Monday, March 26, 2018

သိသင့်အပ်သော သမိုင်း

မန္တလေးဆိုတာ ဗမာရှင်ဘုရင်မင်းတုန်းမင်းတည်ခဲ့တာ၊

မင်းတုန်းမင်းဟာ မန္တလေးမြို့တည်ကတည်းက
သူ့အဖေလက်ထက်မှစ လက်စွဲတော်အဖြစ်အသုံးပြုခဲ့သော မူစလင်စစ်သားတွေအတွက် (ထိုမူစလင်မ်စစ်သားများကား ၈၀%မှာ အာရေဗျ နှင့် ပါရှန်းအနွယ်များသာ) သီးသန့်ရပ်ကွက် သီးသန့်ဝန်ကြီး
ပလီ အစရှိတာတွေစီစဉ်ပေးခဲ့သလို ပုဏ္ဏားကုလားတွေအတွက်လည်း သီးသန့်ရပ်ကွက် စီစဉ်ပေးခဲ့တယ်။

ဒါကြောင့် မန္တလေးသားတွေက သူတို့မြို့မှာ ကုလားတွေ့ရင် အမျိုးမြင်ရသလိုပဲ၊ပြသနာမရှိဘူး။

ဗမာစကားမပြောတတ်တဲ့ နောက်ပေါက်ပြည်ကြီးတရုတ်တွေ ကြီးစိုးနေတာတွေ့ရင်သာ သူတို့ရင်နာတာမဆန်းဘူး။

ရန်ကုန်ဆိုတာ အလောင်းဘုရားဆင်းလာပြီး ဒဂုံကိုရန်ကုန်လို့ သမုတ်တုန်းက ရွှေတိဂုံဘုရားဝန်းကျင်မှာ သာသနိကအဆောက်အအုံချို့ ဘုန်းကြီးကျောင်းများနဲ့ ဘုရားကျွန်အချို့ ရဲ့  တဲတွေရှိတယ်။

ဥက္ကလာပဆိုတာ ဗမာရွာစစ်စစ်။

အင်းစိန် ကြည့်မြင်တိုင် အလုံ တာမွေ သာကေတ
တစ်ဖက်ကမ်းက ဒလ သန်လျင်ဆိုတာ မွန်ရွာတွေ စစ်စစ်။ ဒါတောင် သန်လျှင်မှာ ရေကြောင်းကုန်သည်အာရဗ်တွေအုံနဲ့ကျင်းနဲ့ အများကြီးရှိတယ်။ ကျန်တဲ့နေရာအားလုံးတောကြီးမျက်မည်းအတိ။

၁၈၅၀ အင်္ဂလိပ် အောက်မြန်မာနိုင်ငံကို စကျူးကျော်တော့ ဘကြီးတော်က တာမွေနဲ့အနီးဆုံးနေရာရှာ သူ့ဗမာတပ်နဲ့ သူ့ လက်စွဲမူစလင်အမြောက်တပ်သားတွေအတွက်ဠသိင်္ဂုတ္တရကုန်း(တောင်)တော်ရဲ့ အစွန်း(အညွန့်)ကို မင်္ဂလာတောင်ညွန့်လို့သမုတ်ပြီး နေရာချပေးခဲ့တော့ ဗုဒ္ဓဘာသာဝင် မွန် ဗမာနဲ့ မူစလင်တွေအခြေချခဲ့တယ်။

၁၈၅၂ အင်္ဂလိပ်မြန်မာဒုတိယစစ်အပြီး အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်သိမ်းပြီးတော့ ရန်ကုန်ကို အင်္ဂလိပ်ဝန်ရှင်တော်မင်းကြီး ရုံးစိုက်ရာမြို့တော်အဖြစ်တည်လေရာ ယခု သိမ်ဖြူကုန်း စတော့ကိတ်ရဲ့တောင်ဖက်တစ်ခြမ်း (ယခု ဗိုလ်ချုပ်လမ်းမှစ၍ ကမ်းနားထိ) ယခုအခေါ် ဗိုလ်တထောင် ခရစ်လမ်းမှ
လမ်းမတော် ကီလီလမ်းအထိ (ရန်ကုန်ပထမဆုံးမြို့တော်ဝန် စကော့လူမျိုး ကစ်ဂလီးကိုအစွဲပြုမှည့်သောကစ်ဂလီးလမ်း)

အရှေ့မှ အနောက်တစ်လျောက် ရန်ကုန်မြို့သစ်ကို
အိန္ဒိယမှ ခေါ်လာသော အသိပညာရှင် အတတ်ပညာရှင် ဉာဏလုပ်သား ကာယလုပ်သား မူစလင်ကုလား ဟိန္ဒူကုလားများ အင်အားသုံးကာ တည်ဆောက်လေသည်။

မြို့တည်ပြီးသကာလ-

ရောင်းဝယ်ဖောက်ကားစည်ကားစေရန် ကုလားကုန်သည် တရုပ်ကုန်သည်များ အခြေချခွင့်ပြုလေသည်။ အပျော်အပါးလိုက်စားရန် အားသာသူများအတွက် ဘိန်းကင်းကဇော် ဖဲဖာအရက်သန်သော တရုပ်များကို လသာဖက်၌ တရုပ်တန်းပေးလေသည်။

လမ်းဘေးတွင်သာဈေးရောင်း၊ ထိုနေရာတွင်သာ တစ်ပါတည်းတဲထိုးနေ၊ ကြုံရာလမ်းဘေးတွင်သာ
ချီးပါ သေးပေါက်တတ်သော ဗမာလူမျိုးများမူကား
ဈေးရုံ ဆိုင်ခန်း တိုက်တာအဆောက်အုံနှင့် ခန်းနားလှသည့် ကုလားတည်မြို့တော်ရန်ကုန်တွင် အစ ပထမက လာရောက်အခြေချရဲခြင်းမရှိခဲ့ပေ။

သို့ပါ၍ ကုလားတည်ခဲ့သော ရန်ကုန်မြို့လယ်မှာ ကုလားတွေသာ အတွေ့များရသည်ကို ဖင်နာနေသူများအား သနားလှပေသည်။

သာမန် လူတွေကို သနားသော်လည်း သမိုင်းသုတေသီအမည်ခံ၊ စာရေးဆရာအမည်ခံကာ လူမျိုးရေး ဘာသာရေးမီးမွှေးနေသူတို့ကိုကား ရွံရှာလှပေသည်။

သမိုင်းကို လှန်ကြပါလေဦးဟု တိုက်တွန်းလိုလှပေသည်။

Credit: Patrick Tan


Friday, March 23, 2018

ဗိုလ်ဝါဟစ်၊ ဗိုလ်အီဗရာဟင်


ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ဗိုလ်သင်တန်းဆင်း သမိုင်းဝင်ဓာတ်ပုံ (ထားဝယ် ၁၉၄၂)