Tuesday, December 26, 2017

တိုင်းရင်းသား (၁၄၄) မျိုး

"တိုင်းရင်းသား (၁၄၄) မျိုး"
-----------------------------

(၁၉၇၃) ခုနှစ်က ပြည်ထဲရေးဝန်ကြီးဌာနက
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးထံသို့ပေးပို့သော
လူမျိုးစာရင်း၌ တိုင်းရင်းသား လူမျိုး (၁၄၄)
မျိုး ပါရှိပါတယ်။

ထိုလူမျိုးစုများထဲတွင် အစ္စလမ်ဘာသာဝင်
များ အဖြစ်.......

၁)။ မြန်မာမွတ်စလင်
၂)။ ပန်းသေးလူမျိုး
၃)။ ပသျူးလူမျိုး
၎)။ ရခိုင်စစ်တကောင်းလူမျိုး
စသည်တို့ပါရှိပါသည်။

ထို (၁၄၄) လူမျိုးစာရင်းထဲ၌
တရုတ် စကားပြောသော 'ကိုးကန့်'
လူမျိုး လုံးဝ မပါရှိပါချေ။

# (၁၄၄) လူမျိုးစာရင်း ဓာတ်ပုံကို
Dr Ko Ko Gyi’s Blog မှ ရရှိပါတယ်။

အဲဒီကနေ ဒီဖက် စစ်သူခိုးတွေ ခေတ်
ရောက်တော့ (၁၃၅) မျိုး ဖြစ်သွားတယ်။

အဲဒီ စာရင်းက.......

၁)။ ကချင် (၁၂) မျိုး။
၂)။ ကယား (၉) မျိုး။
၃)။ ကရင် (၁၁) မျိုး။
၎)။ ချင်း (၅၃) မျိုး။
၅)။ ဗမာ (၉) မျိုး
၆)။ မွန် (၁) မျိုး
၇)။ ရခိုင် (၇) မျိုး
၈)။ ရှမ်း (၃၃) မျိုး၊
စုစုပေါင်း (၁၃၅) မျိုးလို့ဆိုပါတယ်။

စာရှည်သွားမှာမို့ လူမျိုး တမျိုးချင်းစီ၏
အမည်တွေကို မဖော်ပြတော့ပါ။

ဗမာပြည်ဖြစ်လို့ ဗမာများတာ အဆန်း
မဟုတ်သော်လဲပဲ အခြား မျိုးနွယ်တွေ
က အတင်း ဗမာဆန်ချင်နေတာကြီး
ကတော့ အတော် အော်ဂလီ ဆန်
စရာ ကောင်းတယ်။

အင်္ဂလိပ် အသုံးအနှုန်းအရ'Ethnic' နဲ့
'Race' နှစ်ခု ဆိုလိုရင်း မတူပါ။

ဗမာစကားမှာတော့ ခုချိန်ထိကို ရောထွေး
နေဆဲ ဖြစ်တယ်။

'Ethnic' ဆိုတဲ့ အသုံး အနှုန်းကိုလည်း 'လူမျိုးစု'
လိုလို၊ တိုင်းရင်းသား (Indigenous or Native)
လိုလို ယူဆနေကြပြီး၊ 'Race' (လူမျိုး) ဆိုတာ
သီးခြားစီရှိတဲ့ မျိုးရိုးဗီဇ တစ်ခုချင်းစီကနေ ဆင်း
သက်လာတဲ့ လူတွေလို့ တထစ်ချ မှတ်ယူနေ
ကြပြန်တယ်။

မျိုးရိုးဗီဇ တစ်ခုတည်းက ဆင်းသက် လာတဲ့
လူမျိုးဆိုတာ “ကမ္ဘာပေါ်မှာ 'လူမျိုး (Race)'
စစ်စစ်ဆိုတာ လုံးဝ မရှိတော့ဘူး” လို့ ကမ္ဘာ့
အဖွဲ့အစည်း (UNESCO) က ၁၉၅၂ ခုနှစ်
မှာ တစ်ကြိမ်၊ ၁၉၆၄ ခုနှစ်မှာ တစ်ကြိမ်
အတိအလင်း ကြေငြာခဲ့ဖူးပါတယ်။

'လူမျိုး' ဆိုတဲ့ အယူစွဲမှုကနေ “သူ့လူမျိုးထက်
ငါ့လူမျိုးက ပိုမြတ်တယ်” ဆိုတဲ့ 'Racism'
အယူအဆကို ဦးတည်စေတဲ့အတွက် 'Race
(လူမျိုး)' ဆိုတဲ့ အသုံးအနှုန်းသည်ပင်လျှင်
မှားယွင်း နေကြောင်း ကမ္ဘာပေါ်မှာ ရှိတဲ့
လူသား မျိုးနွယ်များကို 'Ethnic group
(မျိုးနွယ်စု)' များ အဖြစ်သာ သတ်မှတ်
ယူဆသင့်ကြောင်း မနုဿဗေဒ ပညာ
ရှင်တွေက နောက်ပိုင်းမှာ အတိအလင်း
ထုတ်ပြန်ခဲ့ပါတယ်။

လူမျိုးများအကြောင်း လေ့လာသည့် သိပံ္ပ
ပညာ (Ethnologue) မှာ ဖော်ပြထားချက်
အရ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဘာသာ
စကား အပါအဝင် မတူကွဲပြားတဲ့ ဘာသာ
စကား (၁၁၃) မျိုးရှိပါတယ်။

ဒီအထဲက (၁၁၁) မျိုးဟာ ပြောဆို အသုံးပြုနေ
တဲ့ မျိုးနွယ်စုတွေ ရှိနေကြပေမဲ့၊ ဘာသာ စကား
(၂) ခုကတော့ ပြောဆိုမဲ့သူ မရှိတော့ဘူးလို့ ဆို
ပါတယ်။

UNESCO နဲ့ SIL အဖွဲ့ကြီးတို့ရဲ့ သုတေသနပြု
တွေ့ရှိချက်များအရ ဘာသာ စကားပြော ပင်မ
မျိုးနွယ်စုကြီး (၁၄၇) မျိုးဟု ခွဲခြားပြထားပါတယ်။

အဲဒီ ဘာသာစကား (၁၄၇) မျိုးထဲမှာ 'အင်ဒို-ယူရို
ပီယမ် (Indo-European)' ဆိုတာ တစ်ခု အပါ
အဝင် ဖြစ်တယ်။

တဖန် ဒီ Indo-European မျိုးနွယ်စုကြီးကနေ
အုပ်စုခွဲ (၉) စု ထပ်မံ ခွဲခြားနိုင်ပြီး၊ အဲဒီ အုပ်စု
(၉) စုမှ ဆင်းသက်လာတဲ့ ကွဲပြားတဲ့ ဘာသာ
စကားပြော မျိုးနွယ်စုဟာ (၄၄၄) စု ရှိပါတယ်။

အဲဒီ Indo-European ရဲ့ အုပ်စုခွဲ (၉) စုထဲမှာ
အင်ဒို-အီရန်း နီးယန်း (Indo-Iranian) ဆိုတဲ့
အုပ်စု တစ်စုလည်း ပါ, ပါတယ်။

ဒီ Indo-Iranian အောက်မှာ ကွဲပြားတဲ့ ဘာသာ
စကားပြော လူမျိုးစုပေါင်း (၃၁၂) စု ရှိပြီး၊ သူတို့
ကို အဓိက အုပ်စုခွဲ (၃) စုနဲ့ ထပ်မံ ခွဲခြား ပြထား
ပါတယ်။

အဲဒီ အဓိက အုပ်စုခွဲ (၃) ခုထဲမှာ Indo-Aryan
ဆိုတာ ပါ ပါတယ်။ Indo-Aryan ဆိုတဲ့ အုပ်စု
အောက်မှာ မျိုးနွယ်စုပေါင်း (၂၂၅) စု ရှိပြီး၊
ဇုံခွဲပေါင်း (၁၀) ခု ထပ်မံ ခွဲခြားထားပါတယ်။

အဲဒီ ဇုံ (၁၀) ခုထဲမှာ တစ်ခု ဖြစ်တဲ့ Eastern zone
မှာ အဓိကဇုံ (၄) ဇုံ ခွဲထားပြီး၊ အဲဒီ ဇုံ (၄) ဇုံအောက်
မှာ ကွဲပြားတဲ့ ဘာသာ စကား အသုံးပြုတဲ့ မျိုးနွယ်စု
ပေါင်း (၄၆) စု ရှိတယ်။

ဒီဇုံ (၄) ဇုံမှာ တစ်ခု အပါအဝင် ဖြစ်တဲ့ Bengali -
Assamese ဆိုတဲ့ ဇုံမှာ မတူကွဲပြားတဲ့ ဘာသာ
စကားပေါင်း (၁၉) မျိုးရှိပါတယ်။

အဲဒီ ဘာသာ စကား (၁၉) မျိုးထဲမှာ ဘင်္ဂါလီ၊
စစ်တကောင်း၊ ချက်မား (ဒိုင်းနက်) ဘာသာ
စကား တို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ
ဘာသာ စကားတွေအဖြစ် ဖေါ်ပြထားပြီး၊
ရိုဟင်ဂျာ ဘာသာစကား ကိုတော့ မြန်မာနိုင်ငံ
အတွင်းရှိ ဘာသာစကားတွေထဲက တစ်ခု
အဖြစ် ဖော်ပြထားပါတယ်။

ရိုဟင်ဂျာ ဘာသာစကား၏ သီးသန့် ကုဒ်နံပါတ်
က ISO 639-3 [rhg] ဖြစ်ပါတယ်။

ထို့ပြင် ရိုဟင်ဂျာ စာပေ ရှိတယ်လို့လည်း အသိ
အမှတ် ပြုထားပါတယ်။

ဒါကို ကြည့်ရင် `ရိုဟင်ဂျာ´ဆိုတဲ့ မျိုးနွယ်စုဟာ
ပညာမဲ့သူတွေ စွပ်စွဲနေသလို ဘင်္ဂါလီ လူမျိုး
လည်း မဟုတ်သလို၊ စစ်တကောင်း သားတွေ
နဲ့လည်း မတူဘူးဆိုတာ သုတေသန ရလာဒ်
တွေအရ သေချာသလောက် ရှိပါတယ်။

ဒီထက် ပိုအရေးကြီးတာက ရိုဟင်ဂျာ မျိုးနွယ်စု
ရဲ့ဇစ်မြစ်သည် အင်ဒို- အာရိယန် ဖြစ်တယ် ဆို
တဲ့ အချက်ပါ။

ဒီအချက်ဟာ အာရကန် (ရခိုင်) ဒေသ မူလ
သမိုင်းကြောင်းကို ပြောတဲ့အခါ အလွန်
အရေးကြီးတဲ့ ပွိုင့် တစ်ခု ဖြစ်ပါတယ်။
(ဦးဦးမှော်ဆရာ၏ ဆောင်းပါးကို မှီးပါ
သည်)**

ယခု နောက်ပိုင်း လုပ်ချင်သလို လုပ်ကြတဲ့
ကပြောင်းကပြန် ခေတ်ကြီးမှာတော့ တိုင်း
ရင်းသား (၁၃၅) မျိုး ဆိုတာကို (၈၈) နောက်
ပိုင်း ဗိုလ်ခင်ညွှန့်တို့ လက်ထက်မှာ နိုင်ငံ
တကာသိ ပညာရှင်တွေရဲ့ အတည်ပြုချက်
မယူဘဲ စိတ်ထင်သလို လုပ်ခဲ့ကြတာ ဖြစ်
တယ်။

ဥပမာ။ ။ အင်္ဂလိပ်လို Burma ကို ဗမာဆိုတဲ့
စကားလုံး Myanmar လို့ အူကြောင်ကြောင်
အစားထိုးပုံမျိုးပေါ့။

တကယ်က ကိုယ့်ဘာသာစကား မတတ်သူတွေ
က ကမ္ဘာသုံး အင်္ဂလိပ်စကားနဲ့ Burma လို့
သုံးနှုန်းတာကို အတင်းကြီး ဗမာစကား အသံ
ထွက် အတိုင်း 'Myanmar' လို့ ခေါ်ရမယ်
ဇွတ်လုပ်တော့ Burma အမည်နဲ့ နိုင်ငံတကာ
ဆက်ဆံရေး၊ ကုန်သွယ်မှုနှင့် အခြားစီးပွါးရေး၊
နည်းပညာ ဖလှယ်ရေး၊ ပြည်ပ ရင်းနှီးမှု လုပ်
ငန်း၊ လေကြောင်းလိုင်း စသဖြင့်မှာ ရုတ်တ
ရက်ကြီး 'Myanmar' လို့အစားထိုးလိုက်တဲ့
အခါ အများကြီး ထိခိုက် ဆုံးရှုံးရပါတယ်။

(၁၉၄၇) ခုနှစ် ဖွဲ့စည်းပုံ ကာလတုန်းကတော့
ဗမာပြည်မှာ တိုင်းရင်းသားကို (၁၄၇) မျိုး
ရှိတယ်လို့ သတ်မှတ်ထားပါတယ်။

(၁၉၆၂) ခုနှစ် ဗိုလ်နေဝင်း ကာလကနေ
သူ့ထက်ဆိုးပေတဲ့ နဝတ၊ နအဖ ခေတ်
ရောက်တဲ့အထိ တဖြည်းဖြည်းနဲ့ အဲဒီ
တိုင်းရင်းသား (၁၄၇) မျိုးကို မလိုရင်
မလိုသလို ဖြုတ်ထုတ် အစားထိုး လာ
လိုက်တာ အထက်မှာ ဖော်ပြထားသလို
(၁၉၇၃) ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂကို စာ
ရင်းတင်တော့ (၁၄၄) မျိုး ဖြစ်ပြီး ဒီဖက်
ခေတ်ရောက်တဲ့အခါ မည်သည့် ပညာ
ရှင်တွေရဲ့ အတည်ပြုချက်မှ မယူဘဲ
ခပ်တည်တည်နဲ့ (၁၃၅) မျိုး လုပ်ပစ်
လိုက်ကြပါတယ်။

ဆိုလိုတာ တိုင်းရင်းသား (၁၂) မျိုးကို ဖြုတ်
ထုတ်ပစ်တဲ့အခါ ရခိုင်ဒေသက 'ရိုဟင်ဂျာ'
လည်း ပါသွားတယ်။

သို့သော် လုံးဝ ဗမာ့ မြေပေါ်မှာ မရှိခဲ့ဖူးတဲ့
မုန်းဝန်းတရုတ်ကိုတော့ ရှမ်းပြည်မြောက်ပိုင်း
တာမိုးညှဲနဲ့ ကွတ်ခိုင်မြို့နယ်မှာ ရှိတယ်ဆိုပြီး
"မုန်းဝန်းတရုတ်" လူမျိုးတွေကို "မုန်းဝန်းဗမာ"
လို့ ဆိုတဲ့အမည်နဲ့ အတင်းရော အဓမ္မ အစား
ထိုးကြပြန်တယ်။

ဒီ (၁၃၅) မျိုးကို ကမ္ဘာ့ ပညာရှင်များကတော့
ပြည့်စုံမှု မရှိလို့ အသိအမှတ် မပြုပေမယ့်
တကမ္ဘာလုံးနဲ့ တယောက် ခံချချင်တဲ့ တို့
ဗမာတွေကတော့ အမှန်လို့ ကုန်းအော်နေ
သလို ဒီလို အသိမျိုး ဖြစ်အောင် နှစ် (၅၀)
ကျော် အလွဲတွေ ရိုက်သွင်းထားလေတော့
နွားကျနေတာကို အပြစ်လို့ဆိုရင် သနား
စရာ သတ္တဝါလေးတွေ ဖြစ်နေပြန်တယ်။

ထူးဆန်းတာ တစ်ခုက အင်္ဂလိပ်လိုရေး
ထားတဲ့ ဗမာ့သမိုင်းကြောင်းနဲ့ တိုင်းရင်း
သား အကြောင်းတွေကို ဖတ်ရတဲ့ အခါ
"မုန်းဝန်းဗမာ" ဆိုတာ အစအနတောင်
ရှာမတွေ့ပေမယ့် 'ရိုဟင်ဂျာ' ကိုတော့
နေရာတိုင်းမှာ တွေ့ရတယ်။

(Andrew Soe)
၂၆ ဒီဇင်ဘာ ၂၀၁၇။


No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)