တဲ့ကျမ်းကိုကိုင်ပြီး အကြွင်းမဲ့ပြီးပြည့်စုံတဲ့ သစ္စာတရားကို လေ့လာရှာဖွေဖို့ အလွန်ခက်ခဲနေပြီ ဖြစ်ပါတယ်။ ဖွင့်ဆိုတဲ့နေရာမှာ ကွဲလွဲချက်တွေ အမြောက်အများ ပေါ်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ ကုရ်အာန်ရဲ့ ထူးခြားချက်ကတော့ အခုဆိုရင် ကမ္ဘာပေါ်မှာ နှစ်ပေါင်း(၁၄၀၀) ကျော်ပြီဖြစ်ပေမဲ့မူရင်းအရဗီဘာသာစာပေနဲ့ မူရင်းအတိုင်း ၏သည် မရွေး ရှိနေခြင်းပဲဖြစ်ပါတယ်။
ဘယ်နိုင်ငံက ဘယ်လူမျိုးပဲ ဖတ်ဖတ်၊အသံထွက်ဟာ အတူတူပဲဖြစ်ပါတယ်။ တစ်နိုင်ငံမှာအသံထွက်တစ်မျိုး ကွဲလွဲချက်မရှိတာကို နိုင်ငံ ပေါင်းစုံက ပါဝင်တဲ့ကမ္ဘာ့ကုရ်အာန်ကျမ်းစာ ဖတ်ရွတ်ပြိုင်ပွဲတွေမှာ ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလို မူရင်းအတိုင်း သန့်စင်စွာရှိနေရတဲ့အကြောင်းကတော့--၁။ တမန်တော်ချုပ်မုဟမ္မဒ်(ဆွ)ဟာ နောက်ဆုံးနဗီတမန်တော်ချုပ်ဖြစ်ပြီး သူ့နောက်မှာနောက်ထပ်နဗီတမန်တော်အသစ်ပေါ်ထွန်းစရာမရှိတော့ခြင်း၊ ကုရ်အာန်ကျမ်းစာဟာ အလ္လာဟ့်ထံက နောက်ဆုံးလမ်းညွှန်ဖြစ်ပြီးနောက်ထပ်လမ်းညွှန်လာစရာမရှိတော့ခြင်းတို့ကြောင့် ကျမ်းရှင် အလ္လာဟ်ကိုယ်တိုင်က ကုရ်အာန်ကျမ်းစာကိုယိုယွင်းပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ထားတယ်လို့ အာမခံထားတဲ့အတွက် ဖြစ်ပါတယ်။ (ကုရ်အာန် ၁၅း၉)၂။

ဒီအပြင်မွတ်စလင်မ်တွေအနေနဲ့ ကုရ်အာန်ကျမ်းစာကိုလက်တွေ့ထိန်းသိမ်းခြင်းနဲ့ ကာကွယ်စောင့်ရှောက် ခြင်းနည်းစနစ်သမိုင်းကို ကြည့်ရင် တမန်တော်ချုပ်မုဟမ္မဒ်(صلى اله عليه وسلم) ဆီကို ကုရ်အာန်ကျမ်းစာရဲ့ လမ်းညွှန်ချက်တွေကျရောက်လာတိုင်း တမန်တော်မြတ်(صلى اله عليه وسلم)ရဲ့ ကြီးကြပ်မှုနဲ့ စာဖြင့် ရေးသားမှတ်တမ်းတင်ခြင်းအပြင် လူအများကအလွတ်ကျက်မှတ်ပြီး စိတ်နှလုံးမှာ မှတ်တမ်းတင်ခြင်းကို တစ်ပြိုင်တည်း ပြုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒီ့အပြင်မွတ်စလင်မ်တွေဟာ ကုရ်အာန်ကျမ်းစာရဲ့ အစိတ်အပိုင်းတွေကို မိမိတို့ရဲ့ နေ့စဉ်(၅)ကြိမ်ဆွလားသ် ၀တ်ပြုမှုမှာ နေ့စဉ်ဖတ်ရွတ် ဆင်ခြင်ခြင်း၊ ဟာဖိဇ်ွခေါ် ကုရ်အာန်ကျမ်းစာကို အစအဆုံး အလွတ်ကျက်မှတ် အာဂုံဆောင် သူများကမ္ဘာနဲ့အ၀ှမ်း နှစ်စဉ်မွေးထုတ်ပေးနေခြင်းနဲ့ မွတ်စလင်မ် ကျားမမရွေး အမြလဲိုလို ကုရ်အာန်ကို ရွတ်ဖတ်နေခြင်းတို့ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ရှေးကျမ်းစာအသီးသီးကို ဒီလို ပီပီပြင်ပြင် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒီနေ့ဆိုရင် ကမ္ဘာပေါ်မှာ ကုရ်အာန်ကျမ်းစာကို ကမ္ဘာ့ဘာသာစကား အသီးသီးနဲ့ ဘာသာပြန်ဆိုထားပြီးဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူတွေရဲ့ အရည်အသွေးအလိုက် အယူအဆ ကွဲလွဲချက်အချို့ ရှိနေပေမယ့်ဒီကွဲလွဲချက်တွေကို မှတ်ကျောက်တင် ဆန်းစစ်နိုင်ဖို့ အရဗီစာပေနဲ့ မူရင်းကုရ်အာန် ရှိနေခြင်းဟာ အစ္စလာမ်ရဲ့ ထူးခြားချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။ကုရ်အာန်၏အရဗီဘာသာစာပေ၏အံ့ဖွယ်ကမ္ဘာပေါ်မှာ အရဗီစကား ပြောတဲ့နိုင်ငံများစွာရှိနေပြိး ဒေသအလိုက် အနည်းငယ် ကွဲပြားမှုရှိနေပေမယ့်ကုရ်အာန်ကျမ်းစာမှာ သုံးထားတဲ့ အရဗီစာပေကတော့ အားလုံးအတွက် စံနမူနာပြဲဖစ်ပါတယ်။ ဒီ့အပြင် အရဗီဘသာစကားဟာ မပြောပလောက်တဲ့ လူအနည်းငယ်သာ သုံးစွဲနေတဲ့ ဘာသာစကားအသေ (Dead Language)မျိုးလဲမဟုတ်ဘဲနဲ့ ကမ္ဘာ့လူအများစုသုံးစွဲနေတဲ့ ရှင်သန်နေတဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်များသာမကဘဲ မွတ်စလင်မ်မဟုတ်သူများပါ သုံးစွဲနေပြီး အခုဆိုရင် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ကြီးမှာအာရဗီစာပေဌာန သီးခြားထားရှိနေပြီ ဖြစ်ပါတယ်။
ဒါတင်မ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ရုံးသုံးဘာသာစကား (၆) မျိုးအနက် အရဗီဟာ တစ်မျိုးအပါအ၀င်ဖြစ်နေပါပြီ။ဒီ့အပြင် ဒီနေ့ကမ္ဘာရဲ့ သိပ္ပံပညာနဲ့ နိုင်ငံရေးနယ်ပယ်အသီးသီးမှာ စာပေဝေါဟာရတွေကျယ်ပြန့်လာ ချိန်မှာအရဗီစာပေဟာ ခေတ်၊ စနစ်၊ အသိပညာရဲ့ လိုအပ်ချက်တွေကို အဆင့်မြင့်စာပေတစ်ရပ်အနေနဲ့ ဖြည့်ဆည်းပေးနေတယ်ဆိုတာ တွေ့ရှိလာခဲ့ပါတယ်။ ဥပမာ- ကမ္ဘာ့မွတ်စလင်မ်အဖွဲ့ချုပ် (ရာဗိသွဟ်) ကနေပြီး ဒီနေ့ ကမ္ဘာ့သိပ္ပံပညာရပ်အသီးသီးရဲ့ ကမ္ဘာကျော်ပါရဂူ (၁၄) ဦးကို နိုင်ငံအသီးသီးက ခေတ်ခေါ်ပြီး အရဗီကုရ်အာန်ကျမ်း မူရင်းနဲ့တမန်တော်မုဟမ္မဒ်သခင်(صلى الله عليه وسلم) သြ၀ါဒမှတ်တမ်းထဲက သက်ဆိုင်ရာ သိပ္ပံ၊ ၀ိဇ္ဇာ နည်းပညာဘာသာ ရပ်အလိုက်အချက်အလက်တွေကို ထုတ်ပေးပြီး လက်တွေ့ နောက်ဆုံးပေါ် ပညာတွေနဲ့ စမ်းသပ် စစ်ဆေးစေခဲ့တဲ့အခါသုတေသနအဆုံးမှာ ကမ္ဘာ့ပါရဂူအားလုံးက အရဗီကုရ်အာန်ကျမ်းနဲ့ တမန်တော်ရဲ့ သြ၀ါဒ မှတ်တမ်းတွေကိုခေတ်ရှေ့ပြေးနေတဲ့ အံ့ဖွယ်အဖြစ် ချီးကျူး ဂုဏ်ပြု ကြေငြာခဲ့ကြရပါတယ်။ သူတို့တွေရဲ့ ကုရ်အာန်အပေါ် သုတေသနနဲ့တွေ့ရှိချက်များကို This Is The Truth (သည်မှာသစ္စာတရားတည်း) ဆိုတဲ့စာအုပ်နဲ့ ဗွီဒိယို၊ ဗီစီဒီခွေများအဖြစ် ကမ္ဘာကိုဖြန့်ချိနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီပါရဂူ(၁၄) ဦးထဲမှာ(၁) ဦးကလွဲလို့ ကျန်သူတွေဟာ မွတ်စလင်မ်တွေမဟုတ်ကြပါဘူး။ အဲဒီအထဲက ယိုးဒယားက ပါမောက္ခ တာဂါစုမ်ကတော့ အစ္စလာမ်ကို လက်ခံလိုက်ကြောင်းကြေငြာသွားခဲပါတယ်။
ကုရ်အာန်ကျမ်းစာဖွဲ့စည်းပုံ
(မက္ကဟ်နှင့်မဒီနဟ်စူရဟ်)ကုရ်အာန်ကျမ်းစာဟာ မုဟမ္မဒ်သခင်(صلى الله عليه وسلم) သက်တော်(၄၀) ပြည့်တဲ့အခါ အာရေဗျဒေသ၊ မက္ကာဟ်မြို့ပြင်မှာရှိတဲ့ ဟီရာ လို့ခေါ်တဲ့ သုတေသန လှိုဏ်ဂူမှာ တရားဆင်ခြင်နေစဉ် အနိုင်းမဲ့ ကိုးကွယ်ရာ မြတ်အလ္လာဟ်ကကောင်းကင်တမန် ဂျီဗရာအီလ်ကနေတစ်ဆင့် စတင် ထုတ်ပြန်ပို့ချခဲ့တာပါ။ အရဗီပြက္ခဒိန်အရတော့ ရမဒွန်လထဲမှာဖြစ်ပါတယ်။ ပညာရှင်အများစုကတော့ (၂၇) နေ့ညလို့ မှတ်တမ်းတင်ထား ကြပါတယ်။ အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ပို့ချတဲ့ ညကို ကဒရ်ညဥ့်(၀ါ) တိုင်းတာသတ်မှတ်တဲ့ညဥ့်လို့ အလ္လာဟ်က ဂုဏ်ပြုဖော်ပြ ထားပါတယ်။ (ကုရ်အာန်၉၆း၁-၆)။ ဆိုလိုတာက လူတစ်ဦးချင်းဖြစ်စေ၊ လူအဖွဲ့ အစည်းဖြစ်စေ သူတို့ရဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုကံကြမ္မာကိုကုရ်အာန်ရဲ့လမ်းညွှန်ချက်နဲ့ တိုင်းတာသတ်မှတ် လိုက်လို့ဖြစ်ပါတယ်။ ဘယ်သူမဆို အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်ကို သက်ဝင်ယုံကြည်ပြီး ကုရ်အာန်ရဲ့ လမ်းညွှန်အတိုင်း ကျင့်သုံးနေထိုင်ရင် လောကီဘ၀ရော၊မတလွန်ဘ၀မှာပါ အောင်မြင်ငြိမ်းချမ်းမှု ရရှိမှာဖြစ်ပြီး ဘယ်သူမဆို အလ္လာဟ်ကိုငြင်းပယ်မယ်၊ ကုရ်အာန်ရဲ့လမ်းညွှန်ချက်တွေကို ဆန့်ကျင်နေထိုင်မယ်ဆိုရင် လောကီနဲ့ တမလွန် နှစ်ဘ၀စလုံး ဆုံးရှုံး နစ်နာမှာဖြစ်ပါတယ်။
အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ခြင်းနဲ့အတူ မုဟမ္မဒ်သခင်(صلى الله عليه وسلم)ကိုလည်း နဗီတမန်တော် တာဝန်ကို စတင်ပေးအပ်ခဲ့ပါတယ်။ တမန်တော်မြတ်ရဲ့ မက္ကာဟ်မြို့(၁၃)နှစ်တာ တမန်တော်သက်တမ်း ကိုကြည့်ရင်ဖန်ဆင်းတာလည်းအလ္လာဟ်၊ ထိန်းသိမ်း စောင့်ရှောက် နေတာလည်း အလ္လာဟ်၊ တရားစီရင် စစ်ဆေးမှာလည်းအလ္လာဟ်ဆိုတဲ့ အလ္လာဟ်တစ်ပါးတည်းသာ အနှိုင်းမဲ့ကိုးကွယ်ရာဆိုတဲ့ (သောင်ဟီးဒ်)တရားကို ဟောကြားရတဲ့ အခါအလ္လာဟ်ကိုငြင်းသူတွေ၊ အလ္လာဟ်ကိုလက်ခံပေမယ့် အခြားတစ်စုံတစ်ရာ(နတ်)တွေနဲ့ နှိုင်းယှဉ်ကိုးကွယ် သူတွေကအပြင်းအထန် ဆန့်ကျင်မှုတွေ ခံခဲ့ရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မက္ကာဟ်ကာလ ကုရ်အာန်အာယသ်လမ်းညွှန်တွေကိုကြည့်ရင် ယုံကြည်ချက် သန့်စင်ဖွံ့ဖြိုးရေး (Purity of Faith) ကိုဦးစားပေးထားတာကို တွေ့ရပါတယ်။ဖိနှိပ်ညှင်းပန်းမှုတွေ ရှိနေတဲ့အတွက် ကျင့်စဉ်ခန်းတွေ များစွာမတွေ့ရပါဘူး။ ဒါပေမယ့် မဒီနဟ်ကာလ(၁၀)နှစ်ကိုကြည့်ရင်တော့ အစ္စလာမ့်နိုင်ငံတော် လွတ်လပ်စွာထူထောင်နိုင်ပြီး ဖြစ်တဲ့အတွက် ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး၊ စစ်နဲ့ငြိမ်းချမ်းရေး၊ လူမှုရေး၊ ပြန်ကြားရေး၊ ဘာသာခြားနဲ့ ဆက်ဆံရေး၊ အုပ်ချုပ်ရေးစတဲ့ လမ်းညွှန်ဥပဒေတွေ၊ရုပ်နဲ့ စိတ်ဝိညာဉ် သန့်စင်ဖွံ့ဖြိုးရေးအတွက် ၀တ်ပြုတည်ဆောက်မှုဆိုင်ရာ ကျင့်စဉ်တွေစတဲ့ အစ္စလာမ့် တရားဥပဒေရေးရာတွေနဲ့ ပတ်သက်တဲ့ ကုရ်အာန်အာယသ်များစွာကို တွေ့ရမှာဖြစ်ပါတယ်။ ကုရ်အာန်ထဲမှာ ရုပ်နဲ့နာမ်၊ တစ်ဦးနဲ့အများ၊လောကီနဲ့ တမလွန် အားလုံးအတွက် ပြီးပြည့်စုံတဲ့ လမ်းညွှန် အားလုံးပါဝင်နေပါတယ်။
တမန်တော်မြတ်(صلى الله عليه وسلم)ဟာ မဒီနဟ်ရောက်ပြီး(၈) နှစ်မြောက် (ဟစ်ဂျရီ-၈ခုနှစ်) မှာ မက္ကဟ်မြို့ကို ငြိမ်းချမ်းစွာအောင်နိုင်ပြီး မဒီနဟ်မြို့မှာပဲ စံမြန်း နေခဲ့ပါတယ်။ ဟစ်ဂျရီ(၁၀) ခုနှစ်မှာ နောက်ဆုံးဟဂ်ျ ကျင့်စဉ်ပြုပြီး (တမန်တော်မြတ်နောက်ဆုံး ဟဂ်ျပြုနေစဉ်မှာပဲ ကုရ်အာန်ရဲ့ နောက်ဆုံးအာယသ် (၅း၃) ကျရောက်ခဲ့ပါတယ်) နောက်အလ္လာဟ့်ကရုဏာတော် ခံယူကာ အလ္လာဟ်ထံ ပြန်ကြွသွားတော်မူခဲ့ပါတယ်။တမန်တော်မြတ်(صلى الله عليه وسلم)ရှိစဉ်ကတည်းက ကုရ်အာန်ကို ချက်ခြင်း စာဖြင့်မှတ်တမ်းတင်ခြင်း၊ အာဂုံဆောင်ကျက်မှတ်ခြင်းတို့နဲ့ မှတ်တမ်းတင်ခဲ့ ကြတဲ့အတွက် တမန်တော်မြတ်(صلى الله عليه وسلم)) မကွယ်လွန်ခင် ကတည်းက ကုရ်အာန်ကျမ်းမြတ် အစအဆုံးကို မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အလ္လာဟ်က ကုရ်အာန်ကို တမန်တော်မြတ် ခေတ်လူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ အချိန်နဲ့အားလျော်စွာ ကုရ်အာန်အာယသ်တွေကို ချပေးခဲ့ပေမယ့် ပြီးပြည့်စုံသွားတဲ့အခါကျတော့ အဲဒီအစီအစဉ်အတိုင်းမဟုတ်တော့ဘဲ ခေတ်တိုင်းအတွက် လမ်းညွှန်ဥပဒေအဖြစ် အသုံး ချနိုင်ဖို့လက်ရှိ အစီအစဉ်အတိုင်း တမန်တော်မြတ်(صلى الله عليه وسلم)) ကိုစီစဉ် စေခဲ့ပါတယ် ဒီ့အပြင် ကျပြီးသလောက် အာယသ်တွေကိုနှစ်စဉ်တမန်တော်မြတ်(صلى الله عليه وسلم)က ရမဒွါန်လရောက်ရင်` လက်ရှိအစီအစဉ်အတိုင်း ရွတ်ဖတ်ပြရပါတယ်။
ဒါကြောင့်ကုရ်အာန်ကျမ်းစာမှာ စူရဟ်ခေါ် ကဏ္ဍပေါင်း(၁၁၄) ပုဒ်ပါဝင်ပြီး ကဏ္ဍတစ်ခုချင်းစီကို အာယသ်လို့ခေါ်တဲ့လမ်းညွှန်/သက်သေလက္ခဏာ စာကြောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ စူရဟ်ခေါ် ကဏ္ဍတစ်ခုချင်းဟာ အတိုအရှည်မတူကြပါဘူး။ ဥပမာ- အရှည်ဆုံးစူရဟ် အမှတ်-(၂)ဟာ အာယသ်လမ်းညွှန်ပေါင်း(၂၈၆) ပါဝင်ပြီး အတို ဆုံးစူရဟ်ကဏ္ဍအမှတ်(၁၀၈)မှာ အာယသ်လမ်းညွှန်ပေါင်း(၃) ကြောင်းသာပါဝင်ပါတယ်။
ကုရ်အာန်အပေါ်သံသယရှိသကုရ်အာန်အပေါ်သံသယရှိသူများကိုဖိတ်ခေါ်ချက်ဖန်ဆင်းရှင် အလ္လာဟ်ကိုယ်တိုင် ကုရ်အာန်နဲ့ ပတ်သက်ပြီး သံသယရှိသူများကို အခုလို လမ်းညွှန် ဖိတ် ခေါ်ထားပါတယ်။“ထို့အပြင် အကယ်၍ အသင်တို့သည် ငါ(အလ္လာဟ်) အရှင်မြတ် ထုတ်ပြန်ပို့ချတော်မူခဲ့သောအရာ (ကုရ်အာန်)နှင့်စပ်လျဉ်း၍ ယုံမှားသံသယရှိခဲ့ကြပါလျှင် အသင်တို့သည် ယင်း(ကုရ်အာန်)နှင့် အလားတူ စူရဟ်ကဏ္ဍတစ်ပုဒ်ကိုယူဆောင်လာကြကုန်လော့။
ထို့အပြင် အသင်တို့သည် မှန်သောစကားကိုဆိုသူများဖြစ်ခြဲ့ကပါလျှင် (ယင်းသို့ယှဉ်ပြိုင်ကြရာတွင်) အလ္လာဟ်အရှင်မြတ်မှအပ အခြားယိုင်းပင်းကူညီမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။သို့သော်အသင်တို့သည် (ကုရ်အာန်ကျမ်းမြတ်နှင့်ယှဉ်ပြိုင်ခြင်းကို အတိတ်ကာလတွင်လည်း) မလုပ်နိုင်ခဲ့ကြ၊(မျက်မှောက်ကာလတွင်လည်း) လုပ်နိုင်ကြသည်လည်းမဟုတ်၊ (နောင်အနာဂတ်တွင်လည်း) အလျှင်း လုပ်နိုင်ကြဦးမည်မဟုတ်ချေ၊ သို့ဖြစ်ပေရာ အသင်တို့သည် ငရဲမီးကို အသိထားကြလော့။ ယင်း၏ လောင်စာမှာ လူများနှင့် ကျောက်တုံးများဖြစ်ကြပေမည်။ အမှန်တရားကို ငြင်းပယ်ကြသူတို့အတွက် အသင့်ပြင် ထားပြီးဖြစ်ချေသည်” (ကုရ်အာန် ၂း၂၃-၂၄)အခုကမ္ဘာပေါ်မှာ အရဗ်နိုင်ငံတွေထဲမှာ မွတ်စလင်မ်မဟုတ်တဲ့ အရဗ်များစွာရှိနေကြပါတယ်။
ဒီ့အပြင် ကမ္ဘာလူမျိုးအသီးသီးမှာ မွတ်စလင်မ်မဟုတ်ပေမယ့် အရဗီကျွမ်းကျင်သူ များစွာလည်း ရှိနေပါတယ်။ ဂျူးတွေဆို ရင်လည်းအရဗီအလွန် ကျွမ်းကျင်သူတွေရှိကြပါတယ်။ အနောက်တိုင်းတက္ကသိုလ်ကြီးတွေ၊ ရုရှားနိုင်ငံရဲ့မော်စကိုတက္ကသိုလ်တွေမှာ အရဗီလေ့လာရေးဌာနကြီးတွေလည်း သီးခြားဖွင့်ထားပါတယ်။ ဒါပေမဲ့ ကုရ်အာန်ကျမ်းစာရဲ့အခုဖော်ပြခဲ့တဲ့စိန်ခေါ်ချက်ကို တုန့်ပြန်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိတဲ့အပြင် ကုရ်အာန်ကိုလေ့လာလိုက်ကြတဲ့သူတွေဟာ အမှန်တရားကိုသိမြင်ပြီး အစ္စလာမ်ဘာသာဝင်တွေဖြစ်လာခြဲ့ကလို့ အခုဆိုရင် အစ္စလာမ်ဟာကမ္ဘာပေါ်မှာအမြန်ဆုံးပြန့်ပွားနေတဲ့ သာသနာလို့တောင် Jehovah Witness က ဖေါ်ညွှန်းနေပါ တယ်။
အစ္စလာမ်ကို ရန်လိုနေကြတဲ့သူတွေအနေနဲ့ အစ္စလာမ်နဲ့ တမန်တော်မြတ်(صلى الله عليه وسلم)ကို မဟုတ်မမှန် လုပ်ကြံပြောဆိုရေးသားနေကြမယ့်အစား စာကြောင်း(၃)ကြောင်းလောက် ကုရ်အာန်န့ယှဲဉ်ပြီး ရေးပြနိုင်ရင် ပိုပြီးထိရောက်မှာပါ။ဒါပေမယ့် အလ္လာဟ်က ကတိပေးထားပြီးဖြစ်ပါတယ်။ (ကုရ်အာန် ၂း၂၄၊ ၁၅း၉) ဒီအပြင်ကုရ်အာန် ရဲ့ အလင်းရောင်ဟာကမ္ဘာကို လွှမ်းသွားမယ်လို့လည်း ဆိုထားပါတယ်။ အမှန်တရားမှာ အင်အားရှိပြီးသားဖြစ်ပါတယ်။ညီနောင်၊ ညီအစ်မများအနေနဲ့ ကျွန်တော်မကြာသေးခင်ကတင်ပြခဲ့တဲ့ “ကုရ်အာန်အပေါ်ထားရှိရမယ့်မွတ်စလင်မ်တို့၏တာဝန်များ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဤခေါင်းစဉ်ကို ယှဉ်တွဲလေ့လာပြီး ကုရ်အာန်ကို အပြည့်အ၀ ယုံကြည်ပါ။
သဂ်ျဝီးဒ်ပညာနဲ့ စနစ်တကျ ရွတ်ဖတ်ပါ။ အဓိပ္ပါယ် နားလည်အောင် ကြိုးစားပါ။ လက်တွေ့လိုက်နာ ကျင့်သုံးပါ။အခြားသူများ သိအောင်လည်း ကုရ်အာန်ရဲ့ အသိပညာတွေကို ကာယ၊ ဥာဏ၊ ဓနနဲ့ ၀ိုင်းဝန်းကူညီ ဖြန့်ကြပါလို့တိုက်တွန်းရင်း အလ္လာဟ်က(၄) ကြိမ်မေးထားတဲ့ ဒီမေးခွန်းကို ဘ၀မှာ မသေခင်ဖြေဖို့ တိုက်တွန်း လိုက်ပါတယ်။“မုချဧကန် ငါအရှင်မြတ်သည် ကုရ်အာန်ကို ကျက်မှတ်တရားရယူရန်အတွက် လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူတစ်ဦးတစ်ယောက်ရှိပါ၏လော”။ (ကုရ်အာန် ၅၄း၁၇၊ ၅၄း၂၂၊ ၅၄း၃၂၊ ၅၄း၄၀)
အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

ချို့တဲ့သူများအား ကူညီကြပါရန် (Helping hand)

ချို့တဲ့သူများအတွက်

ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာကိစ္စနှင့်သော်လည်းကောင်း၊ ပညာသင်ယူနေ၍သော်လည်းကောင်း၊ အလုပ် လုပ်နေ၍သော်လည်းကောင်း၊ နေ့စဉ်အကြောင်းအမျိုးမျိုးနှင့် အလုပ်များနေလိမ့်မည်။ ထိုအကြောင်းများကြောင့် အောက်ပါပုံမှ လူများကိုမေ့လျော့သွားတဲ့အခါလည်းရှိနိုင်သည်။




ကျွန်ုပ်တို့လက်ထဲမှ ငွေ၊ အဝတ်အထည်၊ အစားအသောက်၊ ဆေးဝါးများနှင့် စိတ်ပိုင်းဆိုင်ရာအားပေးမှုတို့သည် ထိုသူများအတွက်များစွာအကျိုးရှိလှသည်။ ကျွန်ုပ်တို့၏တန်ဖိုးရှိသောအချိန်များ၌ ၎င်းချို့တဲ့သောသူများကိုလည်း သတိရစေချင်ပါသည်။
ထိုသူများသည်တစ်ခြားသူများမဟုတ်။ ကျွန်ုပ်တို့၏ မွတ်စလင်မ် ညီအကို မောင်နှမများသာဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည်သာ ၎င်းတို့၏နေရာတွင်ရှိနေခဲ့လျှင် .......... ဒါကိုစဉ်းစားရင်း ကျွန်ုပ်စိတ်နှလုံးထဲ၌ တစ်စိမ့်စိမ့် ခံစားမိပါသည်။

ကိုယ့်မွေးရပ်မြေမှ ချို့တဲ့သူများမှအစ ကမ္ဘာအနှံ့မှချို့တဲ့သူများအား တတ်နိုင်သလောက်ကူညီလိုလျှင် ကူညီလို့ရပါသည်။ ကိုယ်လုပ်သမျှကောင်းမှုအလုံးစုံကို နှစ်ဘဝ၏အရှင်သခင် အလ္လာဟ်အရှင်မြတ် အလုံးစုံသိမြင်တော်မူသည်။ထိုဖြူစင်မှုသဒ္ဓါတရားအပေါ် အလ္လာဟ်အရှင်မြတ်၏ ချီးမြင့်မှုသည်လည်း ကိုယ့်အပေါ်ကျရောက်မှာဧကန်မလွဲပေ။ ကုရ်အာန်ကျမ်းမြတ်တွင်လည်း ချို့တဲ့သူများအား စာနာထောက်ထား ကူညီကြရန် ပါရှိသည်။

တစ်နေ့ကျွန်ုပ်တို့ သည်အောက်ပါနေရာသို့ သွားလျှင် ကိုယ်နှင့်အဘယ်အရာမှပါမည်မဟုတ်ပါ။
လာရောက်ဖတ်ရှူ့သူအပေါင်းအား ချစ်ခင်လေးစားစွာဖြင့်။
Muslimmah.

၇၈၆ ဆိုတာ ….




786

 
٧٨٦


၇၈၆


ဆိုတာ
.



မေး။ ။၇၈၆ လို့ ဘာဖြစ်လို့ ဆိုင်တွေမှာရေးထားတာလဲ။ အဲဒီအဓိပါယ်က ဘာလဲ ဖြေကြားပေးပါ။


ဖြေ။ ။ မြန်မာမှာ နံသင့်အက္ခရာတွေရှိပါတယ်။ ဥပမာ- က၊ခ၊ဂ ..အတွက် နံသင့်အက္ခရာ ၂ ဆိုတာမျိုး အါရဗီအက္ခရာတွေမှာလဲ အဲဒီလို နံသင့်အက္ခရာ တွေရှိပါတယ်။ မြန်မာမှာ အလုပ်တစ်ခုခုစလုပ်ရင် ဘုရားတပြီးလုပ်သလို မွတ်စလင်မ်တွေဟာလဲ သူတို့ရဲ့ကိုးကွယ်ရာ အရှင် အလ္လာဟ်အရှင်မြတ်ရဲ့အမည်ကို တပြီးပြုလုပ်လေ့ရှိပါတယ်။အာရဗီစကားနဲ့ ကျွန်တော်/မ တို့သည် အလ္လာဟ်အရှင်မြတ်၏ နာမတော်နှင့် အစပြုဆောင်ရွက်ပါသည်ဆိုတဲ့ စကားရပ်မှာပါတဲ့ နံသင့် အက္ခရာတွေကို ပေါင်းချလိုက်ယင် စုစုပေါင်း ၇၈၆ ရပါတယ်. တောင်အာရှဘက်က မွတ်စလင်မ်တွေဟာ အလ္လာဟ်အရှင်မြတ် ဆိုတဲ့ အမည်ကို အာရဗီအက္ခရာနဲ့နေရာတိုင်းမှာ ဖေါ်ပြယင် အဲဒီစာလုံးရေးသားထားချက်ဟာ မတော်တဆ မလျော်ကန်တဲ့နေရာရောက်သွားမှာစိုးတဲ့အတွက် အဲဒီစာလုံးအစား ၇၈၆ ကို အစားထိုးအသုံးပြုတာဖြစ်ပါတယ်။


မေး။   ။ဟုတ်ပါ့မလား ..ဒါဆိုယင် ၇၈၆ ပေါင်းလိုက်ယင် ၂၁ ရတယ် ဆိုပြီး ပြော
နေတာတွေကကော



ဖြေ။   ။ဟုတ်ပါတယ်၊ စင်္ကာပူမှာ ရှိတဲ့ တစ်ချို့ အိန္ဒိယ မွတ်စလင်မ်တွေရောင်းတဲ့ ထမင်းဆိုင်တွေမှာလဲ ဒီလိုပဲရေးထားတာရှိတယ် လမ်းကြုံ့ယင် ကိုယ်တိုင်မေးမြန်း စုံစမ်းကြည့်ယင်သိရမှာပါ။ မလေးရှားကမွတ်စလင်မ်တွေကို သွားမေးယင်တော့ သူတို့လဲအဲဒီအဖြေကို သိချင်ကြမှာပါ။ဒီလိုအသုံးများတာ တောင်အာရှက နိုင်ငံတွေ အထူးသဖြင့် အိန္ဒိယ ဘက်မှာပဲသုံးကြတာကိုး။ အာရပ်တွေတောင်ဒီလိုသုံးတာမရှိပါဘူး။ အောက်မြန်မာပြည်မှာ က အိန္ဒိယနွယ်ဖွားမွတ်စလင်မ်တွေ အရင်က သုံးခဲ့တဲ့ ဓလေ့စွဲကျန်နေခဲ့တာပါ။၇၈၆ ပေါင်းယင် ၂၁ ရတယ် ဒါကြောင့် ၂၁ ရာစု ရောက်ယင်မွတ်စလင်တွေ ဘာလုပ်တော့မယ် ညာလုပ်တော့မယ် ဆိုပြီး ရေးသားဖြန့်ဝေတာတွေ တွေ့ရ ကြားရတာ တော်တော်ကြာပါပြီ၊ ပြောရမယ်ဆိုယင် နေ၀င်းရဲ့ မဆလ အစိုးရ ခေတ်ဦးပိုင်းကတည်းကပေါ့။ ပထမပိုင်းလက်ကမ်းစာစောင်အနေနဲ့ ဖြန့်ဝေခဲ့တာ ၈၈ မှာ ရုံးတွေဖျက်တော့ လျှို့ဝှက်ရုံးတွင်းညွန်ကြားလွှာ တွေအနေနဲ့ ၀ါဒဖြန့်ချိခဲ့တဲ့ စာလက်ကျန်တွေ ကိုတောင် ညောင်တုံးဘက်ကရုံးတွေမှာ ထွက်လာတာ တွေရသေးတယ်။ နောက်ပိုင်း န၀တ ခေတ်ရောက်တော့ ပိုဆိုးလာပြီး စနစ်တကျ စာအုပ်ပုံစံ ထုတ်ဝေပြီး ရိုက်နှိပ်ပြီး လိုက်ဝေကြသေးတယ်။ ဘားလမ်းထဲက ထောက်လှမ်းရေးကဖွင့်ထားတဲ့ စွယ်တော် စာအုပ်ဆိုင်မှာ လက်သိပ် ထိုးပြီးရောင်းတာ မွတ်စလင်မ်အဖွဲ့တွေသိသွားပြီးတိုင်လို့ အရေးယူမယ် ဘာမယ် ဟန်ဆောင်လုပ်ပြသေးတယ်။ဒါတွေဟာတကယ်တော့ စစ်ထောက်လှမ်းရေးက Divide and Rule လုပ်လို့ရအောင် ဘာသာဝင်များအကြား သွေးခွဲရန်တိုက်ပေးပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့လုပ်တဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဒါကို ဆင်ခြင်တုံတရားမသုံးပဲယုံတဲ့ မျက်ကမ်း မျိုးချစ် တွေရယ်၊ အကြမ်းဖက်သမားတွေရယ်၊ သူများပစ္စည်းအချောင်လိုချင်တဲ့ တောကြောင်တွေရယ်ကြောင့် အပြစ်မဲ့တဲ့ အစ္စလာမ်ဘာသာဝင် အများကြီး တောင်ငူ၊ ပြည်၊ ကျောက်ဆည် ..အပါအ၀င် မြန်မာနိုင်ငံအနှံ နေရာအတော်များများမှာ အရှင်လတ်လတ် မီးရှို့ခံရ၊ အသတ်ခံရ၊ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခံရ ဖြစ်ခဲ့ကြရတာ န၀တ လက်ထက် နှစ်စဉ်နဲ့အမျှပါပဲ။၂၁ ရာစုရယ်မဟုတ်ပါဘူး အစ္စလာမ်ကျမ်းစာမှာ ဖေါ်ပြထားချက် အရက မှန်ကန်မှုဆိုတဲ့ သစ္စာတစ်ရားဟာ ကမ္ဘာကြီးရဲ့ နောက်ဆုံးအချိန်အခါမှာ မှားယွင်းမှု ဆိုတဲ့ အ၀ိဇ္ဇာကို အနိုင်ရမယ်ဆိုပြီး သွန်သင်ထားတာပဲရှိပါတယ်။ တိုင်းနိုင်ငံအတွင်း ပြည်သူအချင်းချင်းသွေးကွဲ ပြီးသတ်ကြဖြတ်ကြ လုကြ ယက်ကြတာဟာ နောက်ဆုံးမှာ ဘယ်သူအတွက်မှမကောင်းပါဘူး။ ဥစ္စာဓန ဆိုတာကလည်း ကုဋေ ၈၀ သူဌေးသားရဲ့ဥပမာလိုပါပဲ ကိုယ်တိုင်ရှာဖွေမတတ်ယင် ဘယ်လောက်ပဲရရ ပြန်ပြီး မွဲတတ်ပါတယ်။ တရားသောနည်းလမ်းနဲ့ ရှာဖွေယင် ဥစ္စာဆိုတာ ပင်လယ်ရေလိုပါပဲ ကုန်မသွားပါဘူး။ ကမ္ဘာမှာ တိုင်းပြည်တွင်း ပြည်သူအချင်းချင်းသတ်ဖြတ်နေတဲ့ ဘယ်နိုင်ငံက ပြည်သူအုပ်စုတစ်စုက ချမ်းသာပြီး တိုင်းပြည်တိုးတက်သွားတယ် ဆိုတဲ့ ဥပမာသမိုင်းမှာ မရှိခဲ့ဘူးပါဘူး။ လူမျိုးဆိုတာ တကယ်တော့ ပညတ်ပါပဲ။ လူသာလျင်အဓိကဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ အတူတစ်ကွနေပြီး တိုးတက်သွားတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီးရှိပါတယ်။ အမေရိကန်ကို ကြည့်ပါ။ အရေးကြီးတာက တိုင်းပြည်ကြွယ်ဝချမ်းသာဖို့ပါ။ လူမျိုးတိုင်း မိမိယုံကြည်ရာ ဘာသာတရားကို စိတ်အေးချမ်းသာစွာ ကျင့်ကြံအားထုတ်နိုင်ကြဖို့ စိတ်ထားတတ်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။




In religion

The Arabic letters of the opening phrase of the Qur'an sum to the numerical value 786 in the system of Abjad numerals. Not all Muslims place emphasis on this numerological analysis; however, some mostly in Pakistan, India, Myanmar and Bangladesh use 786 as a substitute for Bismillah ("In the name of Allah" or "In the name of God").

Numerology

The total value of the letters of "Bismillah al-Rahman al-Rahim" according to one Arabic system of numerology is 786. 
There are two methods of arranging the letters of the Arabic alphabet. One method is the most common alphabetical order (used for most ordinary purposes), beginning with the letters Alif
ا, ba ب, ta ت, tha ث etc.

The other method is known as the Abjad numerals' method or ordinal method. In this method the letters are arranged in the following order: Abjad, Hawwaz, Hutti, Kalaman, Sa'fas, Qarshat, Sakhaz, Zazagh; and each letter has an arithmetic value assigned to it from one to one thousand.
(This arrangement was done, most probably in the 3rd century of Hijrah during the 'Abbasid period, following the practices of speakers of other Semitic languages such as Aramaic, Hebrew, Syriac, Chaldean etc.)

If you take the numeric values of all the letters of the Basmala, according to the Abjad order, the total will be 786.

In the Indian subcontinent the Abjad numerals have become quite popular. Some people, mostly in India and Pakistan, use 786 as a substitute for Bismillah ("In the name of Allah" or "In the name of God").

They write this number to avoid writing the name of God, or Qur'anic verses on ordinary papers, which can be subject to dirt or come in contact with 'unclean' materials. This practice does not date from the time of Muhammad and is not universally accepted by Muslims.
 

Uses of the Abjad system

Before the introduction of the Hindu-Arabic numerals, the Abjad numbers were used for all mathematical purposes. In modern Arabic, they are primarily used for numbering outlines, items in lists, and points of information. In English, points of information are sometimes referred to as "A", "B", and "C", and in Arabic, they are "
أ‎", then "ب‎", then "ج‎", not the first three letters of the modern hijāʼī order.

The Abjad numbers are also used to assign numerical values to Arabic words for purposes of numerology. The common Islamic phrase
بسم الله الرحمن الرحيم bism illāh ir-ramān ir-raḥīm ("in the name of God, the merciful, the compassionate" see Basmala) has a numeric value of 786 (from a letter-by-letter cumulative value of 2+60+40 + 1+30+30+5 + 1+30+200+8+40+50 + 1+30+200+8+10+40), and the word "Allah" (God) by itself has the value 66 (1+30+30+5).






ā/' ا 1 y/ī ي 10 q ق 100
b ب 2 k ك 20 r ر 200
j ج 3 l ل 30 sh ش 300
d د 4 m م 40 t ت 400
h ه 5 n ن 50 th ث 500
w/ū و 6 s س 60 kh خ 600
z ز 7 ` ع 70 dh ذ 700
H ح 8 f ف 80 D ض 800
T ط 9 S ص 90 Z ظ 900




gh غ 1000


A few of the numerical values are different in the alternative abjad order. 
…………..by Myint Myat Thu

တမန်တော်မြတ်၏ မမေ့ပျောက်နိုင်သော သမိုင်းဝင် မိန့်ခွန်းတော်


တမန်တော်အပေါင်း၏ အချုပ်တံဆိပ်တော်ဦးစီးခေါင်းဆောင် ၊ တမန်တော်မြတ်ကြီးမုဟမ္မဒ်(ဆွ) သက်တော် ၆၃ နှစ်အရွယ် ဇွလ်ဟဂ်ျလ ၈ ရက်နေ့တွင်နောက်ဆုံးအကြိမ်ဟဂ်ျဝတ်ပြုစဉ် အာရာဖသ် ကွင်းပြင်တော်၌ မိန့်ကြားခဲ့သောသမိုင်းဝင် မိန့်ခွန်းတော် -

““ ချီးမွမ်းထောမနာခြင်းဟူဟူသမျှသည် အလ္လာဟ်အရှင်မြတ်အဖို့သာတည်း။
သို့ကြောင့် ကျွန်ုပ်တို့သည် အရှင့်ကို ချီးမွမ်းထောမနာပြုကြပါ၏။အရှင်မြတ်၏ ခွင့်လွှတ်ခြင်းကို ရှာဖွေကာ အရှင့်ဘက်သို့လှည့်ပါ၏။

ကျွန်ုပ်တို့ (All Human) စိတ်တွင်းရှိ မကောင်းမှုများမှလည်းကောင်း၊ ကျွန်ုပ်တို့
(All Human) လုပ်ကိုင်ဆောင်ရွက်မှုများမှထွက်ပေါ်လာမည့်မကောင်းမှုများမှ
လည်းကောင်း၊ အရှင်ထံတော်တွင်ခိုလှုံခွင့်တောင်းခံပါ၏။

””အို - လူအပေါင်းတို့၊ ကျွန်ုပ်၏စကားကို နားဆင်ကြပါလော့၊အဘယ်ကြောင့်ဆိုသော်
ဤနှစ်ဟဂ်ျရာသီပြီး၌ ကျွန်ုပ်တို့ပြန်လည်တွေ့ဆုံနိုင်မည်၊ မတွေ့ဆုံမည်ကို မသိရှိသောကြောင့်ပင်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ

-အို - လူခပင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အားယောက်ျားမိန်းမတစ်ယောက်ဆီမှ
ဖန်ဆင်းခဲ့ပြီး အသင်တို့အချင်းချင်းတစ်ဦးကိုတစ်ဦးမှတ်မိကြအံ့သောငှာ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ်ပြုလုပ်တော်မူခဲ့၏။

ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား)ချစ်မြတ်နိုး ကြောက်ရွံ့ဆုံးသော၊
အပြစ်များမှ အများဆုံးကြဉ်ရှောင်သောဖြောင့်မတ်မှန်ကန်သူသာလျှင်
အလ်လာဟ်အရှင်မြတ်ထံတော်ဝယ် အမြင့်မြတ်ဆုံးသောသူဖြစ်၏။
(ကုရ်အာန် ၄၉း၁၄)

အရှင်မြတ်ထံတော်ပါးတွင်ရှိသည့် သာလွန်မှုမှလွဲ၍ ၊ အာရပ်တစ်ဦးသည်အာရပ်မဟုတ်သူတစ်ဦးထက်သည် သာလွန်သည်မဟုတ်သလို၊ အာရပ်မဟုတ်သူတစ်ဦးသည်လည်းအာရပ်တစ်ဦးထက် သာလွန်သည်မဟုတ်။ အဖြူသည်လည်း အမဲထက်မသာလွန်၊ အမဲသည်လည်းအဖြူထက်သာလွန်သည်မရှိချေ။ လူသားအားလုံးသည် အာဒမ်၏အဆက်အနွယ်သားမြေးများဖြစ်ကြပြီး ရွှံ့စေးမြေဖြင့်သာ ဖန်ဆင်းခံရ၏။မျက်မှောင့်ပြုကြလော့၊ သွေးကြွေးကြောင့် လည်းကောင်း၊ဥစ္စာဓနကြွေးများကြောင့်လည်းကောင်း လက်တုန့်ပြန်မှုအားလုံးကိုငါ၏ခြေမှောက်ရောက်စေလျက် သင်ပုန်းချေလိုက်ပြီဖြစ်သည်။ကအ်ဘာကျောင်းတော်ကို ထိန်းသိမ်းခြင်းနှင့် ဟာဂျီများကို
ရေပေးဝေခြင်းမှအပကျန်သမျှခပ်သိမ်းကား ကြွင်းကျန်မနေတော့ပြီ။

အို - ကိုရိုက်ရှ်အမျိုးသားတို့ ၊ အချို့သူများက မိမိတို့၏ ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ရှေ့တော်မှောက်တွင် နောင်တမလွန်ဘ၀ ဆုလာဘ်တော်များနှင့် ရှိနေစဉ်တွင်အသင်တို့သည် တရားစီရင်မည့် ထိုသည့်နေ့တော်ကြီးတွင်ဤလောကီဝန်ထုပ်ဝန်ပိုးများဖြင့် ပြည့်နှက်လျက်ရှိမနေစေလင့်။ဤသို့သောအခြေအနေတွင် ငါသည် အရှင်မြတ်နှင့်ဆန့်ကျင်လျက်အသင်တို့နှင့်အတူရှိနေမည်မဟုတ်ချေ။မျက်မှောက်ပြုကြလော့၊ အတိတ်ခေတ်က အကျင့်ဆိုးအားလုံးသည်ငါ၏ခြေအောက်ရောက်စေပြီး သင်ပုန်းချေလိုက်ပြီ၊ ချေမှုန်းပစ်လိုက်ပြီဖြစ်၏။အတိတ်ခေတ်က လက်တုန့်ပြန်မှု၊ သွေးထွက်သံယို ကလဲ့စားချေတိုက်ခိုက်မှုများ၊ရန်ငြိုးရန်စအားလုံးကို လွတ်ငြိမ်းစေလိုက်ပြီ၊ ဥပက္ခာပြုလိုက်ပြီ၊သင်ပုန်းချေလိုက်ပြီ၊ ပယ်ဖျက်လိုက်ပြီ။

အို - လူသားအပေါင်းတို့၊ အမှန်ပင်၊ အသင်တို့သည် အသင်တို့၏ ဇနီးမယားများအပေါ်တွင် အခွင့်အရေးရှိသကဲ့သို့အသင်တို့ဇနီးမယားများသည်လည်းအသင်တို့အပေါ်အခွင့်အရေးတန်းတူရှိသည်သာ။ အသင်တို့ဇနီးမယားများအားအိမ်ထောင်ရေးဆိုင်ရာအခွင့်အရေးပေးလျက် ဂုဏ်သိမ်ချီးမြင့်ရန်အသင်တို့အပေါ်တာဝန်တင်ပြီး သင့်လျော်မှုမရှိသော မမျှတသည့် အမှုမျိုးကိုမကျူးလွန်ကြလင့်။ သို့သော် (သင်တို့၏ဇနီးမယားများက စတင်၍)ထိုသို့ကျူးလွန်ကြပါလျှင် သူတို့အား အိပ်ယာခွဲရန်နှင့် ပြင်းထန်မှုမရှိသောအပြစ်ပေးရန် အခွင့်ရှိပေသည်။

အကယ်၍ အသင်တို့ဇနီးမယားများသည် စောင့်စည်းထိန်းသိမ်းသော ကာယိနြေ္ဒပိုင်ရှင်များဖြစ်ကြပါလျှင် သူတို့အား အ၀တ်တန်ဆာစီလျော်လျောက်ပတ်စွာဆင်ယင်ပေးခြင်းနှင့် ကောင်းမွန်တင့်တယ်စွာကျွေးမွေးခြင်းကို မလင့်ဟင်းကြစေလင့်။မှတ်သားလော့၊ အသင်ဇနီးမယားတို့အနေဖြင့် အသင်တို့ခင်ပွန်းသည်များ၏ခွင့်ပြုချက်မရဘဲ ပစ္စည်းတစ်စုံတစ်ရာကိုတစ်ပါးသူအားပေးကမ်းခြင်းမပြုကြလင့်။မှတ်သားလော့၊ အမျိုးသမီးများအား ကောင်းမွန်သိမ်မွေ့စွာ ဆက်ခံကြလော့။အမျိုးသမီးများနှင့်ပတ်သက်၍မူ အလ္လာဟ် အရှင်မြတ်အားကြောက်ရွံ့ကြလော့၊ ဧကန်ပင်၊ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏လုံခြုံစေခြင်းကာကွယ်မှုအပေါ်မှ သူမတို့အားဆောင်ယူခဲ့ကြသလို အရှင်မြတ်၏နုတ်ကပါတ်တော်များဖြင့် သူမတို့အား တရားဝင်စေခဲ့ကြသောကြောင့်ပင်။ချေးယူထားသည့် ငွေကြေးအားလုံးကို ပြန်လည်ပေးဆပ်ကြရမည်။

ချေးယူထားသည့်ပစ္စည်းဥစ္စာများကိုလည်း ပြန်လည်ပေးဆပ်ကြရမည်။ မိမိရရှိသည့် လက်ဆောင်ပဏ္ဍာများကိုလည်း အတုန့်အလှည့်ဖြင့်ပြန်လည် လက်ဆောင်ပေးသင့်လေသည်။ မိမိတို့ထံ (တစ်စုံတစ်ယောက်က) စိတ်ချယုံကြည်စွာအပ်နှံထားသည်များမှအကြောင်းတစ်ခုခုကြောင့် အပ်နှံသူတစ်စုံတစ်ရာဆုံးရှုံးခဲ့လျှင် ထိုသူသည် အကောင်းဆုံးပြုလုပ်ပေးခြင်းဖြင့်အပ်နှံသူကို ကျေနပ်စေရမည်။ အသင်တို့၏ အခိုင်းအစေများနှင့်ပတ်သတ်၍မူအသင်တို့ကိုယ်တိုင်စားသောက်သည့်အတိုင်း သူတို့အားကျွေးမွေးကြပါလေ။အသင်တို့ဝတ်ဆင်သည့်အတိုင်း သူတို့အား ဆင်ယင်ပေးပါလေ။ကျွန်ုပ်၏နောက်တွင် လမ်းမှားသို့မလိုက်မိစေရန်လည်းကောင်း၊တစ်ယောက်၏လည်ကုပ်ကို တစ်ယောက်ညှစ်သကဲ့သို့သတ်ပုတ်ခိုက်ရန်ဖြစ်ပွားခြင်းမရှိစေရန် စောင့်စည်းထိန်းသိမ်းကြပါလေ။

အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်း မှုတို့မှာ တူကြသည်မဟုတ်ပေ၊(သို့ဖြစ်ပေရာ) အသင်သည် (မကောင်းမှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်၏အကြား၌ ရန်ငြိုးရှိသော်လည်းထိုသူသည် မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။(ကုရ်အာန် ၄၁း၃၅)

** ကုရ်အာန်ကိုစွဲမြဲစွာကိုင်ထားရမည် **

Special thanks to brother ကျော်ဇေယျာဦး

အစ္စလာမ့်ဆန့်ကျင်ရေးစာများကို ပြန်လည်ဖြေရှင်း

Internet Email, Gmail များတွင် တွေ့သိနေရသော အစ္စလာမ့်ဆန့်ကျင်ရေးအတွက် အဓိပ္ပါယ်မဲ့စွာ ယိုးစွပ် တင်ပြချက်များကြောင့် မွတ်စလင်မ်လူငယ်များမှားယွင်းစွာ သုံးသပ်၊ ဆုံးဖြတ်၊ မပြုလုပ်မိစေရန် တင်ပြအပ် ပါသည်။ ယင်းစွပ်စွဲစော်ကားမှုများသည် (၁) အလ္လာဟ်အရှင်မြတ်အပေါ်၊ (၂)တမန်တော်မုဟမ္မဒ်(ဆွ)အပေါ် (၃) အစ္စလာမ်နှင့် (၄) မွတ်စလင်မ်ထုအပေါ်တွင်ပြုလုပ်ထားကြခြင်းဖြစ်ရာ အလ္လာဟ်အရှင် ကိုဆဲဆိုထားသော စာသားများပါရှိနေသဖြင့် ထာဝရဘုရားကိုယုံကြည်မှုရှိသောခရစ်ယာန်နှင့် ဖန်ဆင်းရှင်ကိုယုံကြည်သော ဟိန္ဒူ ဘာသာဝင်များရေးသားချက်မဟုတ်နိုင်ကြောင်း သာမန်ကောက်ချက်ချ မိနိုင်ပါသည်။

အမှန်ဆိုရသော် ဖန်ဆင်းရှင်ကို လက်မခံသော ဗုဒ္ဓဘာသာဝင်များလည်းမည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း လွယ်ကူစွာပင်သိနိုင်ပါသည်။ အကြောင်းမှာ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ငါးပါးသီလကို အထူးစောင့်ထိန်းရပါ သည်။ ငါးပါးသီလထဲတွင် မုသားပြောခြင်းကိုရှောင်ကြည်ရခြင်း သည်လည်းတစ်ပါးအပါအ၀င်ဖြစ်ရာ "တမန်တော်မြတ်၌ ဇနီးအယောက် (၆၁)ယောက်ရှိသည်ဟုနာမည်များဖြင့် လုပ်ကြံရေးသားမှုများပါဝင်နေ သဖြင့် " ငါးပါးသီလကိုကျိုးပေါက်ရာရောက်စေသဖြင့် စစ်မှန်သော ဗုဒ္ဓ၀ါဒီတစ်ဦးမှာ ထိုအမှုကိုကျူးလွန်မည် မဟုတ်ပါ။ ကျန်စွပ်စွဲတင်ပြချက်များသည်လည်းမုသားဆင်ထားမှုများသာ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် မိမိကိုယ်၌ကလည်းယဉ်ကျေးသိမ်မွေ့ပြီး၊ တစ်ပါးသူကိုလည်း လိမ္မာယဉ်ကျေးလာ အောင် ပြုပြင်ပေးတတ်သော စိတ်ထားကိုထားတတ်ကြသည်မှာ ဗုဒ္ဓတရားတော်၏ အနှစ်သာရဖြစ်ပါသည်။ "သူတစ်ပါးကိုဆုံးမသောနည်းအတိုင်း မိမိကိုယ်တိုင်လိုက်နာပြုကျင့်ရာ၏။မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှ သူတစ်ပါးကို ဆုံးမရာ၏။ မိမိကိုယ်ကိုယဉ်ကျေးအောင်ဆုံးမရခြင်းသည် ခဲယဉ်းလှစွာတကား" (ဓမ္မပဒ-၁၅၉)

မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် လူကြီးသူမတို့သည် မိမိတို့၏သားမြေးတို့အားဆုံးမသွန်သင်လေ့ရှိသော စကားတစ်ခွန်း မှာ - "အမိယုတ်က နှုတ်ကြမ်း၍ အဖယုတ်က အမူအယာကြမ်း၏" ဟူ၍ ဖြစ်ရာ မိယုတ်၊ဖယုတ် တို့မှာ နှုတ်၊ အမူအယာကြမ်းသည်ဟု အဓိပ္ပါယ်သက်ရောက်ကာမိမိမိုက်မဲမှုကြောင့် မိဘများ၏ ဂုဏ်သိက္ခာကို ထိပါးရာရောက်စေသဖြင့် ဤအပြုအမူမျိုးကိုရှောင်ရှားတတ်သည်ဖြစ်ရကား ယခုကဲ့သို့ယုတ်ညံ့သော စကား များကို ဆိုဝံ့သူတို့မှာ နိုင်ငံသားကောင်းတစ်ဦးလည်းမဖြစ်တန်ရာပေ။

ယင်းတို့၏ရေးသားချက်များတွင် ဘာသာရေးရန်တိုက်ပေးခြင်း၊ လူမျိုးရေးမုန်းတီးစိတ်များဖြစ်စေရန် သွေးထိုး ပေးခြင်းဖြင့် ရှုတ်ထွေးမှုများ၊မတည်ငြိမ်မှုများဖြစ်လာအောင် တိုက်ထွန်းထားပေရာ ဤသည်လည်း ဗုဒ္ဓဘာသာ ၀င်တစ်ဦး၏ ဂုဏ်သိက္ခာဖြင့် လုံးဝညီညွတ်ခြင်းမရှိကြောင်းတွေ့ရပြန်ပါသည်။

"သူတော်ကောင်းသည် သူနှစ်ယောက်တို့၏ညီညွတ်မှုကို ဖျက်စီးတတ်သောကုန်းတိုက် စကားပြောခြင်းကို ရှောင်ကြဉ်၏။ စိတ်ဝမ်းကွဲသောသူတို့ကိုစေ့စပ်၏။ ညီညွတ်ပြီးသောသူတို့ကို အမြဲညီညွတ်အောင် ကူညီ၏။ ပြောဆို၏။"(မဇ္ဈိမနိကာယ်၊ ဆဗ္ဗိသောဓနသုတ်)။

သို့ရှိရာ မွတ်စလင်မ်လူငယ်တို့သည် Internet Email, Gmailများတွင်တွေ့နေရသော အစ္စလာမ်ဆန့်ကျင် ရေး၊ မွတ်စလင်မ်မုန်းတီးရေးဝါဒဖြန့်စာသားများကို ရေးသားတင်ပြနေသူမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်ဟု တွေး မထင်ကောင်းပါ။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ထိုသို့သောအောက်တန်းကျသည့်အမှုအား ဘယ်နည်းဖြင့်မျှ မပြု လုပ်နိုင်ပါ။ ထိုသို့ အသိမရှိဘဲနှင့်အထင်မှားမိပါက မိမိ၌ပင် အပြစ်ဖြစ်စေနိုင်ပါသည်။

"အို-ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်များစွာသောထင်မြင်ယူဆချက်များမှရှောင် ကြဉ်ကြလေကုန်။ ဧကန်အမှန် အချို့သောထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။" (ကုရ်အာန် ၄၉း၁၂)

(၁) အစ္စလာမ်တွင် စစ်ပွဲများကို ခွင့်ပြုထားရခြင်း မက္ကာဟ်သားမုရှရီက်တို့၏ စော်ကားမှု၊ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုများကိုတမန်တော်မုဟမ္မဒ် (ဆွ)ကို လက်ခံခဲ့ကြသောသူတို့မှာ ဒလစပ်ခံခဲ့ကြရပြီး၊ အလ္လာဟ်ဘက်မှ ပြန်လည်တုံ့ပြန်၍ အခွင့်အရေးမပေးသေးသဖြင့် နင်းပြားဘ၀သို့ရောက်ခဲ့ရပုံမှာ ကမ္ဘာ့သမိုင်းပညာရှင်တို့ အတွက် ကရုဏာသက်ဖွယ်တစ်ရပ်အဖြစ်မှတ်တမ်းဝင်ခဲ့ရပါသည်။ အလ္လာဟ်အရှင်၏ ရည်ရွယ်ချက်မှာ အစ္စလာမ်သည်မွန်မြတ်မှန်ကန်သော လမ်းစဉ်အယူဝါဒဖြစ်ကြောင်းကို လက်တွေ့ပြသရန်ရည်ရွယ်သည် ဖြစ်ရကား အစတွင်မေတ္တာတရားကို ကိုယ်ထင်ပြဖို့ငုံ့ခံခိုင်းခဲ့ပါသည်။ ပြီးနောက်မှ သစ္စာတရားကိုခိုဝင်ကြဖို့ တုံ့ပြန်ခိုင်းပါသည်။

အစ္စလာမ်သာသနာတွင် စစ်ပွဲဆင်နွှဲရန်ခွင့်ပြုထားသော်လည်း သဘာဝကျသောသာသနာ၊ လက်တွေ့ဆန် သောသာသနာ၊ လွယ်ကူရိုးရှင်းသောသာသနာ၊ တရားမျှတကိုမျက်ခြေအပြတ်မခံသောသာသနာ၊ မေတ္တာ တရားကို အပျိုရည်မပျက်စေသောသာသနာ၊ အမှန်တရားနှင့်ယှဉ်သောသာသနာဖြစ်သည့် အားလျော်စွာ စည်းကမ်းချက်များကိုတင်းကြပ်စွာချမှတ်ထားပါသည်။

"လာရောက်တိုက်ခိုက်သူတို့အား ပြန်တိုက်ကြလေကုန်။" (ကုရ်အာန် ၂း၁၉၁) အစ္စလာမ်တွင် ခုခံစစ် သက်သက်ကိုသာ ခွင့်ပြုထားပြီး၊ ကျူးကျော်စစ်ဟူသမျှကို အားမပေးပါ။ မထောက်ခံပါ။ မပြုခိုင်းပါ။ ဤသို့ တရားသော ခုခံစစ်၊ ပြန်တိုက်ခွင့်ကို ခွင့်ပြုခဲ့သည့် အချိန်မှာဟစ်ဂျရီ (၂)ခုနှစ်၊ ဆွဖရ်လ ၁၂ ရက်နေ့တွင် ဖြစ်ရာ တမန်တော်သက်တော်(၅၅)နှစ်ရောက်မှသာဖြစ်ပါသည်။ တနည်းဆိုသော် မွတ်စလင်မ်တို့သည် ၁၅နှစ် လုံးလုံး အနိုင်ကျင့်ခံဘ၀ဖြင့် နေထိုင်ခဲ့ကြရပါသည်။

"အလ္လာဟ့်လမ်း၌ အသင်တို့ကိုတိုက်ခိုက်လာသူတို့အား တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင်အသင်တို့သည် စည်းဖောက်သူများ မဖြစ်ကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် စည်းကမ်း၊ ဖောက်ဖျက်သူတို့အား နှစ်သက် တော်မမူပေ။ လာရောက်တိုက်ခိုက်သူတို့အား တွေ့ရှိရာအရပ်၌ သုတ်သင်ကြလေကုန်။ အသင်တို့ကိုနှင်ထုတ် ခဲ့ကြသောနေရာမှ အသင်တို့ကလည်း ပြန်လည်နှင်ထုတ်ကြလေကုန်။ ညှဉ်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပို၍ဆိုးရွားလှ ပေသည်"ကုရ်အာန် (၂း၁၉၀-၁၉၁)

အလွန်ရိုးစင်းလှသော စည်းကမ်းလမ်းညွှန်ပင် - (က) အလ္လာဟ့်လမ်း၌ လာရောက်တိုက်ခိုက်သူတို့အား ပြန်တိုက်ရန် (ခ) စည်းမကျူးကြရန် (ဂ) ကျူးကျော်သူကို တွေ့ရာအရပ်၌ နှိမ်နှင်းရန် (ဃ) မိမိတို့ပိုင်ဆိုင် သောနေရာမှာ ပြန်လည်နှင်ထုတ်ရန်ဟုသာဆက်တိုက်ပြောထားရာ (၁) မိမိအိမ်၌ မိမိနေသော (၂) မိမိ အလုပ် မိမိလုပ်နေသော (၃)မိမိနေရာ၌ မိမိရှိနေသော (၄) မွတ်စလင်မ်တို့အား မကျူးကျော်သော ၊မစော်ကားသော သူတို့အား ဘာတစ်ခုမျှ ပြုလုပ်ရန် ညွှန်ကြားထားချက် မရှိပါ။ မပါပါ။

အစ္စလာမ်တွင် ခုခံစစ်ကို ခွင့်ပြုရခြင်း၏ ရည်ရွယ်ချက်မှာ "ညှင်းပမ်းမှုလုံးဝ ပပျောက်သွားသည့်အထိ၊ သာသနာ သည် အလ္လာဟ့်အတွက်ဖြစ်သည့်တိုင် ပြိုင်ဆိုင်တိုက်ခိုက်ကြလေကုန်။ သို့ရာတွင် ထိုသူတို့သည် စစ်တိုက် ခြင်းကို ရပ်စဲကြပါလျှင် ညှင်းပမ်းနှိပ်စက်သူတို့မှတစ်ပါးအခြားသူများကို ရန်လိုစရာ အကြောင်းမရှိပေ။" (ကုရ်အာန် ၂း၁၉၃) "သာသနာရေး၌ အဓမ္မစနစ် မရှိစေရ။" (ကုရ်အာန် ၂း၂၅၆) သို့ရှိပေရာ အစ္စလာမ်တွင် စစ်တိုက်ခွင့်ရှိသည်ဟုဆိုရာ၌ - (က) တရားသောခုခံစစ်သာ ဖြစ်ရပေမည်။ (ခ) ကျူးကျော်စစ် လုံးဝမဖြစ်စေရ။ (ဂ) စည်းကမ်းမဖောက်ရ။ (ဃ) ညှင်းပမ်းနှိပ်စက်မှုမရှိစေရ (င) စစ်ပြေငြိမ်းပါက ရန်မလိုရဟူသောအချက် များနှင့်အညီသာပြုခွင့်ပေးထားခြင်းသာဖြစ်ပါသည်။ အစ္စလာမ်သည် ဘာသာအယူဝါဒမတူသူများနှင့် ငြိမ်းချမ်း စွာ အတူနေထိုင်ခွင့်ရှိသည်။ " အိုလူသားအပေါင်းတို့၊ ငါအရှင်သည် အသင်တို့အား တစ်မိတစ်ဖတည်း မှဖန်ဆင်း ပြုလုပ်တော်မူခဲ့သည်။"(ကုရ်အာန် ၄၉း၁၃)

ဤအာယသ်တော်သည် လူသားအပေါင်းတို့သည် ကမ္ဘာအိမ်ထောင်စုကြီးဖြစ်သည် ဟုဖော်ညွှန်းထားခြင်းဖြစ် သည်။ အစ္စလာမ်က ဤအတိုင်းပင်ခံယူထားပါသည်။ "အသင်တို့အား ဘာသာရေး၌ မတိုက်ခိုက်သူများ၊ အသင်တို့အား အိမ်များမှမနှင်ထုတ်သူများအား ကောင်းကျိုးပြုပေးခြင်းနှင့် တရားမျှတစွာဆက်ဆံခြင်းကို ငါအရှင်မြတ်ကမတားမြစ်ပါ။" (ကုရ်အာန် ၆၀း၈) "အသင်တို့သည် လူသားထုတစ်ရပ်လုံးအတွက် အကောင်း ဆုံးပေါ်ထွက်လာသူများပင်။" (ကုရ်အာန် ၃း၁၁၀) "ထို မယုံကြည်သူတို့အား ခွင့်လွှတ်ပါ။ ငြိမ်းချမ်းရေး ပြောပါ။ သူတို့သည် မကြာမီ သိလာကြမှာပါ။" (ကုရ်အာန် ၄၃း၈၉) "မွတ်စလင်မ်ဟူသည် လူသားတို့အားသူ၏ နှုတ်ဖြင့်လည်းကောင်း၊ သူ၏လက်ဖြင့်လည်းကောင်း ငြိမ်းချမ်းရာရစေကြောင်း ဖန်တီးပေးသူသာဖြစ်၏ "(တမန်တော်မြတ် ၏နောက်ဆုံး ဟဂ်ျမိန့်ခွန်း)

အစ္စလာမ်ကပြဆိုသော အိမ်ထောင်ရေး ကမ္ဘာပေါ်တွင်ရှိသော ဘာသာသာသနာအသီးသီးသည် ကြည်ညို လေးစားဖွယ်ရာအပေါင်းနှင့်ပြည့်နှက်နေပါသည်။ ကိစ္စရပ်များအတွက်လည်းစည်းကမ်းနည်းလမ်းများ ချမှတ် သွန်သင်ထားပါသည်။ အိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်၍ ညွှန်ကြား ပြသရာ၌ အစ္စလာမ်သည်အပြည့်စုံဆုံးဟု ဆိုရပေမည်။ မည်သည့်အယူဝါဒကမျှ အမျိုးသားသည် ဇနီးမယားဘယ်နှစ်ဦးယူခွင့်ရှိသည်ကို တိတိပပ ပြောဆိုထားခြင်းကို မတွေ့ရပေ။ ယဉ်ကျေးမှုဓလေ့ထုံးထမ်းအရသာအိမ်ထောင်သားမွေးပြုကြပြီး တစ်လင်တစ် မယားစနစ်ကို အများအားဖြင့်ကျင့်သုံးနေကြပါသည်။

အစ္စလာမ်သည် သဘာဝကျသော သာသနာဖြစ်သည့်အားလျှော်စွာ အမျိုးသားတစ်ဦးအားဇနီးတစ်ယောက်သာ ယူရမည်ဟုပြောမထားပါ။ ဤသို့သတ်မှတ်ထားပါက အချို့သောသူများအတွက် ပြဿနာများပေါ်ပေါက် လာနိုင်ပါသည်။ သို့သော်တစ်လင်တစ်မယားစနစ်သည်သာ အကောင်းဆုံးဖြစ်ကြောင်းကိုတော့ ပီပြင်စွာ တင်ပြထားသည့်တစ်ခုတည်းသော သာသနာဖြစ်ပါသည်။

အသင်တို့သည် ခိုကိုးရမဲ့ မိဘမဲ့ကလေးများနှင့်ပတ်သက်၍ တရားမျှတမှုအတွက်စိုးရိမ်မကင်းဖြစ်ပါမူ အမျိုးသမီးတစ်ဦး (သို့မဟုတ်) အသင်တို့လက်ယာလက်ကပိုင်ဆိုင်သော ကျွန်မ တစ်ဦးနှင့်ပင် လက်ထပ်ရပေ မည်။(ကုရ်အာန် ၄း၃) ဤအာယသ်တော်အား ခွဲခြမ်းစိစစ်သော်-(က) မိဘမဲ့ ကလေးများကိုစာနာသနားမှု (ခ) တရားမျှတမှုကိုရှေ့တန်းတင်ခြင်း(ဂ) တစ်ဦးတည်းယူရန်အသားပေးခြင်း (ဃ) ကျေးကျွန်ကိုဂုဏ်ပေးကာ သူကောင်းပြုစေမှုတို့ပါဝင်နေသည်မှာ ထင်ရှားနေပါသည်။

တမန်တော် မုဟမ္မဒ် (ဆွ) ခေတ်အချိန်၌ ကျွန်ပိုင်ရှင်စနစ်ထွန်းကားနေပြီးကျွန်လူတန်းစားတို့ခမျာမှာလည်း အနှိမ်ခံ၊ အနိုင်ကျင့်ခံဘ၀မျိုးဖြင့် အဆင့်အတန်းနိမ့်ကျကာ လူဖြစ်ကျိုးမနပ်ဖြစ်နေကြရရှာပေသည်။ သို့ရှိရာ အစ္စလာမ်သည် လူလူချင်းတစ်ဘက်သတ်အနိုင်ကျင့်မှုကို လက်မခံ၊ အားမပေးသောသာသနာဖြစ်သည့် အားလျှော်စွာ ကျွန်စနစ်ပပျောက်ရေးကို လက်တွေ့အကောင်အထည်ဖော်ကာ ရှေ့တန်းကရပ်တည်ဆောင် ရွက်ခဲ့ပါသည်။ သည့်အတွက်ကြောင့်ပင် အစ္စလာမ့်မဏ္ဍိုင်ကြီး (၅) ရပ်အနက်မှတစ်ရပ်အပါအ၀င်ဖြစ်သော ဇကားသ်(သန့်စင်ဒါန) ငွေကြေးကို ပေးသည့်အခါ၌ "ကျွန်ဘ၀မှ လွတ်မြောက်စေရန်" အတွက်ပါပေးကြရန် မိန့်ကြားထားပါသည်။(ကုရ်အာန် ၉း၆၀)။ ထို့ပြင် ဂျန္နသ်သို့စံမြန်းရမည့်သူတော်ကောင်း တို့၏အရည်အချင်း ကိုဖော်ကျူးရာတွင်လည်း - "ကျွန်တစ်ဦးကိုလွတ်မြောက်စေမှု" သည်လည်းတစ်ရပ်အပါအ၀င်ဖြစ်နေပြန်ပါ သည်။}} (ကုရ်အာန် ၉၀း၁၃) အစ္စလာမ်သည် ကျွန်လူတန်းစားကိုသနားကြင်နာခိုင်းပါသည်။ ကယ်တင် ခိုင်းပါသည်။ ကောင်းမွန်ရာကိုပြုစေပါသည်။ "ကြင်ဖော်မရှိသော ယောက်ျား-မိန်းမတို့အားလည်းကောင်း၊ ကောင်းသောကျွန်-ကျွန်မများကိုလည်းကောင်း ထိမ်းမြားပေးကြပါလေ။" (ကုရ်အာန် ၂၄း၃၂)

အစ္စလာမ်သည် ဘာသာခြားအမျိုးသမီးများကိုယူ၍ သာသနာမပြုခိုင်းပါ။"ယုံကြည်သူ မုရှ်ရီက်ထက်စာလျှင် ယုံကြည်သူ ကျွန်မကပို၍ကောင်းမြတ်လှပေသည်။" (ကုရ်အာန် ၂း၂၂၁)

ဟစ်ဂျရီ ၂ ခုနှစ် ၊ ဆွဖရ်လ (၁၂)ရက်နေ့၌ စော်ကားကျူးကျော်သူတို့အားပြန်လည်ခုခံပိုင်ခွင့် ရရှိသွားသဖြင့် အများ ငြိမ်းချမ်းအတွက်မဖြစ်မနေစစ်ပွဲများကို မလွှဲမရှောင်သာဆင်နွှဲခဲ့ကြရလေရာ ခုခံစစ်ပွဲများ၌ကျဆုံးသွား သော ရှဟီဒီအာဇာနည်များ၏ ဇနီးမယားများမှာ မုဆိုးမဘ၀သို့ဆိုက်ရောက်သွားခဲ့ရပါသည်။ ဤသို့စစ်ပွဲများ ဖြစ်ပွားပြီးတိုင်း မုဆိုးမအရေအတွက်တိုးလာရာ သူမတို့၏ဘ၀လုံခြုံရေးအတွက်နှင့် အဖမဲ့ကလေးများ၏ ရပ်တည်ရှင်သန်ရေးတို့အတွက် အကာအကွယ်ပေးရန်နှင့် နွေးထွေးသောမေတ္တာပေးရန်လိုအပ်လာပါသည်။ ထို့အတွက်ကြောင့် တမန်တော်မုဟမ္မဒ် (ဆွ)က မိမိ၏နောက်လိုက် ဆွဟာဗဟ်တို့ကို မုဆိုးမများကို တရားဝင် ထိမ်းမြားယူကြပါရန်မိန့်ကြားရာတွင် ဆွဟာဗဟ်များကလည်း မန်တော်၏အဆိုအမိန့်ကို နာခံကြပါသည်။

ဤနေရာ၌သိထားအပ်သည်မှာ- မဒီနာရှိ အန်ဆွာရီ ဆွဟာဗဟ်တို့သည်  မိမိတို့၏ ဥစ္စာပစ္စည်းများအားမရှိရှာ သော ဆွဟာဗဟ်များကို မိမိတို့၏ပိုင်ဆိုင်မှုအနက်မှ ၅၀ရာခိုင်နှုန်းကိုပင် ပေးဝံ့သူများ၊ ပေးခဲ့ကြသူများဖြစ်ကြ သကဲ့သို့။ မက္ကာမှ မုဟာဂျီရီးန်ဆွဟာဗဟ်တို့သည်လည်း မိမိတို့ပိုင်ဆိုင်သောဥစ္စာပစ္စည်းများ၊ အိုးအိမ်များ အားလုံးကိုပင် စွန့်ဝံ့သူများဖြစ်ကြရာသူတို့၏ နှလုံးသားစိတ်အစဉ်တွင် စွန့်လွတ်အနစ်နာခံလိုစိတ်များ ဖြင့်သာထုံမွန်းနေသူများဖြစ်ကြောင်း နားလည်ရပါမည်။ အမျိုးသမီးများကိုတစ်ဦးထက်မက လက်ထက် ခဲ့ကြခြင်းမှာ အကာအကွယ်ပေးလိုမှုကြောင့်သာဖြစ်ပါသည်။ ကာမဂုဏ်လိုက်စားဖို့အတွက် တဏှာကျူးလွန် ရန်စိတ်ကူးမရှိပါ။ ဤသည်ကိုအလ္လာဟ်ကလည်း ပြင်းထန်စွာ သတိပေးထားပါသည်။

"မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်ကာမဂုဏ်လိုက်စားသူများအဖြစ်နှင့်မဟုတ်ဘဲ၊ ထိန်းသိမ်းစောင့်ရှောက်သူများ အဖြစ်နှင့်သာထိမ်းမြားကြလေကုန်။" (ကုရ်အာန် ၄း၂၄) အစ္စလာမ်သာသနာ၏ သင်ကြားချက်၌ မိမိမလုပ်သော အလုပ်ကို သူတစ်ပါးအားလုပ်ခိုင်းခြင်းကို အလွန်စက်ဆုပ်ဖွယ်ရာ အဖြစ် မှတ်ယူပါသည်။ "အသင်တို့ မပြုလုပ် သောကိစ္စကို အဘယ်အတွက်ကြောင့်ပြောဆိုနေကြပါသနည်း။ အလ္လာဟ့်ထံတွင် အသင်တို့မပြုလုပ်သော ကိစ္စကို ပြောဆိုခြင်းသည်အလွန်ပင်ရွံ့စရာကောင်းလှပေသည်။"(ကုရ်အာန်၆၁း၂-၃) ထို့ကြောင့် တမန် တော်မြတ် (ဆွ)သည် ဆွဟာဗဟ်များကို မုဆိုးမများကိုစောင့်ရှောက်ရန် သင်ကြားရာ၌ မိမိကိုယ်တိုင်လည်း လက်တွေ့စံပြပြုကျင့်ခဲ့ပါသည်။ သည့်အတွက်ကြောင့်လည်း တမန်တော်မြတ်၏ဇနီး(၁၁)ပါးတွင် အာအိရှာ သခင်မသာလျှင် အပျိုဖြစ်ကာ ကျန် (၁၀)ယောက်မှာမုဆိုးမများသာ ဖြစ်ခဲ့ကြပါသည်။

အာအိရှာသခင်မနှင့် ပတ်သက်၍ ယိုးစွတ်ချက်တစ်ခုမှာ တမန်တော်မြတ်(ဆွ)သည် သခင်မအား အရွယ် မရောက်သေးခင် ထိမ်းမြားခဲ့သည်ဟူ၍ ဖြစ်ပါသည်။ ဤသည်ယုတ္တိကင်းသော စွပ်စွဲချက်တစ်ခုသာဖြစ်ပါ သည်။ အစ္စလာမ်၏ သင်ကြားချက်၌(က) အရွယ်မရောက်သေးသောသူကို ထိမ်းမြားလက်ထက်ခွင့်မရှိပါ။ (ကုရ်အာန် ၄း၆)(ခ) အမွေတစ်ရပ်အနေဖြင့်လည်း အဓမ္မသိမ်းပိုက်ခွင့်မရှိပါ။ (ကုရ်အာန် ၄း၁၉) အစ္စလာမ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်မှုများရှိစဉ်အခါသမယ၌တမန်တော်ကိုယ်တိုင်က ကုရ်အာန်နှင့်ဆန့်ကျင် သော အမှုများကိုပြုခဲ့သည်ဟုဆိုပါလျှင် -(၁) အစ္စလာမ်ကို မလိုလားသည့်မက္ကာသား မုရှရီက်တို့၏ တွံတွေး ခွက်၌ပက်လက်မျောရမည့်အဖြစ်ပင်။ (၂) နောက်လိုက်တို့၏ စိတ်ကူးတွင်လည်း သူကိုယ်၌က မလိုက်နာသော မလုပ်နိုင်သောကိစ္စအား မိမိတို့ကိုခိုင်းစေသဖြင့် အလ္လာဟ်ရွံသောသူအဖြစ်ရှုမြင်သွားကာ အားလုံးက တမန်တော်အပါးမှ ဆုတ်ခွာသွားကြမည်မှာ ဧကန်ပင်။ (၃) တမန်တော်နှင့် ဆွဟာဗဟ်များအကြား၌ အတူ ရောနှောနေကြသော "မုနာဖိက်"အယောင်ဆောင်မွတ်စလင်မ်များအဖို့မူ တမန်တော်နှင့်ဆွဟာဗဟ်များ အကြား၌ဤကိစ္စကိုအကြောင်းပြု၍ သွေးခွဲရန်လည်း မဟာအခွင့်အရေးတစ်ရပ်ပင် မဟုတ်ပါလား။ သို့သော် -

(က) မက္ကာသား မုရှရီက်တို့၏ လက်ညှိုးထိုးကဲ့ရဲ့ခြင်းကို တမန်တော်မြတ်မခံခဲ့ရခြင်း (ခ) ဆွဟာဗဟ်တို့၏ အကြည်ညိုပျက်ခြင်းကိုလည်း မခံခဲ့ရခြင်း(အာအိရှာသခင်မ၏ ဖခင်ကြီးအပါအ၀င်) (ဂ) မုနာဖိက်တို့အတွက် သွေးခွဲစရာ၊ ၀ါဒဖြန့်စရာဖြစ်ရအောင် ဟာကွက်၊ ပျော့ကွက်မရှိခဲ့ခြင်းမှာ တမန်တော်သည် မိမိပြောသော စကားကိုမိမိကိုယ်တိုင် လိုက်နာခဲ့သောကြောင့်သာဖြစ်ပေသည်။ တမန်တော်မြတ်အား လူပျိုလူလွတ်ဘ၀၌ပင် မက္ကာခေါင်းဆောင်များသည်အစ္စလာမ်ကို ဆက်လက်မဟောကြားက အိုးအိမ်၊ ရတနာပစ္စည်း၊ မက္ကာမြို့ရဲ့ အာဏာနှင့်နှစ်သက်ရာအမျိုးသမီးများကို ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းလာရာတွင်တမန်တော်မြတ် (ဆွ) က ခါးခါးသီးသီးငြင်းဆန်ခဲ့ပါသည်။ တမန်တော်သည် အာဏာလည်းမမက်ပါ၊ စည်းစိမ်လည်း မမက်မောပါ။ မိန်းမ လည်း မက်မောခြင်းကင်းကြောင်းလက်တွေ့သက်သေထူခဲ့ပြီးပါပြီ။

သက်တော် (၂၅)နှစ်၌ မုဆိုးမတစ်ဦးဖြစ်သူ ခတီဂျာသခင်မနှင့်လက်ထပ်ထိမ်းမြားပြီး တစ်လင်တစ်မယားစနစ် ကို တာဝန်သိသိ၊ သိက္ခာရှိရှိထူထောင်သွားခဲ့သည်မှာ ခတီဂျာသခင်မကွယ်လွန်ချိန် တမန်တော်မြတ် သက်တော် (၄၈) နှစ်အထိပင် ဖြစ်ပါသည်။ ခတီဂျာသခင်မနှင့် (၂၃)နှစ်တာတစ်လင်တစ်မယားစနစ်ဖြင့် နေထိုင်ခဲ့သော တမန်တော်မြတ်အား လူပျိုဘ၀၌ရော၊အိမ်ထောင်သည်ဘ၀၌ပါ မိမိအား စွဲလန်းချစ်ခင်နှစ်သက် သောအမျိုးသမီးများစွာရှိခဲ့ရာ စိတ်ဝင်စားမှုလုံးဝမရှိခဲ့ဘဲ အားနည်းသူကျွန်များ၊ အမျိုးသမီးများဘက်မှ လူနည်းစုဘက်မှ ရပ်တည်ကာကွယ်ပေးရင်း၊ လူမှု့ဘ၀ကိုမြှင့်တင်ပေးခြင်း၊ အစ္စလာမ့်တရားကိုဖြန့်ချီရင်း ဖြင့်သာ မိမိဘ၀ကိုတန်ဘိုးရှိရှိ၊ သိက္ခာသမာဓိအပြည့်ဖြင့် နေထိုင်သွားခဲ့သဖြင့် ဘာသာမတူသူ ကမ္ဘာ့သမိုင်း ပညာရှင် တို့၏ လေးစားမှုကို အပြည့်အ၀ရရှိခဲ့ပါသည်။ ဤနေရာ၌ ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပြီး အိန္ဒိယ ပြည်၏ စံပြခေါင်းဆောင်ကြီးဖြစ်သော မဟတ္တမဂန္ဓီကြီး၏ စကားကိုကိုးကားဖော်ပြရပါသော်- "ကျွန်ုပ်တို့ ရိုးစင်း သော ၀တ်စားဆင်ယင်မှုနှင့် ရိုးစင်းသောဘ၀ကိုနှစ်သက်ခြင်းတို့မှာ တမန်တော်မြတ် မုဟမ္မဒ်ကို အားကျ၍ ဖြစ်ပါသည်။" "အကြင်သူတစ်ဦးသည် အစ္စလာမ်ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာမည်ဆိုပါက အစ္စလာမ်ဘာသာ ကို ကျွန်ုပ်ကဲ့သို့ပင် ချစ်ခင်လေးစားလိုစိတ်များတဖွားဖွားပေါ်ပေါက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

အစ္စလာမ်သည် အကြမ်းဖက်မှုကိုအားမပေး၊ အလ္လာဟ်သည် စစ်ကိုမလိုလား "၄င်းတို့သည် စစ်မီးကို မွှေးသော အခါတိုင်း အလ္လာဟ်အရှင်မြတ်သည် ထိုစစ်မီးကို ငြိမ်းစေ တော်မူခဲ့သည်။ ၄င်းပြင် ထိုသူတို့သည် ကမ္ဘာပေါ် ၀ယ်ပျက်စီးရာ ပျက်စီးကြောင်း ကြိုးပမ်း အားထုတ်ကြကုန်၏"(ကုရ်အာန် ၅း၆၄) "ထို့ပြင် ၄င်းတို့သည် သင် တို့ထံ စစ်မက်ကျေအေးရန်ကမ်းလှမ်းခဲ့ကြပါမူ၊ အလ္လာဟ် အရှင်မြတ်သည် အသင်တို့အား စစ်တိုက်ကြရန် မည်သည့်နည်းလမ်းကိုမျှ ခွင့်ပြုတော်မူမည် မဟုတ်ပေ။" (ကုရ်အာန် ၄း၉၀)

မျိုးပြုန်းသတ်ရန်ဝေးစွ၊ တစ်ဦးတစ်ယောက်ကိုပင် မတရားသတ်ဖြတ်ခွင့် မရှိ "မည်သူမဆို တစ်ဦးတစ်ယောက် အား အသက်တစ်ချောင်း၏အစားလည်းမဟုတ်၊ တိုင်းပြည်၌ သောင်းကျန်းဖျက်စီးမှုကြောင့်လည်းမဟုတ်၊ သတ်ဖြတ်ခဲ့ပါမူ ထိုသူသည် လူသားအားလုံးကို သတ်ဖြတ်သကဲ့သို့ပင်။" (ကုရ်အာန်၅း၃) တမန်တော်မြတ်သည် မက္ကာကို ပြန်လည်အောင်နိုင်သောအချိန်၌ ဖျက်စီးခဲ့သောနတ်ရုပ်ထုများမှာ တမန်တော် အာဒမ်(အ-စ) အုတ်မြတ်ချ၍ တမန်တော် အိဗ်ရာဟီမ်(အ-စ)မြှင့်တင်ခဲ့သော အလ္လာဟ့်အိမ်တော်မှ နတ်ရုပ်များ သာဖြစ်ပြီး၊ မက္ကာခေါင်းဆောင် အဗူစူဖီယာန်အိမ်မှ ရုပ်ထုများကို မဖျက်စီးခဲ့သလို၊ အခြားမည်သည့်အိမ်၊ မည်သည့်ဆိုင်၊ မည်သည့်နေရာမှ မိမိတို့ဆန္ဒအလျောက်ပြုလုပ်ထားရှိသော ကိုးကွယ်ရာ ရုပ်ထုတစ်ခုတစ်လေ ကိုမျှပင်ဖျက်စီးတော်မမူခဲ့ပါ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားခဲ့ပါသည်။ ကအ်ဗဟ်ကျောင်းတော်သည် တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်၏အိမ်တော်ဖြစ်သည့်အတွက် ရုပ်ထုထားရှိခွင့်မပြုသဖြင့် ဖျက်ဆီးခဲ့ရ ခြင်းဖြစ်ပါသည်။

အစ္စလာမ်သည် အခြားဘာသာတရားကို ဖျက်စီးရန်ဝေးစွ၊ မကောင်းပြောခြင်းကိုပင် တားမြစ်၏ "အလ္လာဟ် အရှင်မြတ်အပြင် ယင်းသူတို့တသကိုးကွယ်နေကြသောကိုးကွယ်ရာများကို မကောင်းပြောဆို ကဲ့ရဲ့ခြင်းမပြု ကြနှင့်။" (ကုရ်အာန်၆း၁၀၈)

အခြားဘာသာဝင်တို့၏ အဆောက်အဦးများကို ကာကွယ်စောင့်ရှောက်ခိုင်းထားသည် "အကယ်၍ အလ္လာဟ် အရှင်မြတ်သည် လူသားတို့၌ တစ်ချို့ကိုတစ်ချို့ဖြင့်ကာကွယ်တော်မူခြင်းမရှိပါက ဘုန်းတော်ကြီး ကျောင်းများ၊ ၀တ်ကျောင်းတော်များ၊ မေတ္တာပွားများရာ တရားစခန်းရိပ်သာများ၊ အလ္လာဟ်နာမတော်ကို တသပွားများရာ မတ်စ်ဂျီဒ် ဗလီဝတ်ကျောင်းတော်များသည်ဧကန်အမှန် ဖြိုဖျက်ခြင်းခံကြရပေမည်။" (ကုရ်အာန် ၂၂း၄၀) ပါကစ္စတန်နိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော၊ အဖိုးမဖြတ်နိုင်သောအမွေအနှစ်များအား ယနေ့ ထက်တိုင် ပါကစ္စတန် အစိုးရနှင့် ပြည်သူများကအမျိုးသားယဉ်ကျေးမှုအမွေအဖြစ် ဂုဏ်ယူစွာစောင့်ရှောက် ထားကြပါသည်။

မွတ်စလင်မ်အများဆုံးနေရာ အင်ဒိုနီးရှား၌လည်း ကမ္ဘာ့အကြီးဆုံးဗုဒ္ဓဘာသာအဆောက်အဦးကြီးဖြစ်သော "ဗောရော- ဗုဒ္ဓေါ" စေတီတော်ကြီးကို မိမိတို့ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုအမွေတစ်ရပ်အဖြစ် အားလုံးကပင် ဂုဏ်ယူထိန်းသိမ်းနေကြပါသည်။ ကမ္ဘာပေါ်ရှိအစ္စလာမ်နိုင်ငံများတွင် လူများစုမွတ်စလင်မ်များနှင့် လူနည်းစု ဘာသာခြားတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြကာယဉ်ကျေးမှုအမွေအနှစ်များနှင့် ဘာသာရေး အဆောက်အဦးများကိုအပြန်အလှန်အကာအကွယ်ပေးကြပေသည်။

မွတ်စလင်တို့ ဓါးမိုး၍သာသနာမပြုခဲ့ပါ။ မွတ်စလင်တို့သည် စပိန်နိုင်ငံကိုနှစ်ပေါင်း ၈၀၀ တိုင်အုပ်စိုးသွားခဲ့ ကြပါသည်။ စပိန်က မွတ်စလင်တို့သည် တိုင်းသူပြည်သား များအစ္စလာမ်ကို ကူးပြောင်းလက်ခံရေးအတွက် ဘယ်တုံးကမှဓါးမိုးပြီးအတင်းအဓမ္မမပြုခဲ့ကြပါ။ မွတ်စလင်မ်တို့သည် အိန္ဒိယနိုင်ငံကြီးကို နှစ်ပေါင်း ၁၀၀၀ ခန့် အုပ်ချုပ်ခဲ့ပါသည်။ သူတို့သာဆန္ဒရှိခဲ့ပါလျင် အိန္ဒိယမှာရှိသောမွတ်စလင်မ်မဟုတ်သောသူများကို တစ်ဦးမကျန် အစ္စလာမ်ဘာသာကိုကူးပြောင်းလက်ခံကြရမယ်ဆိုပြီး အင်အားသုံးကာ ဆောင်ရွက်နိုင်ပါသည်။ အိန္ဒိယတွင် လူပေါင်းသန်းပေါင်းများစွာသည် မွတ်စလင်မဟုတ်သောသူတွေပင်၊ မွတ်စလင်မ်မဟုတ်သောသူများသည် အစ္စလာမ်ဟာဓါးမိုးသာသနာပြုခဲ့တာမဟုတ်ကြောင်းကို သက်သေခံနေကြပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာမှာ မွတ်စလင်မ်လူဦးရေအများဆုံးနိုင်ငံကြီးတစ်ခုဖြစ်ပါသည် ။

မလေးရှားနိုင်ငံသည်လည်း လူများစုကြီးက  မွတ်စလင်မ်များဖြစ်ကြပါသည်။ မည်သည့်မွတ်စလင်မ်စစ်တပ်ကြီး ကများ အင်ဒိုနီးရှားနှင့်မလေးရှားနိုင်ငံတို့သို့မရောက်ခဲ့ပါ။ အလားတူ အစ္စလာမ်သည် အာဖရိက အရှေ့ကမ်းရိုး တန်း ဒေသများတွင် အလျင်အမြန်ပြန့်ပွားသွားခဲ့ရပါသည်။ အာဖရိက အရှေ့ကမ်းရိုးတန်းဒေသ ကိုမည်သည့် မွတ်စလင်မ် စစ်တပ်ကြီးကမျှမသွားရောက်ခဲ့ပါ။ အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်းမှုတို့မှာ တူကြ သည်မဟုတ်ပေ။ (သို့ဖြစ်ပေရာ) အသင်သည် (မကောင်း မှုကို)ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။ သို့ဖြစ်လျှင် အကြင်နှင့်ရန်ငြိုး ရှိသူသည် မိတ်ဆွေအရင်းကဲ့သို့ဖြစ်လာပေမည်။ (၄၁း၃၄)

လူမျိုးခွဲတဲ့ ဇာတ်လမ်းတစ်ပုဒ်

ဒီဖြစ်ရပ်မှန် “လူမျိုးခွဲတဲ့ ဇာတ်လမ်းတစ်ပုဒ်” ဆောင်းပါးတပုဒ် ကျွန်တော်ရေးခဲ့တာ တစ်နှစ်လောက်ကြာပါပြီ။

ဒီဆောင်းပါးမှာ ပွင့်ပွင့်လင်းလင်းဆွေးနွေးမယ်။ တယောက်ယောက်နဲ့ တယောက် မမုန်ကြေး။ အငြိုးအတေးတွေးမထားကြေး။အဲဒီ ဆောင်းပါရဲ့ comment တွေထဲမှာ တစ်ချို့တွေက ဘယ်လို့ရေးခဲ့သလဲ ဆိုတော့ “မြန်မာများ မျိုးချစ်စိတ်ရှိသင့်တယ်။ အမိမြေကို ချစ်သင့်တယ်” လို့ ပြောထားပါတယ်။

ကျွန်တော်၏ အမြင်မှာတော့ မျိုးချစ်စိတ်ရှိတာ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အစွန်းတော့ မရောက်ပါစေနဲ့ သတိပေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟစ်တလာ လည်း အင်မတန်မျိုးချစ်စိတ်ရှိတဲ့ ပုဂ္ဂိုလ်ပါပဲ။ သူ့လူမျိုးကို သူချစ်လွန်းလို့ ဂျာမန်လူမျိုးတွေသာ ဤလောကမှာ အကောင်းဆုံး အမြင့်မြတ်ဆုံးလို့ ဆိုပြီး လူမျိုးရေးသန့်စင်တဲ့ အနေနဲ့ သူ့နိုင်ငံက ဂျူးလူမျိုးတွေ သိန်းနဲ့ သန်းချီပြီး အရှင်လတ်လတ်မီးရှို့ သတ်ခဲ့တာပဲ။ “အလယ် အလတ်လမ်းစဉ်သာလျှင် အကောင်းဆုံး”လို့ ဗုဒ္ဓဘုရားဟောကြားခဲ့ပါတယ်။ မျိုးချစ်စိတ်ရှိတာလည်း ရှိတာပေါ့။ အလည်အလတ်လောက်ပဲရှိပါ လို့ပြောချင်တယ်။ တဖက်စွန်းရောက်သွားရင်တော့ အလကားနေရင်း တခြားလူမျိုးတွေကို မုန်းနေပြီး ဟစ်တလာ ဖြစ်သွားလိမ့်မယ်။

နောက် comment တစ်ခုက ဘာပြောသလဲဆိုတော့ သားသမီးတွေ အိမ်ထောင်းရေး အတွက်ဆိုရင် လူမျိုးကွဲတွေကို မယူဖို့၊ လူမျိုးတူ ဘာသာတူကိုသာယူဖို့ သေသေချာချာဆုံးမရမယ်လို့ ရေးထားတယ်။ တစ်ခုမေးချင်တယ်။ တကယ်လို့ သင့်ရဲ့ သမီးကို ကမ္ဘာ့ အချမ်းသာဆုံး Bill Gates ရဲ့ သားတို့၊ ဟောလိဝုဒ်မင်းသား လီယိုနာဒိုတို့၊ အိမ်သာ မစင်အိုးကို ရွှေချတဲ့ အထိ ချမ်းသာတဲ့ ဆော်ဒီနိုင်ငံက အိမ်ရှေ့မင်းသား တို့က နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုးချစ်ပြီးလို့ ဒေါ်လာသန်းနဲ့ချီနဲ့တင်တောင်းပြီး (ဆောရီး FEC သန်းနဲ့ချီပြီး) လက်ထပ်ပါရစေလို့ လာတင်တောင်းတယ်ဆိုပါစို့။ လူမျိုးမတူ၊ ဘာသာမတူလို့ဆိုပြီး မာနာကြီးတခွဲသားနဲ့ သူတို့ရဲ့ ချစ်ခြင်းကိုခွဲလိုက်မှာလား။မလိမ်နဲ့နော်။ မှန်မှန်ဖြေ။

ရိုးရာ ယဉ်ကျေးမှုမွေအနှစ်ကို ထိန်းသိမ်းတာကောင်းပါတယ်။ ဒါပေမယ့် လူမျိုးရေး၊ ဘာသာရေး ခွဲခြားတာကို ရိုးရာအမွေ ထိန်းသိမ်းတယ်လို့ နာမည်ကောင်းမတပ်လိုက်ပါနဲ့။ ဥပမာ - မြန်မာရိုးရာ သီချင်းတွေ၊ တူရိယာကို မြတ်နိုးတာ၊ ဓလေ့ထုံးတမ်းတွေကိုထိန်းသိမ်းတာက ရိုးရာကို ထိန်းတာအစစ်။ ဥပမာ - တဆွေလုံးတမျိုးလုံး ကရင်သူငယ်ချင်းနဲ့ပဲပေါင်းလာတာ။ ရှမ်းဆိုရင် သူငယ်ချင်းအဖြစ်မပေါင်းဘူး။ မတူဘူး မတန်ဘူး။ ဆိုတာမျိုးတွေက လူမျိုးရေးခွဲတာတွေပါ။

လူတယောက်ဟာ မွေးတည်းက ကုလားလူမျိုးဖြစ်ရင်ဖြစ်မယ်။ တရုတ်လူမျိုးဖြစ်မယ် အဲဒါ သူ့အပြစ်မဟုတ်ဘူး။ သူဖန်တီးယူထားတာမဟုတ်ဘူး။ နောက်ပြီး အဲဒီလူဟာ ကံကြမ္မာရဲ့ လှည့်ကွက်ကြောင့် မတော်တဆ မြန်မာမျိုးတယောက်ကို ချစ်မိတယ်ဆိုပါစို့။ အဲဒါကို မိဘတွေက ဒေါကန်တယ်။ ကံတရားကြောင့် ဖြစ်လာတာကို တရားသဘောနဲ့လက်ခံမှာလား။ လူမျိုးကွဲပေမယ့် စိတ်နှလုံးသဘောထားကောင်းတဲ့ လူကို တရုတ်ဖြစ်လို့ ကုလားဖြစ်လို့ဆိုပြီး ဗလာသက်သက်ကြီး မုန်းနေမှာလား ဆိုတာကို စဉ်းစားပါ။ အဲဒီလူကရော တဖက်မိဘတွေ ကျေနပ်အောင်ဘယ်လို့လုပ်ပေးရမှာလဲ။ သူမိဘတွေဆီသူသွားပြီး ခင်ဗျားကြီးက ဘာလို့ ကုလားကြီး/တရုတ်ကြီးဖြစ်နေရတာလဲ လို့ ရန်တွေ့အပြစ်တင်ရမှာလား။

တကယ်လို့ ခင်ဗျားတို့ကိုယ်တိုင်ရော ကုသိုလ်ကောင်းမှုတချို့ကြောင့် နောင်ဘ၀မှာ လူဘ၀တော့ ပြန်ရပါရဲ့ ဒါပေမယ့် အရှေအလယ်ပိုင်းမှာ ကုလားအဖြစ်မွေးလာမယ်။ တရုတ်ပြည်မှာ ပေါက်ဖော်လေးအဖြစ် ပြန်မွေးလာမယ်ဆိုရင်။ အဲဒီအခါမျိုးကျရင် ရလာမယ် ကိုယ်လူ့ဘ၀ အသစ်ကို လက်ခံမှာလား။ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ဗမာ မဟုတ်လို့ဆိုပြီး မုန်းနေမှာလား၊ မြန်မာပြည်မှာ လူပြန်မဖြစ်တဲ့အတွက် စိတ်ဓါတ်ကျ အားငယ်နေမှာလား ဆို ကျေးဇူးပြုပြီးဖြေကြားပေးပါ။

ဒါနဲ့နေပါဦး။ ကျွန်တော်တို့ ခင်ဗျားတို့ ကိုးကွယ်နေတဲ့ ဗုဒ္ဓ ဂေါတမ မြတ်စွာဘုရားရှင်က ဘာလူမျိုးလဲ။ အထက်အညာမှာမွေးတဲ့ ဗမာလူမျိုးလို့ထင်ရင် မှားလိမ့်မပေါ့။ ပိဋ္ဋိကဒ် ၃ပုံနဲ့ သမိုင်းအထောက်အထားတွေ အရတော့ ဗုဒ္ဓဂေါတမဟာ ယခင်က ကောသလပြည် လို့ခေါ်ပြီး ယခု နီပေါနိုင်ငံလို့ ခေါ်နေကြတဲ့ ကုလားနိုင်ငံက အိမ်ရှေ့မင်းသားဘ၀ကနေ ဘုရားဖြစ်ခဲ့တာပါ။ ( မယုံလျှင် နီးစပ်ရာ ဘုန်းကြီးကျောင်းသို့သွား၍ ကျမ်းဂန်တတ်ပုဂ္ဂိုလ်များကို မေမြန်းကြည့်ပါ။)

မရိုမသေပြောရမယ်ဆိုရင် ဗုဒ္ဓ ဂေါတမ မြတ်စွာဘုရားရှင်ဟာ နီပေါနိုင်ငံက ကုလားလူမျိုး နိုင်ငံခြားသား ဖြစ်ပါတယ်။ ကျွန်တော်တို့ မျိုးချစ်စိတ်ထက်သန်ပါတယ် ဆိုတဲ့ မြန်မာနိုင်ငံသားတွေ ဘာလို့များ နီပေါနိုင်ငံက တိုင်းတပါးသားကို ကိုးကွယ်ပြီး သူဟောခဲ့တရားတော်တွေကို လိုက်နာကျင့်သုံးနေကြပါသလဲ။

အဓိကဆိုလိုချင်တာကတော့ လူမျိုးခြား၊ ဘာသာခြားဆိုတဲ့ ပညတ်ချက်တွေ ဖယ်ရှားပြီး လူသားတဦးနဲ့ တစ်ဦးချစ်ခင်လေးစားကြရင် ကမ္ဘာမြေကြီးပိုမို ငြိမ်းချမ်းနေမှာပါ။

myanmarspac.com မှကူးယူထားခြင်းဖြစ်ပါသည် ။

This post is supported by a Buddish friend.

ဆွစ်ဇာလန်မှ မီနာရသ် ပိတ်ပင်ရေး နှိုးဆော်ခဲ့သူနိုင်ငံရေးသမား အစ္စလာမ်ဘာသာ ကူးပြောင်း


ဆွစ်ဇာလန်နိုင်ငံတွင် အစ္စလာမ် တရားဟောစင်မြင့်များ ဆောက်လုပ်ခွင့် ပိတ်ပင်ရန် အဓိက နှိုးဆော်ခဲ့သူ ထင်ရှားကျော်ကြားသည့် နိုင်ငံရေးသမား တစ်ဦးသည် ယခုအခါ အစ္စလာမ် ဘာသာဝင်အဖြစ် ခံယူလိုက်ကြောင်း သိရသည်။ ဆွစ်ဇာလန်၏ အကြီးမားဆုံး နိုင်ငံရေးပါတီတစ်ခုလည်းဖြစ်သော အတိုက်အခံ ဆွစ်ပြည်သူ့ပါတီ (SVP) မှ ဩဇာကြီးမားသော နိုင်ငံရေးသမား တစ်ဦးဖြစ်သူ ဒင်နီ ရယ်လ်စထရစ်ခ်ျ (Daniel Streich) သည် SVP မှ ဦးဆောင်စည်းရုံးသည့် အစ္စလာမ် တရားဟောစင်မြင့်များ တည်ဆောက်ခွင့် ပိတ်ပင်ရေး ဥပဒေကို အတည်ပြုနိုင်အောင် အဓိက ကြီးမှူးနှိုးဆော်ခဲ့သူလည်းဖြစ်သည်။

ယမန်နှစ်က ယင်းဥပဒေကို အတည်ပြု ပြဌာန်းလိုက်ပြီးနောက် နိုဝင်ဘာလတွင် စထရစ်ခ်ျသည် SVP မှ နှုတ်ထွက်လာခဲ့ပြီး ယင်း၏ နိုင်ငံရေးပါတီဟောင်းက အစ္စလာမ် ဘာသာရေးအား အဓိက အတိုက်အခံ ပြုလုပ်နေခြင်းအား စတင်ဆန့်ကျင်လာခဲ့သည်။ စထရစ်ခ်ျက မိမိသည် SVPနှင့်အတူ ယင်းဥပဒေကို အတည်ပြုနိုင်အောင် ကြိုးပမ်းခဲ့မှုများအတွက် နောင်တရလာမိကြောင်းလည်း ပြောကြားခဲ့သည်။ “ကနဦး အဆိုတင်သွင်းမှု အောင်မြင်သွားတာနဲ့ ဒီဥပဒေ အတည်ဖြစ်လာဖို့ သေချာနေပြီဆိုတာ ကျွန်တော်သဘောပေါက်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်ဟာ နက်နက်နဲနဲ ခံစားမှုတစ်ခု ၀င်လာခဲ့ပါတယ်။ ကျွန်တော်ဟာ နိုင်ငံရေးသမားတစ်ယောက်အဖြစ် နှစ်ပေါင်း (၃၀)ကျော် ကျင်လည်ခဲ့တာပါ။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ယုံကြည်ကိုးကွယ်မှုကို ဆွစ်ဇာလန်မှာ ဖိနှိပ်မှုတွေဖြစ်လာအောင် လုပ်ခဲ့မိပါပြီ”ဟု စထရစ်ခ်ျကဆိုသည်။ ယင်းသည် ယခင်က ခရစ်ယာန် ဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပြီး ဆွစ်တပ်မတော်၏ ညွှန်ကြားရေးမှူး တစ်ဦးလည်းဖြစ်သည်။

ယခုအခါတွင်တော့ စထရစ်ခ်ျသည် ကုရ်အာန်ကျမ်းစာနှင့် အစ္စလာမ် အဆုံးအမများကို စနစ်တကျ လေ့လာသင်ယူပြီးနောက် ၎င်း၏ယုံကြည်ကိုးကွယ်မှုကို အစ္စလာမ်ဘာသာရေးအတွက် အပြည့်အ၀ စိတ်နှစ်ကာ မြှုပ်နှံလိုက်ပြီဖြစ်သည်။ “အစ္စလာမ်ဘာသာဟာ ကျွန်တော့်အတွက်တော့ ဘ၀မှာ ကြုံရမယ့် မေးခွန်းတွေကို လက်တွေ့ကျကျ အဖြေပေးခဲ့ပါတယ်။ အမှန်ပြောရရင် ဒီလိုအဖြေမျိုးတွေကို ခရစ်ယာန်ဘာသာမှာ ကျွန်တော်လုံးဝ မတွေ့ခဲ့ဖူးပါဘူး”ဟု စထရစ်ခ်ျက ၀န်ခံခဲ့သည်။ စထရစ်ခ်ျသည် ယခုအခါ ဘာသာရေး ကိုင်းရှိုင်းလှသည့် အစ္စလာမ် ဘာသာဝင်တစ်ဦး ဖြစ်လာပြီး ဗလီသို့ နေ့စဉ်သွားရောက်ကာ ကုရ်အာန်ကျမ်းမြတ်ကို တစ်နေ့(၅)ကြိမ် ရွတ်ဖတ်ပူဇော်လျက်ရှိသည်။ SVP ပါတီကမူ စထရစ်ခ်ျ အစ္စလာမ်ဘာသာဝင်အဖြစ်သို့ ကူးပြောင်းခံယူသွားခြင်းအတွက် စိုးရိမ်မိကြောင်း ကြေညာထားခဲ့သည်။

Ref : ww.hikmah.info

စောဒက-အစ္စလာမ့်ဂျိဇ်ယာဟ်

အစ္စလာမ်အပေါ် အမြင်မကြည်လင်သူများအတွက် စောဒကတစ်ခု။ ဒီကြားထဲ အစွန်းရောက်တို့က မဆီမဆိုင်
အစ္စလာမ်နာမည်ယူ အဓိပ္ပာယ်မဲ့စွာ တလွဲအသုံးပြုနေသောစနစ်။ ကျွန်တော်တို့ အစ္စလာမ်အမှန်တရားများ ဆီသို့ ဖိတ်ခေါ်မှုပေါ့လျော့လစ်ဟင်းမှုကြောင့် အစ္စလာမ်အကြောင်း တို့မိခေါက်မိသော ညီနောင်များအဖို့
အထင်လွဲစရာအကောင်းဆုံး။ ဂျိဇ်ယာဟ်ခေါ် လူခွန်။ နာမည်ကြားရုံမျှဖြင့် အော့နှလုံးနာစရာကောင်းသော
စကားလုံးပင်။

ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း စာမျက်နှာများကို ပြန်လှန်ကြည်မည်ဆိုလျှင်လည်း ပဒေသရာဇ်၊ နယ်ချဲ့တို့၏ စနစ်ဆိုးအဖြစ် တွေ့ရပေမည်။ သို့သော်သမိုင်းစာမျက်နှာများ၏လူခွန်နှင့်အစ္စလာမ့်ဂျိဇ်ယာဟ်ဘာကွာခြား သနည်း။ အသင် ကိုင်တိုင် နှလုံးသားကိုခ၀ါချ၍စာမြည်းကြည့်လိုက်ပါ။အော် ဒါဟာတစ်ဆူတည်း ဖြစ်တော်မူ သော လူသားအားလုံးတို့အရှင်ရဲ့ဘာသာတရားမခွဲခြားလူသားအခြေပြု ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ညီအစ်ကို ရင်းဝါဒ အပြည့်ပေါ်စေသည့်ငြိမ်းချမ်းရေးဦးတည် လမ်းစဉ်ပါကလားဟုဆိုကာ သြချရပေလိမ့်မည်။

ကမ္ဘာ့သမိုင်းတလျှောက် လူသားမဆန်ဆုံးသော စနစ်ဆိုးကြီးကို အစ္စလာမ်က အမည်မပြောင်းဘဲ လူသား အဆန်ဆုံး ဖြစ်စေခဲ့သည်။ ကုရ်အာန်ကျမ်းတော်မြတ်၏ နောင်တရခြင်းကဏ္ဍအရ မူစလင် မဟုတ်သူ(၃)မျိုး ရှိသည်။

(၁) မူစလင်တို့ကို ရန်လိုတိုက်ခိုက်သူများ
(၂) မူစလင်တို့နှင့်ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုထားသော ရောင်းရင်းများနှင့်
(၃) အစ္စလာမ့်နိုင်ငံတော်တွင် မူစလင်တို့နှင့်
အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်ကြသော မူစလင်မဟုတ်သည့် အစ္စလာမ့်နိုင်ငံသားများ (ဇင်မီ)တို့

ဖြစ်ကြသည်။

အစ္စလာမ့်နိုင်ငံတော်ကြီးသည် မူစလင်များနှင့်သာမက နိုင်ငံအေးရိပ်အောက်ရှိ ဇင်မီတို့နှင့်လည်း သက်ဆိုင်ပေသည်။
မိမိတို့နေထိုင်ခိုလှုံရာ နိုင်ငံတော်တွင် အရေးကြုံလာပါက မူစလင်နိုင်ငံသား များရော ဇင်မီနိုင်ငံသားများကပါ
နိုင်ငံသားကောင်းများပီပီ ကာကွယ်စောင့်ရှောက်ရပေမည်။ အစ္စလာမ့်နိုင်ငံတော်ကို မူစလင်တို့သာပိုင်သည်၊
ဇင်မီတို့နှင့်မဆိုင်ဟူ၍ အစ္စလာမ်သာသနာက မသွန် သင်ပေ။ ဘာသာစွဲမထားဘဲ နိုင်ငံသားဖြစ်မှုအပေါ်အခြေခံကာ
ဇင်မီတို့အားလည်း နိုင်ငံတော် ကာကွယ်စောင့်ရှောက်မှုတွင် ပါဝင်ခွင့်အပြည့်အ၀ ပေးထားသည်။ သို့သော်
အစ္စလာမ်သာသနာ၏ မည်သည့်နေရာတွင် မှ အဓမ္မစနစ်မရှိဆိုသည့်အတိုင်း ဤကာကွယ်ရေးတွင်လည်း
အတင်းအကြပ် အဓမ္မပါဝင်စေမှု မရှိပေ။ ဇင်မီတစ်ဦးအနေနှင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတော်ကာကွယ်ရေး
တွင် အသက်သွေးချွေး မပေးဆပ်လိုပါက မိမိချမ်းသာလျှင် ချမ်းသာသည့်အလျှောက် ဆင်းရဲလျှင်
ဆင်းရဲသည့်အလျှောက် သတ်မှတ်ထားသော ငွေကြေးပမာဏတစ်ခုနှင့် ပါဝင်သည့်ညီနောင်များအား တစ်တပ်တစ်အား
ထောက်ပံ့ကူညီခွင့်ပေးထားပေသည်။ ဤထောက်ပံ့ကူညီငွေကို အစ္စလာမ်တွင် ဂျိဇ်ယာဟ်ဟုခေါ်ပေသည်။
သမိုင်းစာမျက်နှာများ၏အရင့်သီးဆုံးစကားလုံးကိုအစ္စလာမ်က အဓိပ္ပာယ် လုံးလုံးပြောင်းပစ်လိုက်သည်။ အဓိပ္ပာယ်မှာ
အရှေ့နှင့်အနောက်ကဲ့သို့ဆန့်ကျင်၍ မိုးနှင့်မြေသို့ကွာခြား သွားသည်။ ရက်စက်မှုများဖြင့် ချယ်မှုန်းထားသော လူခွန်ကို
ညီအစ်ကိုရင်းဝါဒဖြင့်ဆေး၍ မိမိနိုင်ငံ တော်ကာကွယ်ရေးနှင့်လူမှုဖူလုံရေးရန်ပုံငွေအတွက် ထည့်ဝင်ကူငွေအဖြစ်
ပြောင်းပစ်လိုက်သည်။ မူစလင်နိုင်ငံသားတစ်ယောက် အနေနှင့်မူ ထိုသို့ရွေးချယ်ပိုင်ခွင့်မရှိဘဲ အရေးကြုံလာပါက
အသက် သွေးချွေးပေးကိုပေးဆပ်ရပေမည်။ သို့မဟုတ်က သူသည် အရေခြုံမူစလင်အဖြစ်သို့ ရောက်ရှိသွား ပေမည်။

မူစလင်နိုင်ငံသားတစ်ဦးသည် နိုင်ငံကာကွယ်ရေးတာဝန်သာမက အစ္စလာမ့်သာသနာ တော်၏ မဏ္ဍိုင်ကြီးများအနက်
တစ်ခုဖြစ်သော တရားဝင်ဒါနကြေး (ဇကာသ်)ကိုလည်း ပေးကိုပေးရ ပေသည်။ အံ့သြဖို့ကောင်းသည်မှာ
မူစလင်တစ်ဦးပေးရသော တရားဝင်ဒါနကြေးပမာဏသည် ဇင်မီတစ်ယောက်၏ထည့်ဝင်ကြေး
ဂျိဇ်ယာဟ်ထက်ပိုများခြင်းပင် ဖြစ်သည်။ အထူးအခွင့်အရေး အနေနှင့် ဇင်မီတစ်ဦးသည် နိုင်ငံကာကွယ်ရေးတွင်
တိုက်ရိုက်မပါဝင်လိုသော်လည်း စေတနာ သဒ္ဓါတရားထက်သန်၍ မူစလင်တစ်ဦးနည်းတူ ဇကာသ်
တရားဝင်ဒါနကြေးပေးမည်ဆိုပါကလည်း ပေးနိုင်ပေသည်။ ထိုအခါမျိုးတွင် အစ္စလာမ့်နိုင်ငံတော်အုပ် ချုပ်သူအနေဖြင့်
ထိုစိတ်စေတနာ ထက်သန်သူ ဇင်မီအား ဇကာသ်၏ ပမာဏစည်းကမ်းများကို ရှင်းပြပြီး လက်ခံသဘောတူပါက
ထိုဇင်မီတံမှ ဇကာသ်ကောက်ခံနိုင်သည်။ ထိုဇင်မီသည် ဂျိဇ်ယာဟ် ပေးစရာ အသက်သွေးချွေး
ပေးဆပ်စရာမလိုတော့ပေ။ အစ္စလာမ့်နိုင်ငံတော်ကြီး၏ ဒုတိယမြောက် ဆက်ခံသူ သာဝကြီးအုမရ် သခင်လက်ထက်၌
အာရဗ်ခရစ်ယာန်ဘာသာဝင် ဇင်မီများက ဂျိဇ်ယာဟ် ပေးဆောင်ရန် ငြင်းဆိုခဲ့ပြီး ဇကာသ်ပေးရန် တောင်းဆိုခဲ့သဖြင့်
သခင်က သဘောတူ လက်ခံခဲ့လေ သည်။ အစ္စလာမ့်ပညာရှိကြီး အိမာမ် ရှာဖာအီသခင်ကလည်း ဇင်မီတစ်ဦးအနေဖြင့်
အစ္စလာမ့်က သတ်မှတ်ထားသော ဇကာသ်ပေးနိုင်လောက်သည့် ဥစ္စာပစ္စည်းပိုင်ဆိုင်ပါက ဂျိဇ်ယာဟ်အစား
ဇကာသ်စနစ်ဖြင့် ပေးလို၍ တောင်းဆိုပါက ခွင့်ပြုပိုင်ကြောင်း ဓမ္မသတ်ပေးထားပေသည်။

ထို့ပြင် “အလ္လာဟ်” အရှင်မြတ်၏ နောက်ဆုံးတမန်တော် မုဟမ္မဒ်သခင်(ဆွ)က နိုင်ငံကာကွယ်ရေးတွင်လည်း မပါဝင်နိုင်၊ ထောက်ပံ့
ကြေးငွေလည်း မပေးဆောင်နိုင်သော ရောဂါဝေဒနာရှင် ဒုက္ခသည်များ၊ သက်ကြီး ရွယ်အိုများ၊ အမျိုးသမီးများ၊
ကလေးသူငယ်များနှင့် အသက်မွေးဝမ်းကျောင်းမှုမပြုဘဲ အမြဲတစေ တရားဘာဝနာ ပွားများနေသူ
ဘာသာခြားရဟန်းဘုန်းတော်ကြီးများကို ဂျိဇ်ယာဟ်ကောက်ခံခြင်း မပြု ရန်တားမြစ် ထားပြီး နိုင်ငံသား
ဇင်မီတစ်ဦးအနဖြင့် နေမကောင်းဖြစ် အားနည်းကာ အလုပ်မလုပ်နိုင် ပါက သူနှင့် သူ့မိသားစုအား
အစ္စလာမ်နိုင်ငံတော်၏ ပြည့်သူဘဏ္ဍာတိုက်မှ ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း မူစလင်တို့ကို သွန်သင်ခဲ့ပေသည်။
ငြိမ်းချမ်းရေးကာလတွင် ထိုထည့်ဝင်ငွေ ဂျိဇ်ယာဟ်ကို နိုင်ငံတော်စည်ပင်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်နေရာများတွင်
အသုံးပြုပေသည်။ ဤသို့ သစ္စာ စောင့်သိသူ နိုင်ငံ့သားကောင်းဇင်မီများကို အစ္စလာမ့်နိုင်ငံတော်ကြီးနှင့်
တစ်မြေတည်းနေ မူစလင် ညီအစ်ကိုများကလည်း ညီနောင်ဇင်မီတို့၏ အသက်အိုးအိမ်စည်းစိမ် ကိုးကွယ်ယုံကြည်မှု
ဘာသာရေး အခြေခံအဆောက်အအုံများကို အာမခံချက်အပြည့်ပေးကာ မိမိတို့၏အသက်နှင့်လဲ၍ ကာကွယ်
စောင့်ရှောက်ခြင်းဖြင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ကျေးဇူးတုံ့ပြန်ကြပေသည်။ ထို့ကြောင့် ဂျိဇ်ယာဟ်ဆို သည်မှာ
အစ္စလာမ့်အတွက် မူစလင်များနှင့် တစ်မြေတည်းနေ တစ်ရေတည်းသောက် ဘာသာခြား ညီနောင်များအကြား
ညီရင်းအစ်ကိုစိတ်ဓာတ်ကို ပေါင်းကူးထားပေးသော တံတားသဖွယ်ဖြစ်ပြီး နိုင်ငံ သားကောင်းတစ်ဦး၏
မိမိနိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၏ ပြယုဂ်လည်းဖြစ်ပေတော့သည်။ ။

ကိုး -Non- Muslims in the Shari'ah of Islam by Salim Al-Bahrasawy

ဘာသာပြန် Ababeel
Link : Islam Yaungche network

အစ္စလာမ်နှင့်ဘာသာပေါင်းစုံချစ်ကြည်ရေး

"အစဉ်မပြတ် သနားကြင်နာတော်မူသော အနန္တဂရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမ တော်ဖြင့်အစပြုပါ၏။"

နိဒါန်း
အစ္စလာမ်ဟူသည် ငြိမ်းချမ်းသည့်သာသနာဖြစ်သည်။ မွတ်စလင်မ်ဟူသည် အလ္လာဟ်အရှင်မြတ်၊ တမန်တော် မုဟမ္မဒ်(ဆွ)နှင့် ကျမ်းတော်မြတ်ကုရ်အာန်၏ ပညတ်ပြဋ္ဌာန်းချက်များကို နာခံသူဖြစ်သည်။ အမည်နာမနှစ်ခု စလုံးသည် အလွန်ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသကဲ့သို့ ကြားရသူအပေါင်း စိတ်ချမ်းမြေ့ဖွယ်ရာဖြစ်စေသည်။
သို့သော် ယနေ့ကမ္ဘာပေါ်တွင် အစ္စလာမ်ဟူသော ဝေါဟာရ၏အဓိပ္ပါယ်ကို လူအနည်းငယ်ကသာသိရှိကြသည်။ များစွာသောလူများကမူ အနောက်တိုင်းမီဒီယာများ၏ တစ်ဖက်သတ်လိုရာစွဲ၊ ထင်ရာကြဲကာ မဟုတ်မမှန် ရေးသားချက်အပေါ် အခြေခံ၍ အစ္စလာမ်အားတလွဲမြင်နေ၊ နားလည်နေကြပါသည်။ မွတ်စလင်မ်ဟုဆိုလျှင် လူရမ်းကားများ၊ လူဆိုးများ၊ အကြမ်းဖက်သမားများဟု ခေါ်ဆိုနေကြသည်။ ကျွန်တော်တို့၏ ပတ်ဝန်းကျင်မှာ လည်း မွတ်စ်လင်မ်ဆန့်ကျင်မုန်းတီးရေး လှုံ့ဆော်မှုများနှင့် အစ္စလာမ်ကို အထင်အမြင်လွဲမှားစေရန် လုပ်ကြံ စွပ်စွဲမှုများကို ကြုံတွေ့နေရပါသည်။ ထို့အတွက်ကြောင့်လည်း မကြာခဏ လူမှုရေးပြဿနာများ ကြုံကြိုက်ခဲ့ရ ပါသည်။ ကျွန်တော်တို့တစ်တွေကလည်း အစ္စလာမ်သာသနာကို လိုက်နာကျင့်သုံးရာမှာ အစွန်းမရောက် အယူမသီးပဲ အစ္စလာမ်၏ သရုပ်သကန် အမှန်တရားကိုတင်ပြနိုင်ဖို့လိုအပ်ပါသည်။ ယနေ့ သူ့အကြောင်း ကိုယ်သိအောင်၊ ကိုယ့်အကြောင်းသူသိအောင်လုပ်ရန် နယ်ခြားအတားအဆီးများမရှိတော့ပြီဖြစ်သော Globalizedကမ္ဘာကြီးအတွက်အထူးပင်လိုအပ်ပါသည်။

အစ္စလာမ်၏အဓိပ္ပါယ်
ကမ္ဘာပေါ်ရှိ ကိုးကွယ်ရာဘာသာအသီးသီးပင် ထိုသာသနာကို ဦးဆောင်ပို့ချသူကို အကြောင်းပြု၍သော် လည်းကောင်း၊ ထိုသာသနာထွန်းကားရာလူမျိုးနှင့် ဒေသ၊ တိုင်း၊ နိုင်ငံ ကို အကြောင်းပြု၍သော်လည်းကောင်း၊ အမည်နာမ ပညတ်မှည့်ခေါ်ထားသည်ကိုတွေ့ရ၏။ အစ္စလာမ်သာသနာကား ဤသို့မဟုတ်ပေ။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို အကြောင်းပြု၍ပေါ်လာခြင်းမဟုတ်။ လူမျိုးတစ်မျိုးကိုအမှီပြု၍ ထွန်းကားခြင်းမဟုတ်။ တိုင်း၊ နိုင်ငံ၊ ဒေသတစ်ခုခုကို အရင်းခံ၍ဖြစ်တည်လာခြင်းမဟုတ်။ အထက်ပါအကြောင်းရင်းများအနက် တစ်ခုခုနှင့် ဆက်နွယ်အရင်းခံမှုလုံးဝမရှိ။ တစ်မူထူးခြားသည့်အယူဝါဒတစ်ရပ်ဖြစ်၏။ အစ္စလာမ်ဟူသော ဝေါဟာရသည်ပင် လျှင် ဤသဘောကိုဆောင်သော အဓိပ္ပါယ်မရှိချေ။ အစ္စလာမ်သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်သာသက်ဆိုင် သည့်အယူလည်း မဟုတ်။ လူမျိုးတစ်မျိုးတည်းနှင့်သက်ဆိုင်သော ဘာသာတစ်ခုလည်းမဟုတ်။ နိုင်ငံတစ်နိုင်ငံ အတွက် ရည်းစူးထားသည်လည်းမဟုတ်သကဲ့သို့ လူတစ်ဦးတစ်ယောက်၏စိတ်ဆန္ဒ စိတ်ကူးအတွင်းမှ ပေါက် ဖွားလာသည်လည်းမဟုတ်ချေ။ အစ္စလာမ်သည် မှန်ကန်သောအကြောင်းတစ်ရပ်ဖြစ်၏။ ထူးခြားသော ဝိသေသ ဂုဏ်လက္ခဏာတစ်ရပ်ကို ဆောင်လျက်ရှိ၏။ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်အဖွဲ့အစည်း (သို့မဟုတ်) မည်သည့်မျိုးနွယ်ကပင်ဖြစ်စေကာမူ ဤဝိသေသကို ပိုင်ဆိုင်သောသူ မည်သူမဆို မွတ်စလင်မ် တစ်ဦးဖြစ်လာနိုင်၏။ ကျမ်းမြတ်ကုရ်အာန်အရဆိုလျှင် ခေတ်အသီးသီးရှိ လူမျိုးအသီးသီးအနက်မှ ဤဝိသေသ ကိုပိုင်ဆိုင်ကြသည့် အကျင့်သီလကောင်းမြတ်ကြပြီး ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ကိုလျှောက်လှမ်းခဲ့သူ မှန်သရွေ့ အားလုံးမွတ်စလင်မ်များဖြစ်ကြောင်းသိရ၏။ အစ္စလာမ်သည် လောကသုံးပါးတွင် ထာဝရရှင်သန် လျက်ရှိ၏။ အစ္စလာမ်သည် ကျဉ်းမြောင်းသောလူမျိုးရေးဝါဒ၊ ဒေသစွဲဝါဒမဟုတ်သကဲ့သို့ အစ္စလာမ်၏ လမ်းညွှန် ချက်များသည် ကမ္ဘာတစ်ဝှမ်းလုံးအတွက်ဖြစ်၏။ ထို့အတူ လမ်းညွှန်ချက်များသည် အချိန်ကာလမရွေး လိုက်နာ ကျင့်သုံးနိုင်သည်ဖြစ်ခြင်းကြောင့် ထာဝရသစ္စာလည်းမည်၏။ အစ္စလာမ်တွင် ဘုရားဟူသည် ပေါင်းစည်းညီညွတ် ခြင်းကို ဖန်တီးတည်ဆောက်သည့် အနန္တစွမ်းအားတော်အရှင်၏ ရှေ့တော်မှောက်တွင် ဝပ်ဆင်းမာန်လျော့ ခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းညီညွတ်ရေးတို့၏ ဘာသာရေးတစ်ရပ်အနေနှင့် အစ္စလာမ်ဘာသာက ငြိမ်းချမ်းရေးသံလွင်ခက်ကိုကမ်းလှမ်းခြင်းပင်ဖြစ်သည်။

မွတ်စလင်မ်ဟူသည်လူသားထုတစ်ရပ်လုံး၏အကျိုးကိုဆောင်ရွက်သူ
မွတ်စလင်မ်များသည် အလ္လာဟ်အရှင်မြတ်၏သာသနာကို အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော် (ဝါ) ကုရ်အာန် ကျမ်းတော်မြတ်၏လမ်းညွှန်ချက်နှင့်အညီ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)၏ ကျင့်သုံးဆောက်တည်မှုတို့ကို စံပြု လျက် လှုပ်ရှားလိုက်နာဆောင်ရွက်ကြရမည်။ ယင်းသို့ဆောင်ရွက်ရသည့် အကျိုးကျေးဇူးမှာကား ကမ္ဘာ့လူသား တစ်ရပ်လုံးအတွက် ပင်ဖြစ်သည်။ မွတ်စလင်များသည် ကမ္ဘာ့လူသားထုတစ်ရပ်လုံး၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် သယ်ပိုးဆောင်ရွက်ရမည့် လူသားထု၏ ဝန်ထမ်းများဖြစ်ကြသည်။ ဤသို့ လူသားထုတစ်ရပ်လုံး၏အကျိုးကို သယ်ပိုးဆောင်ရွက်ခြင်းသည်ပင်လျှင် အစ္စလာမ်၏ အဓိကရည်ညွှန်း ချက်အချုပ်လည်းဖြစ်သည်။ မွတ်စလင်မ်များသည် မိမိနှင့်ဘာသာတူသူများအတွက်သာလျှင် တာဝန်ရှိသည် မဟုတ်။ ဝေနေယျခပ်သိမ်း ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ယဉ်ကျေးမှုထွန်းကား စေရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကိုပါ စွမ်းစွမ်းတမံ ကျရာကဏ္ဍမှ ပါဝင်တာဝန်ယူဆောင်ရွက်ပေးသွားရပါမည်။ ကမ္ဘာ့လူသားထုကြီး၏ ကောင်းရာ ကောင်းကျိုးကိုသာမက ဝေနေယျခပ်သိမ်းအတွက်ပါ အမြဲအရန်သင့်ရှိနေရ ပါမည်။ လူသားတိုင်းသည် ကမ္ဘာ့အိမ်ထောင်စုဝင် ညီအစ်ကိုများဖြစ်ကြသည်။ လူသားတိုင်းသည် ကမ္ဘာ့ အိမ်ထောင်စုကြီးနှင့် မိသားစုကြီးအဖြစ် ရှုမြင်ရမည်ဟု ကျမ်းတော်မြတ်ကုရ်အာန်ကဆိုထားသည်။ “လူသား တို့သည် အိမ်ထောင်စု လူ့အဖွဲ့ အစည်းတစ်ခု၏ အဖွဲ့ဝင်ညီနောင်များဖြစ်ကြသည်။” (ကုရ်အာန်ကျမ်း ၂း၂၁၃)
ဤအတွက်ကြောင့် မွတ်စလင်မ်တိုင်းသည် ကမ္ဘာ့လူသားထုတစ်ရပ်လုံး၏ အခက်အခဲ ဘေးဒုက္ခခပ်သိမ်းကို မိမိဒုက္ခဟုခံယူရမည်။ လူသားအချင်းချင်း စာနာထောက်ထားရမည်။ လေးစားချစ်ခင်ရမည်။ မေတ္တာ၊ စေတနာ ထားမပျက်ရှိရမည်။ အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးမှာ လူသားတို့၏အကျိုးကို သယ်ပိုးဆောင်ရွက်ခြင်း ပင်ဖြစ်သည်။ (ကုရ်အာန် ၂း၂၁၃) ဝေနေယျခပ်သိမ်းသည် အလ္လာဟ်၏အိမ်ထောင်စုဝင်များဖြစ်ကြသည်။ ဝေနေယျခပ်သိမ်းအပေါ် အကျိုးအပြုဆုံးသောသူကို အလ္လာဟ်က အချစ်ဆုံးဖြစ်အံ့။ (တမန်တော်မြတ်)

ကမ္ဘာ့ဘာသာသာသနာကြီးများ
ကမ္ဘာပေါ်တွင် ကျော်ကြားသည့် ကမ္ဘာ့သာသနာများအဖြစ် ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ ရဟူဒီနှင့် အစ္စလာမ်ဟူ၍ ရှိသည်။ အချို့ကို သေချာစွာသုံးသပ်လိုက်ပါက ဘာသာသာသနာ တစ်ခုနှင့်တစ်ခု ထောက်ခံနေမှုကို တွေ့ရ သည်။ အစ္စလာမ်ဆိုသည်ကို ကျမ်းတော်မြတ် ကုရ်အာန်က နာမည်ပေးထားသည်။ “ဧကန်မုချ အလ္လာဟ်အရှင် မြတ်ထံတော်ပါးတွင် ဒီန် ဘာသာ သာသနာ သည် အစ္စလာမ်ဖြစ်သည်ဟု ဆိုထားသည်။” (ကုရ်အာန် ၅း၃၊ ၃း၁၈) ခရစ်ယာန်ဘာသာသည် သူတို့ကျမ်းစာထဲတွင် ခရစ်ယာန်နာမည်မပါပေ။ ဟိန္ဒူသည် နိုင်ငံဒေသ ဟင်းန္ဒံ (ငညိ) ကို အစွဲပြု၍ပေးထားသည်။ သူတို့ကျမ်းစာများဖြစ်သော ဝေဒ၊ မဟာဘာရတတွင် သာသနာဒအမည် မပါ။ ရဟူဒီဘာသာသည် သူ့ကျမ်းစာထဲမှာမပါ။ ဗုဒ္ဓဘာသာသည် ရှင်ကြီးဂေါတမဗုဒ္ဓမြတ်စွာက ဟောကြား သည့်အတွက် ဗုဒ္ဓဘာသာ ဟုဆိုသည်။ ကမ္ဘာ့ဘာသာ သာသနာအားလုံးသည် ကောင်းမြတ်သောတရားများ ဟောကြားသည်။ ပရမတ္တအမြင်တွင် တူညီကြသည်။ နောင်တမလွန်ကောင်းစားရေးကို အားလုံးရည်စူးကြ သည်။ ကာလံ ဒေသံအလျောက် ပညတ်တွင် ကွဲလွဲကြခြင်းမှာ ဓမ္မတာပင်၊ ရှေးအယူဝါဒများမှာ ဒေသနှင့် တည်ထောင်သည့်ပုဂ္ဂိုလ်ကိုအစွဲပြု၍ အမည်ပေးထားသည်ကိုတွေ့ရသည်။ ဟိန္ဒူ မဟာယနတွင် ပရမတ် ဗုဒ္ဓ ဟူ၍ တစ်ဆူတည်းရှိသည်။ ခရစ်ယာန်တွင် သုံးပါးကိုပေါင်း၍ တစ်ဆူတည်းလုပ်ထားသည်။ ရဟူဒီတွင်လည်း တစ်ဆူတည်းကိုသာ ရည်ညွှန်းသည်။ အစ္စလာမ်တွင် တစ်ပါးတည်းသောအရှင် (သောင်ဟီးစ်) အလ္လာဟ်အရှင် သာရှိသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မွတ်စလင်မ်များနှင့် အာရဗ်များ၏ ဘုရားသခင်မဟုတ်ပါ။ အလ္လာဟ်သည် လောကအပေါင်း၊ စကြဝဠာအပေါင်း၊ ဝေနေယျအပေါင်းကို ဖန်ဆင်းပြုစုပျိုးထောင်တော်မူ သောအရှင်မြတ်သည်။

အခြားဘာသာများကိုအသိအမှတ်ပြုသောအစ္စလာမ်
အစ္စလာမ်တွင် အားနည်းချက်လုံးဝမရှိပါ။ ကမ္ဘာသူကမ္ဘာသားများကိုလမ်းညွှန်ရန် တမန်တော်များပွင့်ခဲ့သည်။ ကျမ်းတော်မြတ်ကုရ်အာန်တွင် လူမျိုးစုတိုင်းအတွက် တမန်တော်ရှိခဲ့သည်။ လူမျိုးတိုင်းအတွက် လမ်းညွှန်သူရှိခဲ့ သည်ဟု ဖော်ပြထားသည်။ အစ္စလာမ်က လူမျိုးဒေသစွဲမရှိပါ။ ဘာသာ သာသနာကြီးများ သွန်သင်ကြသော ကမ္ဘာ့ကျေးဇူးရှင်ကြီးများကို အသိအမှတ်ပြုသည်။ ယုံကြည်လေးစား သဒ္ဓါတရားထားရန် မေတ္တာပို့ရန်သွန်သင် သည်။ လူမျိုးတိုင်းတွင် နဗီ၊ ဟာဒီများပွင့်ခဲ့ကြောင်း၊ ယင်း လူ့အဖွဲ့အစည်းရှိ ကောင်းသည့်အချက်များကို တွေ့ရခြင်းဖြင့်သိနိုင်သည်။ ဥပမာအားဖြင့် တောင်ပေါ်သားများသည် ဧည့်ဝတ်ကျေကြသည်။ ယဉ်ကျေးသည် ဟုဆိုသူများထက် သစ္စာရှိသည်။ ကျမ်းတော်မြတ်ကုရအာန်တွင် ကောင်းတာအားလုံး အလ္လာ့ဟ်ထံမှလာသည် ဟုဆိုသည်။ အလ္လာဟ်အရှင်သည် အဖိုနှင့်အမ ကြင်ဘက်တစ်စုံမှစပြီး ကမ္ဘာပေါ်တွင် လူ့ဘဝကို စတင်စေခဲ့ရာ ယနေ့လူသားမျိုးနွယ်အားလုံးမှာ ဤကမ္ဘာဦးဖခင်နှင့်မိခင်တို့မှ ဆင်းသက် ပေါက်ဖွားလာကြခြင်းဖြစ်သည်။
ကမ္ဘာပေါ်ရှိလူမျိုးတိုင်းမှ ကောင်းသောအချက်များသည် ဘိုးဘွားဘီဘင်တို့ထဲမှ တရားဓမ္မလမ်းညွှန် နဗီ၊ ရစူလ်၊ ဟာဒီ၊ ဝလီတို့၏ သွန်သင်ချက်များဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်က မည်သည့်လူမျိုးကိုမှ အထင်မသေးရပါ။ အားလုံးသောလူမျိုးများသည်နဗီ၊ဟာဒီတို့၏လူမျိုးများဖြစ်ကြသည်။

ကမ္ဘာ့သာသနာပေါင်းချုပ်
လွန်ခဲ့သောနှစ်ပေါင်းများစွာက ပွင့်ခဲ့သော ဗုဒ္ဓမြတ်စွာ၏ထူးခြားချက်မှာ မေတ္တာဖြစ်သည်။ ယနေ့မှ လွန်ခဲ့သော နှစ်ပေါင်း (၂၀ဝ၀)ခန့်တွင်ပွင့်ခဲ့သော အီဆာနဗီခေါ် ယေရှုခရစ် (အီဆာအီဘာသာ) ခရစ်ယာန်သည် ဂရုဏာ၊ လှူဒါန်းခြင်းကို အဓိကထားသည်။ သမိုင်းအရ နှစ်ပေါင်း(၁၄၀ဝ)ကျော်ကပွင့်ခဲ့သော တမန်တော်မုဟမ္မဒ်(ဆွ) ယူဆောင်လာသော သာသနာသည် ညီညွတ်ရေးကို အခြေခံထားသည်ဟု ရာဇဝင်သမိုင်းဆရာတို့က ဆိုကြပါ သည်။ အစ္စလာမ်တွင် ဟိန္ဒူကျမ်း၏ ဝတ္တရား၊ ရဟူဒီတို့၏ တရားစီရင်ခြင်း၊ ဗုဒ္ဓကျမ်း၏ မေတ္တာ၊ ဖါရစီလူမျိုး တို့၏သန့်ရှင်းစင်ကြယ်ခြင်း၊ ခရစ်ယာန်များ၏ ကရုဏာ၊ လှူဒါန်းခြင်း စသည်တို့ပါဝင်သည်။ ထို့ကြောင့် အစ္စလာမ်သည် ကမ္ဘာ့သာသနာပေါင်းချုပ်ဖြစ်သည်။ ကုရ်အာန်သည်လည်း ကမ္ဘာ့ဘာသာ သာသနာတို့၏ ကျမ်းပေါင်းချုပ်ဖြစ်သည်။(ကုရ်အာန်၉၈း၂-၃)

လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်
ကုရ်အာန်ကျမ်းတော်မြတ်၏လမ်းညွှန်ချက်အရ လူတိုင်း လူတိုင်းသည် ဘာသာရေးကို လွတ်လပ်စွာယုံကြည် နိုင်သည်။ ကိုးကွယ်နိုင်သည်။ ကျင့်သုံးနိုင်သည်။ “ဘာသာ သာသနာကို ယုံကြည်ရာ၌ အတင်းအဓမ္မစနစ်မရှိ။ အမှားနှင့် အမှန်သည် ထင်ရှားပြီးဖြစ်သည်။” (ကုရ်အာန်ကျမ်း ၂း၂၅၆) အစ္စလာမ်သာသနာကိုပင်လျှင် ကြိုက် နှစ်သက်လိုလားမှလက်ခံရမည်။ မကြိုက် မနှစ်သက်ပါက လက်ခံရန်မလိုကြောင်း အတိအလင်း ဗျာဒိတ်တော် မူထားသည်။ “နှစ်သက်သူမှ အစ္စလာမ်ကိုလက်ခံပါ။ မနှစ်သက်ပါက ငြင်းပယ်နိုင်ပါသည်။” (ကုရ်အာန်ကျမ်း ၉း၆)
အထက်ပါကျမ်းတော်မြတ်ကုရ်အာန်၏လမ်းညွှန်ချက်များကို လိုက်နာကျင့်သုံးခဲ့ကြ သည့် အတိတ်ခေတ်ရှိ မွတ်စလင်တို့၏ စိတ်ထားမွန်မြတ်ပုံ၊ အခြားဘာသာဝင်လူနည်းစု များအပေါ်၌ မည်မျှ စေတနာ၊ မေတ္တာထားရှိပုံ၊ တရားမျှတပုံတို့ကို ဘာသာခြားစာရေးဆရာများ၊ သမိုင်းသုတေသီများနှင့် ပညာရှင်များ၏ မှတ်တမ်းမှတ်ရာ များဖြင့် အနည်းငယ်တင်ပြလိုပါသည်။ တမန်တော်မြတ် သက်တော်ထင်ရှားရှိစဉ်ကာလတွင် မဒီနာမြို့ရှိ  ဘာသာခြားများနှင့်ဆက်ဆံမှု၊ ပထမဆုံးစစ်ပွဲဖြစ်သော ဗဒရ်စစ်ပွဲတွင် ဖမ်းဆီးရမိသော သုံ့ပန်းများအပေါ် ဆက် ဆံပြုမူခဲ့မှု၊ မက္ကာမြို့တော်ကို အောင်နိုင်ပြီးနောက်တွင် တမန်တော်မြတ်သည် မိမိအား နှိပ်စက်ကလူပြုခဲ့သူများ ကိုလည်းကောင်း၊ မိမိ၏သမီးဇိုင်နဗ်ကို သတ်ဖြတ်ခဲ့သူကိုလည်းကောင်း၊ မိမိ၏ဘကြီးတော် ဟမ်ဇာသခင်ကို သတ်ဖြတ်ခဲ့သူ ဟဗ်ရှိကိုလည်းကောင်း၊ ဘကြီးတော်၏ရင်ကိုခွဲကာ နှလုံးကို ထုတ်ယူဝါးမြိုခဲ့သူ ဟင်းဒ်ကို လည်းကောင်း ကလဲ့စားချေခြင်းမပြုဘဲ ခွင့်လွှတ်ခဲ့မှုများမှာ ကမ္ဘာ့သမိုင်းတွင်စံတင်စရာဖြစ်ခဲ့ပေသည်။
တမန်တော်မြတ်နောက်ပိုင်းတွင် အစ္စလာမ်နယ်မြေကျယ်ပြန့်လာခဲ့ရာ ဒုတိယ သမ္မတကြီး ဟဇရသ်အွမ္မရ်သခင် လက်ထက်တွင် ဂျေရုဆလင်ကို အောင်နိုင်ခဲ့လေသည်။ အွမ္မရ်သခင်သည် ထိုမြို့တွင်နေထိုင်သော မြို့သူ မြို့သားများနှင့် သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုပေးခဲ့သည်။ ယင်းစာချုပ်ပါ အချို့အချက်အလက်များမှာ -  ဂျေရုဆလင်ရှိ နိုင်ငံသား၊ ဘာသာခြားတိုင်းသည် ၎င်းတို့၏ အသက်စည်းစိမ်၊ သားမယား၊ ကိုးကွယ်ရာဘာသာ တရား၊ သာသနာ့အဆောက်အဦးများနှင့် လက်ဝါးကပ်တိုင်များ၊ ဘုရားကျောင်းများနှင့် ၎င်းတို့ပိုင်ဆိုင်သည့် အရာအားလုံး၏ လုံခြုံမှုကို အာမခံချက်ပေးကြောင်း ဝန်ခံသဘောတူညီခဲ့ပြီး ၎င်းတို့၏မြေယာများနှင့် ဘာသာ ရေးဆိုင်ရာတို့တွင် မည်သည့်အနှောက်အယှက်မျိုးမှ မဖြစ်စေရ။ ၎င်းတို့၏ ဘာသာရေးဆိုင်ရာ လှူဒါန်းထား မှုများ၊ ဂုဏ်အင်္ဂါများကို မူလအတိုင်း ထားရှိရမည်။ ဤသည်ကို အနောက်တိုင်းစာရေးဆရာ Lawrence က The Eclips of Christianity in Asia ဟူသောစာအုပ်တွင် ရေးသားမှတ်တမ်းတင်ထားခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံတွင်လည်း မွတ်စလင်မ်တို့သည် နှစ်ပေါင်း(၁၀ဝ၀)ခန့် အုပ်ချုပ် မင်းလုပ်ခဲ့လေသည်။ ကုရှ်မီရ်မှ မိုက်ဆူရ်အထိ၊ ဂွဂ်ျရာသ်မှ ဘန်ဂါလ်အထိ မွတ်စလင်မ်ဘုရင်တစ်ဦး အာဏာထွားခဲ့သည့်ကာလရှိခဲ့သည်။ ပထမဆုံး ဟိဂျာဂ်ျခေတ်တွင် ဂါဇီမုဟမ္မဒ် ဗင်န် ကာဆင်သည် ဆင်းဒ်ပြည်နယ်အထိရောက်ခဲ့ကြောင်း William Muir က ဤသို့ ရေးသားခဲ့လေသည်။ “ထိုအချိန်က မွတ်စလင်မ်တို့သည် ဟိန္ဒူများ၏ဘုရားရှိခိုးကျောင်း အား လုံးကို မူလအတိုင်း ထားရှိစေခဲ့လေသည်။ ရုပ်ထုများကိုးကွယ်နေကြသည်ကိုသိလျက်နှင့် တားဆီးပိတ်ပင်မှု မပြုလုပ်ခဲ့ပေ။ ယဟူဒီ၊ ခရစ်ယာန်နှင့် ဖါရ်ဆီ လူမျိုးများအားလုံးတို့အား မိမိ ဘာသာတရားအရ နေထိုင်ခွင့်ပြု ခဲ့လေသည်။ ထို့ကြောင့်ပင် မွတ်စလင်မ်အုပ်ချုပ်မှုရှိပါလျက် အိန္ဒိယသည် အစ္စလာမ်နိုင်ငံ မဖြစ်ခဲ့ပေ။”

ကမ္ဘာ့ဘာသာပေါင်းစုံချစ်ကြည်ရေးကိုဖော်ညွှန်းသည့်တမန်တော်မြတ်၏စာချုပ်
ကမ္ဘာ့ခရစ်ယာန်ထုအားလုံးကို ကြေညာလိုက်သည်။ မွတ်စလင်မ်များသည် ခရစ်ယာန်ဘာသာတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို လုံခြုံမှု၊ ကာကွယ်မှုပေးကြ ရမည်။ ဤပဋိညာဉ်ကို အလ္လာဟ်အရှင်မြတ်၏ အလိုတော်အရ ကျွန်ုပ်က ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့တောင်ဖျားမှ မြောက်ဖျား၊ နေဝင်ရာမှ နေထွက်ရာ တိုင်းပြည်အားလုံးရှိ ခရစ်ယာန်ဘာသာဝင်ဟူသရွေ့ကို အစ္စလာမ်ဘာသာဝင်တို့သည် အစွမ်းကုန် အသက် အိုးအိမ်စည်းစိမ်နှင့်ပတ်သက်ပြီး စောင့်ရှောက်မှုပေးကြရမည်။ ၎င်းတို့အား လေးစားကြရမည်။ ဤကတိ စာချုပ် ပါ အချက်များကို သစ္စာရှိစွာလိုက်နာကျင့်သုံးဆောင်ရွက်သူတို့သည် အလ္လာဟ်အရှင်၏ရှေ့တော်မှောက်တွင် အမှုထမ်းဆောင်ပြီးပင်ဖြစ်သည်သာမက ချိုးဖောက်သူတို့သည် အလ္လာဟ်အရှင်၏ရှေ့တော်မှောက်၌ ဒုက္ခဒဏ် ကို မုချခံကြရလိမ့်မည်။ ဤအမိန့်သည် အစ္စလာမ်ဘာသာဝင် တိုင်းဘုရင်ဖြစ်စေ၊ သာမန်လူတန်းစားပင်ဖြစ်စေ ခွဲခြားခြင်းမရှိ။ မွတ်စလင်မ်မှန်သမျှ လိုက်နာကြရမည်။ ကျွန်ုပ်၏နောက်လိုက် လူအင်အား၊ ပစ္စည်းဥစ္စာရတနာ ရွှေ၊ ငွေ အင်အားနှင့် လက်နက်အင်အားခပ်သိမ်းကုန်နှင့် ၎င်းတို့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရ မည်။ ထို့ပြင် ခရစ်ယာန်ဘာသာဝင်တို့၏ ဘုရားရှိခိုးကျောင်းများကိုလည်းကောင်း၊
င်းတို့၏ ကျမ်းစာများကို လည်းကောင်း၊ ၎င်းတို့၏ ကိုးကွယ်ဆည်းကပ်ရာ ဘုန်းတော်ကြီးများကို လည်းကောင်း ကာကွယ်ပေးကြရမည်။
မည်သည့်ခေတ်အခြေအနေဖြစ်စေ၊ မည်သည့်အရပ်ဒေသဖြစ်စေ ခရစ်ယာန်ဘာသာဝင်တို့အား ခြိမ်းခြောက် လာသည့်အန္တရာယ်များမှ တွန်းလှန်ကာကွယ်ပေးကြရမည်။ ကျွန်ုပ်တို့၏တာဝန်သည် ထိုသူများကို အကာ အကွယ်ပေးခြင်းသာဖြစ်၍ အသိပေး၍လည်းကောင်း၊ အသိမပေးပဲနှင့်သော်လည်းကောင်း ကာကွယ်ပေးသွား ရမည်။ ဤကဲ့သို့လုပ်ရခြင်းမှာ ကျွန်ုပ်သည် သစ္စာစောင့်စည်းမှုကိုလက်တွေ့သင်ပြခြင်းပင်ဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော် ဤကဲ့သို့သစ္စာပြုထားနှင့်ပြီးဖြစ်ခြင်းကြောင့် ဤယုံကြည်မှုကို မည်သည့်အခါတွင်မျှ စွန့်လွှတ် ခြင်းပြုခွင့်အလျဉ်းမရှိပြီ။ ဘေးအန္တရာယ်ဟူသမျှသည် ခရစ်ယာန်တို့အပေါ်မကျရောက်စေပဲ ကျွန်ုပ်နှင့် မွတ်စလင်မ်တို့ကသာလျှင် ရှေ့တန်းက ခါးစည်းပြီး ရင်ဆိုင်ကြရမည်။ မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းတို့၏ဘာသာဂိုဏ်းချုပ်များကို နှိမ့်ချခြင်း၊ ဘုန်းတော်ကြီးများကို ဘုရားရှိခိုးကျောင်းများမှ ထုတ်ပယ်ခြင်း၊ ခရစ်ယာန်ဘာသာဝင်များကို ခရစ်ယာန်ဂိုဏ်းများမှလည်းကောင်း၊ ရသေ့များကို ၎င်းတို့စင်္ကြံကျောင်းများမှ လည်းကောင်း၊ သာသနာပြုများကို ၎င်းတို့၏နောက်လိုက်မှ သီးခြား ခွဲထားနှောက်ယှက်ခြင်းကိုလည်းကောင်း လုံးဝမပြုလုပ်ကြရ။ ထို့ပြင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ အုတ်၊ ကျောက်ခဲ စသည့် မည်သည့်အသုံး အဆောင်ကိုမျှ မွတ်စလင်မ်ဗလီကျောင်းများအတွက် အသုံးပြုရန် မယူဆောင်ကြရ။ အထက်ပါစည်းကမ်း များကို ချိုးဖောက်ဖျက်ဆီးသူသည် ထာဝရသခင်၏ သစ္စာတော်ကို ချိုးဖောက်သူပင်မည်၏။ ခရစ်ယာန်တို့အား ၎င်းတို့အိုးအိမ်များကို အဓမ္မစွန့်လွှတ်စေပြီး မွတ်စလင်မ်တို့နှင့် အတူ ရန်သူများအား တိုက်ခိုက်ရန် မခေါ်ဆောင် ရ။ ထိုသူများအး အသက်ပေး၍ ကာကွယ် ကြရမည်။ မည်သည့်ကိစ္စတွင်ဖြစ်စေ ကျွန်ုပ်တို့သည် ထိုသူများထံမှ ငွေကြေးအကူအညီကို မယူသင့်။ သို့ရာတွင် ၎င်းတို့စိတ်စေတနာအလျောက် ထောက်ပံ့လာခဲ့ပါက ခေတ္တအား ဖြင့် အသုံးပြုနိုင်သည်။ သို့ရာတွင် ထိုငွေကို မွတ်စလင်မ်ပြည်သူ့ဘဏ္ဍာ 'ဘိုင်တွလ်မာလ်'မှ ပြန်လည်ပေး ဆပ်ရန် ကတိပြုခဲ့ပြီးဖြစ်ရမည်။ ခရစ်ယာန်ဘာသာဝင် များကို ပစ်ပစ်ခါခါ ရုန့်ရင်းကြမ်းတမ်းစွာ ဆက်ဆံခြင်း များကို မပြုလုပ်ရ။ ၎င်းပြင် အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန်ခြိမ်းခြောက်ခြင်း၊ နိုင်ထက်စီးနင်း ပြုလုပ်၍ ဘာသာသွတ်သွင်းခြင်းများကို မပြုလုပ်ကြရမည့်အပြင် တိုင်ပင်ဆွေးနွေးရာ၌ပင် အဓမ္မတိုက်တွန်းခြင်း မပြုလုပ် ရ။ ကြင်နာယုယစွာ ဆွေးနွေးခြင်းကိုသာ ခွင့်ပြုသည်။ ထိုကဲ့သို့ ဆွေးနွေးရာတွင် ၎င်းတို့အား နစ်နာစေမည့် စကားလုံးများကို မသုံးနှုန်းရ။ ခရစ်ယာန်တစ်ဦးအား အခြားဘာသာဝင်နှင့်အိမ်ထောင်ပြုရန် အဓမ္မတိုက်တွန်း ခြင်းမပြုရ။ ထို့ပြင် ခရစ်ယာန်သမီးပျိုကိုလည်း မွတ်စလင်မ်သားယောကျာ်းလေးအတွက် အဓမ္မတောင်းရမ်းခြင်း မပြုလုပ်ကြရပေ။ မွတ်စလင်မ်တစ်ဦးထံ လာရောက်နေထိုင်သော ခရစ်ယာန်တစ်ဦးသည် မိမိယုံကြည် အား ထားသည့်ဘာသာကို လွတ်လပ်စွာကိုးကွယ်ဆည်းကပ်နိုင်၍ လွတ်လပ်စွာ နေထိုင်စားသောက်ခွင့်လည်း ရှိရ မည်။ ခရစ်ယာန်များသည် မိမိတို့ ကျောင်း၊ ကန်၊ ဘုရားများကိုပြုပြင်လို၍ အကူအညီ တောင်းလာခဲ့ပါက မွတ်စလင်မ်များသည် တာဝန်ကျေပွန်စွာ ၎င်းတို့ဘာသာထုံးစံနှင့် လျော်ညီအောင် ပြုလုပ်ပေးရမည်။
ဤစာချုပ်ကို သက်သေအဖြစ် အဆွေတော်ကြီးများဖြစ်ကြသည့် အဗူဘကရ်သခင်၊ အွမ္မရ်သခင်၊ အွတ်ဆမန် သခင်နှင့် အလီသခင်တို့အပါအဝင် ဆွဟာဗာသာဝကပေါင်း (၃၀) က လက်မှတ်ရေးထိုးထားကြသည်။
[မှတ်ချက် ။ ။ ဤစာချုပ်သည် ခရစ်ယာန်ဘာသာတစ်ခုတည်းသာမဟုတ်။ ဘာသာအားလုံးကို ကိုယ်စားပြု ထားပြီး အထက်ပါအချက်များသည် အကျဉ်းချုပ်အားဖြင့်သာ ဖော်ပြထားခြင်းဖြစ်ပါသည်။ အကျယ်သိလိုပါက ဆရာဝါးခယ်မမောင်မင်းနိုင်ရေးဘဝအလှတရားလမ်းညွှန်(စာ-၂၃၀)တွင်ရှုပါရန်။]

ကမ္ဘာ့ငြိမ်းချမ်းရေးကိုတည်ဆောက်ရန်လိုအပ်ချက်
အစ္စလာမ်က ကမ္ဘာ့ငြိမ်းချမ်းရေး (Global Peace) ကိုတည်ဆောက်ရယူစေနိုင်မည့် လူသားချင်း စာနာမှု စိတ်ဓါတ်ကို တိုက်တွန်းသည်။ မည်သည့်အစွဲမှမထားပဲ လူအချင်းချင်းအကြားဝယ် အပြန်အလှန် အတုံ့အလှည့် သဘောထားကြီးမှု၊ ခင်မင်ရင်းနှီးမှု နှင့် မေတ္တာ၊ ဂရုဏာ အကြင်နာပွားများရေးကို အားပေးသမှုပြုသည်။ ဘာသာအယူဝါဒ ကွဲပြားမှုကိုအကြောင်းပြုပြီး မုန်းတီးမှုနှင့် ဝန်တိုမစ္ဆရိယမပွားစေရေးကိုဆုံးမသည်။ ငြိမ်းချမ်း ရေးသည် ဘာသာတရားအားလုံး၏ ပင်မအခြေခံပင်ဖြစ်ပါသည်။ ကမ္ဘာ့ရွာကြီး ငြိမ်းချမ်းသာယာလှပဝေဆာ နေ ရေးအတွက် စုပေါင်းဆောင်ရွက်ရန်သည်ပင် ဘာသာဝင်အသီးသီး၏ မြင့်မြတ်သောတာဝန်ဖြစ်ပါသည်။ လူသား ၏ မြင့်မားလှသည့် ဦးတည်ရည်ရွယ်ချက်များမှာလည်း ငြိမ်းချမ်းပကတိ ရှိရာ ဝန်းကျင်ကြီးသာမရှိခဲ့ပါက ထမြောက်အောင်မြင်နိုင်စရာမရှိပေ။ လူတစ်ဦးချင်း၏ နာမ်ပိုင်း၊ ရုပ်ပိုင်း တိုးတက်မှုများရော၊ ကိုယ်ကျင့်တရား ရေးရာ တိုးတက်မှုများမှာပါ ငြိမ်းချမ်းသောဝန်းကျင်ရှိနေမှသာလျှင် ပကတိငြိမ်းချမ်းရာကိုဖြစ်စေနိုင်ပေမည်။ ထို့ အတွက် လူမှုကိစ္စအဝ၀ကို ဆောင်ရွက်နိုင်ရန်နှင့် ကောင်းသောလူ့အဖွဲ့အစည်းကို တည်ဆောက်ရန်အတွက် ငြိမ်းချမ်းသောဝန်းကျင်မှာ အဓိကမရှိမဖြစ်လိုအပ်ပေသည်။ “လူသားလူ့ဂုဏ်ကို တန်ဖိုးထားတတ်ပါမှ ကြီးပွား တည်တံ့နိုင်မည်။ ဒါကြောင့် ဘာသာစကား၊ မျိုးနွယ်နဲ့အသွေးအရောင်ကို ပဓါနမထားပဲ ညီရင်းအစ်ကို မိသားစု လူ့ဘောင်ကြီးရှိဖို့ အလွန်ကိုလိုအပ်ပါသည်။ ဒါပေမယ့် ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒကို ရှေ့တန်းတင်နေသရွေ့ လူသားအားလုံးကို အလ္လာဟ်အရှင်ရဲ့ မိသားစုလို့မမြင်သေးသရွေ့ ကမ္ဘာမှာ ဗြဟ္မစိုရ်တရား မထွန်းကားနိုင်ပါ ဘူး။ သာယာတဲ့ ငြိမ်းချမ်းတဲ့ လူသားကမ္ဘာကြီး ကို တည်ဆောက်နိုင်ကြမှာမဟုတ်ပါဘူး။” ကမ္ဘာ့စာဆိုတော်ကြီး ဒေါက်တာအိကဗားလ်၏ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တင်ပြချက်ဖြစ်ပါသည်။ အေးချမ်းစွာအတူ ယှဉ်တွဲနိုင်ရေး ငှာ ကြိုးပမ်းရာ၌ ကမ္ဘာ့မိသားစုစိတ်ဓါတ်ကို လက်တွေ့ထားရှိကျင့်သုံးကြဖို့က အဓိကဖြစ်သည်။ လူ့ဝန်းကျင်ရှိ Eco-system ကြီးတစ်ခုလုံးနှင့် သဘာဝရင်းမြစ်တွကို စောင့်ရှောက် ထိန်းသိမ်းပေးရာမှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ရပ်ပင်ဖြစ်သည်။ သတ္တလောကကို စောင့်ရှောက်ရန်နှင့် သဘာဝအင်အားစုတို့သည် လူသား အတွက်ဖြစ်ကြောင်း ကျမ်းမြတ်ကုရ်အာန်တွင်ဖော်ပြထားသည်။ ကုရ်အာန်ကျမ်း (၂း၁၁)တွင် - ဤကမ္ဘာ မြေ ဝယ် ပျက်စီးရာ ပျက်စီးကြောင်း ကိစ္စရပ်များကို မပြုကြလေနှင့်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုအပါအဝင် အိုဇုန်းလွှာ ပေါက်မှု၊ သစ်တောပြုန်းတီးမှုမှအစ ဖန်လုံအိမ်အာနိသင်အဆုံး၊ လူသားထုအပေါ် အနိဋ္ဌာရုံသင့်စေ မည့်ကိစ္စ ခပ်သိမ်းအား ရှောင်ကျဉ်ခြင်းဖြင့် ဝေနေယျခပ်သိမ်း၏ ငြိမ်းချမ်းရေးကို ပကတိ တည်ဆောက်ရယူသွားရန် တိုက်တွန်းချက်ပင်ဖြစ်ပါသတည်း။

အစ္စလာမ်နိုင်ငံရှိဘာသာခြားတို့၏အဆောက်အဦးများ
အင်ဒိုနီးရှားနိုင်ငံတွင် “မွတ်စလင်မ်ဘာသာဝင်ဦးရေ အများဆုံးနေထိုင်ကြသော်လည်း ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာဝင်အဆောက်အဦး ‘ဗောရောဗုဓော’ စေတီတော်ကြီး ကို မိမိတို့ကိုယ်ပိုင် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် အားလုံးကပင် လက်ခံဂုဏ်ယူကြလေသည်။ (ဒေါက်တာတင်ထွန်းဦး၊ သုတစွယ်စုံ၊ ၁၉၈၃-ခု၊ ဇန်နဝါရီလ) ပါကစ္စတန်နိုင်ငံတွင်လည်း ဗုဒ္ဓဘာသာဝင်တို့၏ တက္ကသီလကျောင်းတော်ကြီးကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကောင်းစွာထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးထားသည်။ မလေးရှားနိုင်ငံ ကီလန်တန်နယ်သည် မလေးရှားနိုင်ငံ၏ အစ္စလာမ်သာသနာ အချက်အချာအဖြစ် လူသိများ သည့် နယ်မြေဖြစ်၏။ ထိုနယ်မြေတွင် အရှေ့တောင်အာရှ တွင် (တင်ပျဉ်ခွေစေတီများအနက်) အကြီးဆုံး ဖြစ်သည့် ဉာဏ်တော် ၃၁.၅မီတာရှိသော ဗုဒ္ဓဆင်းတုတော်ကြီးရှိနေသည်။ မလေးရှားနိုင်ငံက ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက် ပေးထားသည်ကို ယခုတိုင်မြင်တွေ့နေရပါသည်။ (Asia Magazine - 8.11.95)

နိဂုံး
ဘာသာပေါင်းစုံချစ်ကြည်ရေးကို ဖော်ဆောင်ရာတွင် အစ္စလာမ်က လူသား အားလုံးသည် တစ်အုံတုံဆင်း ညီရင်းအစ်ကိုမောင်ရင်းနှမများဖြစ်ကြသည်။ သို့အတွက် လူနှင့်လူအကြားတွင် သွေးခွဲခြားသည့်စနစ်ဆိုး လုံးဝ မရှိရဟု ဆိုထားပါသည်။ အသားအရောင်ဖြူခြင်း၊ မည်းခြင်း စသည့် အသားအရောင်ခွဲခြားမှု ပြဿနာ ကြီးသည် လူနှင့်လူအကြား စံထားဂုဏ်တင်ပြောဆိုစရာကိစ္စဟူသောချက်ကို ပြစ်တင်ရှုံ့ချသည်။ အလးတူပင် ဘာသာ စကားကွဲပြားမှုကြောင့် ဂုဏ်သိမ်ငယ်စရာဟု ဆိုစရာလည်း မရှိပေ။ လူလူချင်းအကြား စံထားဂုဏ်တင်ပြောဆိုရ မည့်ကိစ္စမှာ ယုံကြည်ချက်နှင့် အသိ ပညာ၊ ဗဟုသုတ၊ အလိမ္မာ၊ စာနာတရား၊ ချစ်ခြင်းမေတ္တာနှင့် အကျင့်သီလ သာလျှင်ဖြစ်သည်။ 'အို ... လူသားတို့၊ ငါအရှင်သည် အသင်တို့အား တစ်ခုတည်းသော အဖိုအမ မှ ဖန်ဆင်း တော်မူပြီး အသင်တို့အချင်းချင်း သိလွယ်စိမ့်သောငှာ အမျိုးအနွယ်အဖုံဖုံကို ဖြစ်စေတော်မူသည်။ တကယ် တမ်း၌ အလ္လာဟ်အရှင်မြတ်၏ အမြင်ဝယ် အသင်တို့အတွင်းမှ အမြတ်ဆုံးသောသူမှာ အသင်တို့အနက် အကျင့် သီလ အမွန်မြတ်ဆုံးသောသူပင်ဖြစ်သည်။' (ကုရ်အာန်ကျမ်း ၄၉း၃၃) တမန်တော်မြတ်(ဆွ)က မိန့်ကြားတော် မူသည်မှာ ‘အာရဗ်အမျိုးသားများသည် အာရဗ်မဟုတ်သူတို့ထက် ကြီးကဲမြင့်မြတ်ခြင်းမရှိ” ဟူ၏။
ဤအချက်ကိုသာ လူတိုင်းကလက်ခံကြမည်ဆိုလျှင် သွေးခွဲခြားမှု၊ အနိဋ္ဌာရုံဆိုး အဝ၀ကို လုံးဝမြေမြှုပ်သင်္ဂြိုလ် နိုင်မည်ဖြစ်ပြီး လူအချင်းချင်းအကြားဝယ် မိသားစုစိတ်ဓါတ်၊ ညီရင်းအစ်ကိုစိတ်ဓါတ် အမှန်တကယ် ထွန်းကား လာပေမည်။ ထို့ကြောင့်ဂျော့ဘားနတ်ရှောက သူ၏ The Genuine Islam တွင် ‘အကယ်၍ မုဟမ္မဒ် ကဲ့သို့သော ပုဂ္ဂိုလ်ကသာ ယနေ့ကမ္ဘာကြီးအား အုပ်ချုပ်မင်းလုပ်သွားမည်ဆိုပါက သူက ကမ္ဘာ့ပြဿနာအားလုံးကို အောင် မြင်စွာ ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး တကယ့် ငြိမ်းချမ်းရေးနှင့် တကယ့်ပျော်ရွှင်သုခကို ရစေမည်ကား အမှန်ပင်။”
ကျွန်တော်တို့၏ နှစ်ဘဝခေါင်းဆောင်ကြီး တမန်တော်မြတ်မုဟမ္မဒ်(ဆွ)နှင့်တကွ တစ်ချိန်ကကမ္ဘာကြီးကို ငြိမ်းချမ်းသာယာအောင် ဦးဆောင်ခဲ့သော ဆွဟာဗာသာဝကကြီးများကဲ့သို့ ယနေ့မွတ်စလင်မ်တို့သည် အချင်း ချင်းစည်းလုံးညီညွတ်စွာဖြင့် ကမ္ဘာ့လူသားထုတစ်ရပ်လုံး၏ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သော စစ်မှန်သည့် မွတ်စလင်မ်၊ မုအ်မင်န် ပီသအောင် ကြိုးပမ်းရန် အစ္စလာမ်သာသနာဝင် မွတ်စလင်မ်တစ်ဦးတိုင်းအတွက် တာဝန်ပင်ဖြစ်ပါတော့သည်။ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွင်း အစ္စလာမ်၏ မင်္ဂလာတရားအထွတ်အထိပ်တိုင် ထွန်းကားလာပါက လောကကြီးတစ်ခွင်မှာလည်း အလှပန်းမျိုးစုံဖြင့် ဝေဆာတင့်လန်းနေမည်သာ ဖြစ်ပါတော့ သတည်း။