Friday, February 23, 2018

ဗလီဆိုတာ

ဗလီဆိုတာ ဗလငါးတန်နဲ့ ပြည့်စုံတဲ့နေရာပါ။

ဗလငါးတန်နဲ့ ပြည့်စုံစေရမယ်ဆိုတာက

ကာယဗလ - ကြံ့ခိုင်စေရမယ်။

ညာဏဗလ - ပညာ ညာဏ် မြင့်မားစေရမယ်။ ပညာတတ်ရမယ်။

စာရိတ္တဗလ - အကျင့်စာရိတ္တ ကောင်းမွန်စေရမယ်။

မိတ္တဗလ - မိတ်ဆွေဖြစ်စေရမယ်။ လူလူချင်း ချစ်ခင်လေးစား တတ်ရမယ်။ ပေါင်းသင်းတတ်ရမယ်။

ဘောဂဗလ - ကြီးပွါးချမ်းသာစေရမယ်။


Wednesday, February 21, 2018

မွတ်စ်လင်မ် ဒုံးပျံသိပ္ပံပညာရှင်

မွတ်စ်လင်မ် ဒုံးပျံသိပ္ပံပညာရှင်
++++++++++++++++++++

ရုရှနိုင်ငံ (ယခင်ဆိုဗီယက်ပြည်ထောင်စု) ရဲ့ အာကာသ
သိပ္ပံအင်ဂျင်နီယာနဲ့ ဒုံးပျံသိပ္ပံပညာရှင်ကြီးဖြစ်တဲ့ ဒုတိယ
ဗိုလ်ချုပ်ကြီး Kerim Kerimov ဟာ အဇာဘိုင်ဂျန်နယ်သား
မွတ်စ်လင်မ်တစ်ဦးဖြစ်ပါတယ်။

၁၉၅၇ ခုနှစ်မှာ အာကာသထဲကို ပထမဦးဆုံး ဂြိုဟ်တု
Sputnik လွှတ်တင်ရာမှာ အဓိကတာဝန်ယူခဲ့သူတစ်ဦးပါ။
ဒုတိယကမ္ဘာစစ်အတွင်းနဲ့စစ်ပြီးကာလမှာ ဆိုဗီယက်
ပြည်ထောင်စုဒုံးပျံသိပ္ပံကဏ္ဍမှာ အဓိကအရေးပါခဲ့တဲ့
သိပ္ပံပညာရှင်ကြီးပါ။ ၁၉၁၃ မှာ  မွေးဖွားခဲ့ပြီး ၂၀၀၃ မှာကွယ်လွန်ခဲ့ပါတယ်။

ရုရှနိုင်ငံဟာယနေ့ တိုင်သူ့ကျေးဇူးတွေကိုမမေ့ပါ။

ကိုးကား-ဗြိတိသျှစွယ်စုံကျမ်း Online။

Copy from: Ye Yint Thitsar


မြန်မာ့မြေရောက် မလ်ဘာရီ (ကာကာ) များ

မြန်မာ့မြေရောက် မလ်ဘာရီ (ကာကာ) များ
=============================
"ကာကာလက်ဖက်ရည်ဆိုင်" ဆိုတာကြားဖူးကြမှာပေါ့။
ကာကာလူမျိုးဆိုတာက အိန္ဒိယနိုင်ငံ အနောက်ဘက်/
အနောက်တောင် ကမ်းရိုးတန်းကဲရာလာပြည်နယ်သား
အစ္စလာမ်ဘာသာဝင်တွေပါ။

မလဘာရ် Malabar မြို့ကို အစွဲပြုပြီး သူတို့ကို မလ်ဘာရီ
လို့လည်းခေါ်ကြတယ်။ အစ္စလာမ်သာသနာဟာ အိန္ဒိယပြည်
မလ်ဘာရ်ဒေသကို ဦးဆုံးရောက်ရှိခဲ့ကြောင်း သမိုင်းလေ့လာမှု
အရ သိရှိရတယ်။

မလ်ဘာရီမွတ်စ်လင်မ်တွေ မြန်မာပြည်ကို ဘယ်တုန်းက
ရောက်ရှိခဲ့ကြသလဲဆိုတာ နည်းနည်းလေးအစဆွဲထုတ်ကြည့်
ရအောင်။

ရခိုင်ဘုရင် မင်းရာဇာကြီး လက်ထက်မှာ အိမ်ရှေ့မင်းသား
မင်းခမောင်းဦးစီးတဲ့ရေတပ်နဲ့ကြည်းတပ်တို့ဟာ တောင်ငူ
ဘုရင်နဲ့ အတူ ပဲခူးမြို့တော် ကို သိမ်းပိုက်ပြီး နောက်သန်လျှင်မှာ
မြို့စောင့် တပ်ထားခဲ့ပြီး ရခိုင်ကိုပြည်တော်ပြန်ခဲ့ပါတယ်။
Philip de Brito လို့အမည်ရတဲ့ပေါ်တူဂီ ကို သန်လျှင်မှာ
အခွန်ရုံးအရာရှိ အဖြစ် တာဝန်ပေးထားခဲ့ပါတယ်။ သူဟာ
တစ်ဖြည်းဖြည်းနဲ့ အရေးပါ အရာရောက်လာပြီး Salvador
Ribeyro အမည်ရတဲ့ ပေါ်တူဂီအရာရှိ နဲ့ပင်းပြီးရခိုင်ဘုရင်
တင်ခဲ့တဲ့ ရခိုင် စစ်သူကြီး commander ကို နှင်ထုတ်
သန်လျှင်အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။

ဒီဘရစ်တို နဲ့ အတူ သန်လျှင် မှာ ရှိနေခဲ့တဲ့ ကုလားပသီ
တွေဟာ ဂိုအာ (Goa) က နေ ခေါ်ဆောင် လာသူ တွေဖြစ်
တဲ့ အတွက် ဘင်္ဂါလီတွေ မဖြစ်နိုင်ပါဘူး။ မလ်ဘာရီလူမျိုးတွေ
သာဖြစ်နိုင်ပါတယ်။

The River of Lost Footsteps ကို ရေးသားခဲ့တဲ့ ဆရာ
သန့်မြင့်ဦး ကလည်း သူ့စာအုပ်ထဲမှာ သန်လျင် ဒီဘရစ်တို
စစ်သားတွေထဲ မလ်ဘာရီတွေ ပါဝင်ကြောင်း ရေးသားထား
ပါတယ်။ ( ခြေရာပျောက်မြစ်၊ မြနှင်းဆီ မြန်မာဘာသာပြန်
စာမျက်နှာ ၁၄၃)

သူဟာ သန်လျှင်မြို့ရဲ့တရားဝင် အရာရှိ အဖြစ် စာရင်းသွင်းခံ
ရဖို့ ဂိုအာ ဘုရင်ခံထံက အခွင့်အာဏာပန်ဆင်ဖို့ရာ
အိန္ဒိယနိုင်ငံမှာရှိတဲ့ ဂိုအာ မြို့ကို သွားရောက်ခဲ့ပါတယ်။
ဂိုအာ က အပြန်မှာ သူ နဲ့အတူ သင်္ဘောခြောက်စီး ပါလာ
ခဲ့ပါတယ်။ မြန်မာရာဇဝင် ကျမ်းတွေ အလိုအရ တော့ သင်္ဘော
ငါးစင်း ဖြစ်ပြီး အဲဒီသင်္ဘောငါးစီးနဲ့အတူ ကုလားပသီ
နှစ်ထောင်ခန့်၊ သုံးထောင်ခန့် ပါလာ တယ်လို့ ပါရှိပါတယ်။
အနောက်ဘက်လွန် မင်းက အဲဒီ သင်္ဘောငါးစင်း အနက်
လေးစင်းနဲ့အတူကုလားပသီတို့ကို ဖမ်းမိ ကြောင်း ပါရှိပါတယ်။
အဲဒီ ကုလားပသီဆိုသူတွေဟာ အိန္ဒိယနိုင်ငံအနောက်တောင်
ကမ်းရိုးတန်းနေမလ်ဘာရီ (ကာကာ) မွတ်စ်လင်မ်
တွေဖြစ်နိုင်ဖို့ရာနှုန်းအတော်များပါတယ်။

ရဲရင့်သစ္စာ